ေ႐ႊနဒီ ေရယာဥ္ပိုင္ရွင္ကို ဖမ္းဆီးစစ္ေဆးၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဆီ လႊဲေျပာင္း

စစ္ေတြ-ဘူးသီးေတာင္ ေရယာဥ္စီးသူ ေလ်ာ့က်သြားတယ္လို႔ဆို
Zawgyi
ရေသ့ေတာင္မွာ ေ႐ႊနဒီ ေရယာဥ္ေပၚက တပ္၊ရဲ နဲ႔ အရပ္သားေတြ ေအေအအဖြဲ႕ရဲ႕ ဖမ္းဆီးေခၚေဆာင္ခံရတာနဲ႔ ပတ္သက္ၿပီး ေရယာဥ္ပိုင္ရွင္နဲ႔ ေရယာဥ္လုပ္သားေတြကို ဖမ္းဆီးစစ္ေဆး၊ ရမန္ယူခဲ့ၿပီးေနာက္ ေအာင္မဂၤလာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဆီ လႊဲေျပာင္းေပးလိုက္ၿပီ ျဖစ္တယ္လို႔ ရခိုင္က ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ေအာက္တိုဘာလ ၂၆ ရက္ က ေ႐ႊနဒီ ေရယာဥ္ကိုတားဆီးၿပီး တပ္မေတာ္သား ေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြအပါအဝင္ လူ ၅၈ ဦး ေအေအတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးေခၚေဆာင္ခံရတာနဲ႔ ပတ္သက္လို႔ ေရယာဥ္ပိုင္ရွင္အပါအဝင္ တာဝန္ရွိသူ ၇ ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

အဲ့ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ သံသယရွိတဲ့အတြက္ ေ႐ႊနဒီပိုင္ရွင္ ဦးေ႐ႊသန္းနဲ႔ ေရယာဥ္လုပ္သားေတြ အပါအဝင္ စုစုေပါင္း တာဝန္ရွိသူ ၇ ဦးကို ေအာက္တိုဘာလ ၂၆ ရက္ စေနေန႔က ဘူးသီးေတာင္ၿမိဳ႕မရဲစခန္းက ဖမ္းဆီးစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

သူတို႔ ၇ ဦးကို နယ္ေျမခံရဲတပ္ဖြဲ႕က သုံးရက္ စစ္ေဆးခဲ့ၿပီး ေအာက္တိုဘာ ၂၉ ရက္ မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ တရား႐ုံးမွာ ႐ုံးထုတ္ရမန္ယူခဲ့ပါတယ္။ အဲဒီေနာက္ သူတို႔ကို ေအာင္မဂၤလာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က လႊဲေျပာင္း ေခၚေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။

ေရယာဥ္တာဝန္ရွိသူေတြကို ဘူးသီးေတာင္ၿမိဳ႕နယ္ ေစတီျပင္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က အမႈဖြင့္ထားတာ ျဖစ္တဲ့အတြက္ နယ္ျခားေစာင့္တပ္ဖြဲ႕က စစ္ေဆးဖို႔အတြက္ ေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ၾကည္လင္းက ဘီဘီစီကို ေျပာပါတယ္။

"ရဲလုပ္ငန္းဆိုတာက ကြၽန္ေတာ္တို႔မွာ အမႈဖြင့္၊ သံသယရွိတဲ့သူကို စစ္ေဆးပိုင္ခြင့္ရွိတယ္။ စစ္ေဆးရမယ္။ ေလာေလာဆယ္မွာ အမႈနဲ႔ သံသယရွိတဲ့သူ အားလုံးကို ေခၚယူစစ္ေဆးမွာပဲ။ အဲ့ဒါက ရဲလုပ္ငန္းျဖစ္တဲ့အတြက္ နယ္ျခားေစာင့္ရဲေတြကလည္း အမႈဖြင့္ၿပီးေတာ့ အဲ့ဒါကို စစ္ေဆးတာျဖစ္မွာ"လို႔ ရဲမႉးႀကီး ၾကည္လင္းက ေျပာပါတယ္။

ေရယာဥ္ေပၚမွာ လိုက္ပါလာခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြ၊ တပ္မေတာ္သားေတြနဲ႔ တျခားဝန္ထမ္းေတြ ဖမ္းဆီးခံရမႈမွာ ေ႐ႊနဒီေရယာဥ္ရဲ႕ တာဝန္ရွိသူေတြကို သတင္းေပါက္ၾကားမႈနဲ႔ စစ္ေဆးေနတယ္ဆိုၿပီး ေအာက္တိုဘာ ၂၈ ရက္ေန႔မွာ တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ေ႐ႊနဒီအျမန္ယာဥ္ပိုင္ရွင္ ဦးေ႐ႊသန္းရဲ႕မိသားစုေတြကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

ေအာက္တိုဘာလ ၂၉ ရက္ ႐ုံးထုတ္လာတဲ့အခါမွာ သူတို႔နဲ႔ေတြ႕ခြင့္ရခဲ့ၿပီး သူတို႔ေျပာျပခ်က္ေတြအရ အဲ့ဒီေန႔မွာ ေရယာဥ္ဟာ ပုံမွန္ေျပးဆြဲေနတဲ့လမ္းျဖစ္တဲ့အတြက္ ပုံမွန္ခုတ္ေမာင္းလာခဲ့တာျဖစ္ေၾကာင္းနဲ႔ ရေသ့ေတာင္ၿမိဳ႕အလြန္မွာ ယူနီေဖာင္းဝတ္ဆင္ထားတဲ့ လူသုံးဦးက ကမ္းကေနၿပီး ေသနတ္အခ်က္ ၂၀ ေလာက္ပစ္ေဖာက္ၿပီးေတာ့ ကမ္းကပ္ခိုင္းခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့တယ္လို႔ သူတို႔နဲ႔ ေတြ႕ခြင့္ရခဲ့တဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဥကၠဌ ဦးရဲသိန္းက ေျပာပါတယ္။

"ၿမိဳ႕မစခန္းမွာလည္း သုံးရက္၊သုံးည စစ္ေဆးတယ္။ အခုနယ္ျခားေစာင့္ေတြက သူတို႔ကိုေခၚသြားေတာ့ ရမန္ႀကီးတစ္ပတ္ ၁၅ ရက္ယူသြားပါတယ္"လို႔ ဦးရဲသိန္းက ေျပာပါတယ္။

အခုဖမ္းဆီးထားသူေတြကို စစ္ေဆးၿပီး အျပစ္မရွိရင္ ျပန္လႊတ္ေပးမယ္လို႔ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က ေျပာတယ္လို႔ ဦးရဲသိန္းကေျပာပါတယ္။

၂၆ ရက္ေန႔မွာ ေအေအအဖြဲ႕က တပ္၊ရဲနဲ႔ သံသယရွိတဲ့ ခရီးသည္တခ်ိဳ႕ကို ဖမ္းဆီးထားလိုက္ၿပီး က်န္တဲ့ခရီးသည္ေတြနဲ႔ ေ႐ႊနဒီေရယာဥ္ ကို ေန႔လယ္ ၁၂ နာရီေလာက္မွာ ျပန္လည္လႊတ္ေပးခဲ့ပါတယ္။ ေရယာဥ္ ဘူးသီးေတာင္ကို ျပန္လည္ထြက္ခြာလာခဲ့ခ်ိန္မွာ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္အၾကားမွာရွိတဲ့ နယ္ျခားေစာင့္တပ္ကလည္း စစ္ေဆးခဲ့ၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးထားသူေတြကို အခုနယ္ျခားေစာင့္တပ္ကို ယူေဆာင္သြားခဲ့တဲ့အတြက္ သူတို႔အတြက္ စိုးရိမ္ရတဲ့အေနအထားရွိတယ္လို႔ ဦးရဲသိန္းက ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီ ဖမ္းဆီးမႈ ေနာက္ပိုင္းမွာ စစ္ေတြ-ဘူးသီးေတာင္ကို ေျပးဆြဲေနတဲ့ က်န္တဲ့ေရယာဥ္ေတြမွာ ခရီးသည္လိုက္ပါမႈ သိသိသာသာနည္းသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------------
Unicode
ရွှေနဒီ ရေယာဉ်ပိုင်ရှင်ကို ဖမ်းဆီးစစ်ဆေးပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်း

ဓာတ်ပုံ မူပိုင် MYINT LWIN
Image caption စစ်တွေ-ဘူးသီးတောင် ရေယာဉ်စီးသူ လျော့ကျသွားတယ်လို့ဆို

ရသေ့တောင်မှာ ရွှေနဒီ ရေယာဉ်ပေါ်က တပ်၊ရဲ နဲ့ အရပ်သားတွေ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာနဲ့ ပတ်သက်ပြီး ရေယာဉ်ပိုင်ရှင်နဲ့ ရေယာဉ်လုပ်သားတွေကို ဖမ်းဆီးစစ်ဆေး၊ ရမန်ယူခဲ့ပြီးနောက် အောင်မင်္ဂလာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ ရခိုင်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ အောက်တိုဘာလ ၂၆ ရက် က ရွှေနဒီ ရေယာဉ်ကိုတားဆီးပြီး တပ်မတော်သား တွေ၊ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၅၈ ဦး အေအေတပ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာနဲ့ ပတ်သက်လို့ ရေယာဉ်ပိုင်ရှင်အပါအဝင် တာဝန်ရှိသူ ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သံသယရှိတဲ့အတွက် ရွှေနဒီပိုင်ရှင် ဦးရွှေသန်းနဲ့ ရေယာဉ်လုပ်သားတွေ အပါအဝင် စုစုပေါင်း တာဝန်ရှိသူ ၇ ဦးကို အောက်တိုဘာလ ၂၆ ရက် စနေနေ့က ဘူးသီးတောင်မြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၇ ဦးကို နယ်မြေခံရဲတပ်ဖွဲ့က သုံးရက် စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၂၉ ရက် မှာ ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။ အဲဒီနောက် သူတို့ကို အောင်မင်္ဂလာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က လွှဲပြောင်း ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ရေယာဉ်တာဝန်ရှိသူတွေကို ဘူးသီးတောင်မြို့နယ် စေတီပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာ ဖြစ်တဲ့အတွက် နယ်ခြားစောင့်တပ်ဖွဲ့က စစ်ဆေးဖို့အတွက် ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဘီဘီစီကို ပြောပါတယ်။

"ရဲလုပ်ငန်းဆိုတာက ကျွန်တော်တို့မှာ အမှုဖွင့်၊ သံသယရှိတဲ့သူကို စစ်ဆေးပိုင်ခွင့်ရှိတယ်။ စစ်ဆေးရမယ်။ လောလောဆယ်မှာ အမှုနဲ့ သံသယရှိတဲ့သူ အားလုံးကို ခေါ်ယူစစ်ဆေးမှာပဲ။ အဲ့ဒါက ရဲလုပ်ငန်းဖြစ်တဲ့အတွက် နယ်ခြားစောင့်ရဲတွေကလည်း အမှုဖွင့်ပြီးတော့ အဲ့ဒါကို စစ်ဆေးတာဖြစ်မှာ"လို့ ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

ရေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ တခြားဝန်ထမ်းတွေ ဖမ်းဆီးခံရမှုမှာ ရွှေနဒီရေယာဉ်ရဲ့ တာဝန်ရှိသူတွေကို သတင်းပေါက်ကြားမှုနဲ့ စစ်ဆေးနေတယ်ဆိုပြီး အောက်တိုဘာ ၂၈ ရက်နေ့မှာ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရွှေနဒီအမြန်ယာဉ်ပိုင်ရှင် ဦးရွှေသန်းရဲ့မိသားစုတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

အောက်တိုဘာလ ၂၉ ရက် ရုံးထုတ်လာတဲ့အခါမှာ သူတို့နဲ့တွေ့ခွင့်ရခဲ့ပြီး သူတို့ပြောပြချက်တွေအရ အဲ့ဒီနေ့မှာ ရေယာဉ်ဟာ ပုံမှန်ပြေးဆွဲနေတဲ့လမ်းဖြစ်တဲ့အတွက် ပုံမှန်ခုတ်မောင်းလာခဲ့တာဖြစ်ကြောင်းနဲ့ ရသေ့တောင်မြို့အလွန်မှာ ယူနီဖောင်းဝတ်ဆင်ထားတဲ့ လူသုံးဦးက ကမ်းကနေပြီး သေနတ်အချက် ၂၀ လောက်ပစ်ဖောက်ပြီးတော့ ကမ်းကပ်ခိုင်းခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ သူတို့နဲ့ တွေ့ခွင့်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဘူးသီးတောင်မြို့နယ် ဥက္ကဌ ဦးရဲသိန်းက ပြောပါတယ်။

"မြို့မစခန်းမှာလည်း သုံးရက်၊သုံးည စစ်ဆေးတယ်။ အခုနယ်ခြားစောင့်တွေက သူတို့ကိုခေါ်သွားတော့ ရမန်ကြီးတစ်ပတ် ၁၅ ရက်ယူသွားပါတယ်"လို့ ဦးရဲသိန်းက ပြောပါတယ်။

အခုဖမ်းဆီးထားသူတွေကို စစ်ဆေးပြီး အပြစ်မရှိရင် ပြန်လွှတ်ပေးမယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောတယ်လို့ ဦးရဲသိန်းကပြောပါတယ်။

၂၆ ရက်နေ့မှာ အေအေအဖွဲ့က တပ်၊ရဲနဲ့ သံသယရှိတဲ့ ခရီးသည်တချို့ကို ဖမ်းဆီးထားလိုက်ပြီး ကျန်တဲ့ခရီးသည်တွေနဲ့ ရွှေနဒီရေယာဉ် ကို နေ့လယ် ၁၂ နာရီလောက်မှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ရေယာဉ် ဘူးသီးတောင်ကို ပြန်လည်ထွက်ခွာလာခဲ့ချိန်မှာ ဘူးသီးတောင်နဲ့ ရသေ့တောင်အကြားမှာရှိတဲ့ နယ်ခြားစောင့်တပ်ကလည်း စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကို အခုနယ်ခြားစောင့်တပ်ကို ယူဆောင်သွားခဲ့တဲ့အတွက် သူတို့အတွက် စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဦးရဲသိန်းက ပြောကြားခဲ့ပါတယ်။

အဲ့ဒီ ဖမ်းဆီးမှု နောက်ပိုင်းမှာ စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ကျန်တဲ့ရေယာဉ်တွေမှာ ခရီးသည်လိုက်ပါမှု သိသိသာသာနည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ေ႐ႊနဒီ ေရယာဥ္ပိုင္ရွင္ကို ဖမ္းဆီးစစ္ေဆးၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဆီ လႊဲေျပာင္း ေ႐ႊနဒီ ေရယာဥ္ပိုင္ရွင္ကို ဖမ္းဆီးစစ္ေဆးၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဆီ လႊဲေျပာင္း Reviewed by THITHTOOLWIN on 02:43 Rating: 5
Powered by Blogger.