မြန္ျပည္သစ္စခန္းကို အမည္မသိလက္နက္ကိုင္မ်ား တိုက္ခိုက္

မြန္ျပည္သစ္ တပ္ဖြဲ႔၀င္မ်ား
Zawgyi
မြန္ျပည္နယ္၊ မရမ္းေခ်ာင္းနဲ႔ ဗလဲဒြန္ဖိုက္ဘက္မွာရွိတဲ့ မြန္ျပည္သစ္ပါတီစခန္းႏွစ္ခုကို ဒီမနက္ အေစာပုိင္းမွာ KNU အဖြဲ႔ကလုိ႔ ယူဆရတဲ့ လက္နက္ကိုင္ေဆာင္ထားသူ ၁၀ဦး ေလာက္က ဝင္ေရာက္ပစ္ခတ္ခဲ့တယ္လုိ႔ မြန္ျပည္သစ္ပါတီက ေျပာပါတယ္။ KNU တာဝန္ရွိသူကေတာ့ အခုျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ စိစစ္ဆဲျဖစ္ၿပီး ဘယ္အဖြဲ႕ေတြနဲ႔ ပစ္ခတ္မႈျဖစ္သြားတယ္ဆုိတာကို မသိရွိေသးဘူးလို႔ဆုိပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာရွိတဲ့ မြန္ျပည္သစ္ မရမ္းေခ်ာင္းအေျခစုိက္စခန္းနဲ႔ ဘုရားသံုးဆူၿမိဳ႕နယ္၊ ဗလဲဒြန္ဖုိက္ေက်းရြာနားက မြန္ျပည္သစ္ပါတီ တပ္ခြဲရံုးတုိ႔ကုိ ဒီကေန႔မနက္ ၄နာရီဝန္းက်င္မွာ KNU ဘက္က လက္နက္ကုိင္တခ်ိဳ႕ ဝင္ေရာက္ပစ္ခတ္ခဲ့တယ္လို႔ မြန္ျပည္သစ္ပါတီ တာဝန္ရွိသူက ေျပာပါတယ္။ မြန္ျပည္သစ္ပါတီတပ္ခြဲရံုးကို ဝင္ေရာက္ပစ္ခတ္ခ်ိန္ တပ္ဆုတ္ခဲ့ရေပမယ့္ မရမ္းေခ်ာင္းဘက္ကုိ ပစ္ခတ္ခ်ိန္မွာေတာ့ လာေရာက္တုိက္ခုိက္တဲ့ လက္နက္ကုိင္ေတြ ျပန္လည္ဆုတ္ခြာခဲ့တယ္လို႔ ေျပာပါတယ္။

အခုတုိက္ပြဲျဖစ္ခဲ့တဲ့ ႏွစ္ေနရာလံုးကို KNU ဘက္က ဝင္ေရာက္ပစ္ခတ္ခဲ့တာလို႔ မြန္ျပည္သစ္ပါတီ ႏုိင္ငံျခားဆက္ဆံေရးတာဝန္ခံ ႏုိင္ေအးမြန္က ေျပာပါတယ္။

“ဒီတုိက္ပြဲျဖစ္စဥ္ေတြမွာေတာ့ ထိခိုက္ဒဏ္ရာရရွိမႈေတြေတာ့ မၾကားမိေသးဘူး။ ဒီျဖစ္တဲ့ တိုက္ပြဲႏွစ္ေနရာစလံုးဟာ KNU အဖြဲ႕နဲ႔ပဲျဖစ္တာပါ။ သူတုိ႔ကအစီအစဥ္ရွိရွိနဲ႔ က်ေတာ္တို႔တပ္စခန္းကို ဝင္ပစ္တယ္လို႔ယူဆရတယ္။”

ဒီမနက္ျဖစ္ခဲ့တဲ့ ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး ကရင္အမ်ိဳးသားအစည္းအရံုး KNU ဘက္က ပစ္ခတ္မႈျဖစ္ခဲ့တာကို သိေပမယ့္ ဘယ္အဖြဲ႕ေတြ ပါဝင္တယ္ဆုိတာ မသိေသးေၾကာင္း ေျပာပါတယ္။

KNU အဖြဲ႕ဝင္ ဒူးပလာယာခရိုင္ဥကၠ႒ ပဒုိေရႊေမာင္းက ပစ္ခတ္မႈသတင္းေၾကာင့္ အေျခအေန တိတိက်က်သိရဖုိ႔ ဘုရားသံုးဆူဘက္ကုိသြားေနတယ္လို႔ ဆုိပါတယ္။

“ျဖစ္ေတာ့ျဖစ္တယ္။ ပစ္ခတ္မႈေတာ့ျဖစ္တယ္။ ဘယ္သူနဲ႔ဘယ္သူ ျဖစ္မွန္းမသိေသးဘူး။ အဲဒါကေတာ့ေနာ္ က်ေတာ္တုိ႔အေျခအေန၊ က်ေတာ္တို႔အေနအထားအရ ဆက္သြယ္မႈကလည္း မေကာင္းတဲ့အေပၚမွာ အဲဒါကုိျပန္ၿပီးေတာ့ တိတိက်က်ျဖစ္ဖုိ႔ ျပန္ၿပီးေတာ့ စိစစ္ဆဲပဲေပါ့ေနာ္။”

ပစ္ခတ္မႈျဖစ္တဲ့ေနရာက ဘုရားသံုးဆူနဲ႔ ေရးၿမိဳ႕ကုိသြားတဲ့ ေတာင္ေပၚလမ္းျဖစ္တာေၾကာင့္ လူေနအိမ္ေတြနဲ႔ေဝးေပမယ့္ အဲဒီနားမွာရွိေနတဲ့ တပ္ဖြဲ႕ဝင္မိသားစုေတြနဲ႔ ရြာခံတခ်ိဳ႕ကေတာ့ ထြက္ေျပးခဲ့ရတယ္လို႔ ဘုရားသံုးဆူေဒသခံတဦးက ေျပာပါတယ္။

“ဒီစခန္းေတြက ေတာနက္ထဲမွာ မြန္ျပည္သစ္တပ္ေတြရွိရင္ ရြာသားေတြက အဲဒီေဘးနားမွာ အိမ္ေတြေဆာက္တယ္။ တပ္မိသားစုေတြလည္း အိမ္ေဆာက္တယ္ဆုိေတာ့ ေစ်းဆိုင္ေတြျဖစ္လာတယ္။ အဲလိုရြာျဖစ္သြားတာေပါ့။ ရြာျဖစ္ေတာ့ စခန္းကအရင္လား၊ ရြာကအရင္လားေတာ့ မသိဘူူူး။ အဲဒီမွာ လူေတာ့စံုတာပဲ။ ပစ္တာခတ္တာျဖစ္လာမွ အဲကလူေတြ ထြက္ေျပးတာေပါ့။”

ဘုရားသံုးဆူေဒသတဝိုက္မွာ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး (KNU) ၊ ႏွစ္ဖက္ လက္နက္ကုိင္အဖြဲ႔ရဲ႕ ေအာက္ေျခတပ္ဖြဲ႕ဝင္ေတြၾကား အခုႏွစ္ ဧၿပီလပုိင္းကစၿပီး အေျခအေနတင္းမာၿပီး ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္မႈေတြလည္း ရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္း ေနာက္မွာ အဲဒီလုိ ထိပ္တုိက္ရင္ဆုိင္မႈေတြ ျဖစ္ခဲ့ရင္ ဘယ္လုိ ကုိင္တြယ္ ေျဖရွင္းၾကမလဲဆုိတာနဲ႔ စစ္ေရး တင္းမာမႈ အေျခအေနေတြ ဆက္မျဖစ္ေရးတုိ႔အတြက္ ႏွစ္ဘက္ ေခါင္းေဆာင္ေတြ ဘုရားသံုးဆူၿမိဳ႕၊ ေခ်ာင္းဆံုရြာနားက မကၠသာေခ်ာင္းဆံုေရတံခြန္စခန္းမွာ အခုလ ၄ ရက္ေန႔က ေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကတယ္လုိ႔ KNU အဖြဲ႕ဝင္ ဒူးပလာယာခရိုင္ဥကၠ႒ ပဒုိေရႊေမာင္းက ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ၄ရက္ေန႔တုန္းက က်ေတာ္တို႔ေတြ႕ခဲ့တာက ျပႆနာျဖစ္ခဲ့မယ္ဆိုလို႔ရွိရင္ ေအာက္ေျခအခ်င္းခ်င္း ျပႆနာပိုမုိၿပီးေတာ့ မႀကီးထြားဖို႔အတြက္ ညွိႏႈိင္းၿပီးေတာ့ ေဆာင္ရြက္ၾကဖို႔။ ၿပီးေတာ့ အျပန္အလွန္ဆက္သြယ္မႈေတြ လုပ္ေဆာင္ၿပီးေတာ့မွ ရွိေနၾကဖို႔ေပါ့ေနာ္။ ျပႆနာရွိလို႔ရွိရင္ေတာ့ စီစဥ္ေဆာင္ရြက္ႏို္င္ဖို႔အတြက္ လြယ္ကူေအာင္ဆုိၿပီးေတာ့ အဆက္အသြယ္ယူထားဖုိ႔။ အဲဒီလိုမ်ိဳး အေနအထားမွာပဲ ရွိပါတယ္။”

ဒီကေန႔ ေနာက္ဆုံးျဖစ္သြားခဲ့တဲ့ ႏွစ္ဘက္ ပစ္ခတ္မႈနဲ႔ပတ္သက္လုိ႔ မြန္ျပည္သစ္ပါတီက တာ၀န္ ရွိသူကုိ ဗီြအုိေအက ဆက္သြယ္ ေမးျမန္းတဲ့အခါ ထိခုိက္ ေသဆုံးမႈ မရွိေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ပစ္ခတ္မႈအတြင္း မြန္ျပည္သစ္ပါတီဘက္က တဦးက်ဆုံးခဲ့ေၾကာင္း မြန္သတင္းဌာနေတြမွာ ေရးသားေဖာ္ျပထားပါတယ္။

........................

{Unicode}

မွန်ပြည်သစ်စခန်းကို အမည်မသိလက်နက်ကိုင်များ တိုက်ခိုက်

မွန်ပြည်နယ်၊ မရမ်းချောင်းနဲ့ ဗလဲဒွန်ဖိုက်ဘက်မှာရှိတဲ့ မွန်ပြည်သစ်ပါတီစခန်းနှစ်ခုကို ဒီမနက် အစောပိုင်းမှာ KNU အဖွဲ့ကလို့ ယူဆရတဲ့ လက်နက်ကိုင်ဆောင်ထားသူ ၁၀ဦး လောက်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ KNU တာဝန်ရှိသူကတော့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စိစစ်ဆဲဖြစ်ပြီး ဘယ်အဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်သွားတယ်ဆိုတာကို မသိရှိသေးဘူးလို့ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ မွန်ပြည်သစ် မရမ်းချောင်းအခြေစိုက်စခန်းနဲ့ ဘုရားသုံးဆူမြို့နယ်၊ ဗလဲဒွန်ဖိုက်ကျေးရွာနားက မွန်ပြည်သစ်ပါတီ တပ်ခွဲရုံးတို့ကို ဒီကနေ့မနက် ၄နာရီဝန်းကျင်မှာ KNU ဘက်က လက်နက်ကိုင်တချို့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ပြောပါတယ်။ မွန်ပြည်သစ်ပါတီတပ်ခွဲရုံးကို ဝင်ရောက်ပစ်ခတ်ချိန် တပ်ဆုတ်ခဲ့ရပေမယ့် မရမ်းချောင်းဘက်ကို ပစ်ခတ်ချိန်မှာတော့ လာရောက်တိုက်ခိုက်တဲ့ လက်နက်ကိုင်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ခဲ့တဲ့ နှစ်နေရာလုံးကို KNU ဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်အေးမွန်က ပြောပါတယ်။

“ဒီတိုက်ပွဲဖြစ်စဉ်တွေမှာတော့ ထိခိုက်ဒဏ်ရာရရှိမှုတွေတော့ မကြားမိသေးဘူး။ ဒီဖြစ်တဲ့ တိုက်ပွဲနှစ်နေရာစလုံးဟာ KNU အဖွဲ့နဲ့ပဲဖြစ်တာပါ။ သူတို့ကအစီအစဉ်ရှိရှိနဲ့ ကျတော်တို့တပ်စခန်းကို ဝင်ပစ်တယ်လို့ယူဆရတယ်။”

ဒီမနက်ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ပစ်ခတ်မှုဖြစ်ခဲ့တာကို သိပေမယ့် ဘယ်အဖွဲ့တွေ ပါဝင်တယ်ဆိုတာ မသိသေးကြောင်း ပြောပါတယ်။

KNU အဖွဲ့ဝင် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက ပစ်ခတ်မှုသတင်းကြောင့် အခြေအနေ တိတိကျကျသိရဖို့ ဘုရားသုံးဆူဘက်ကိုသွားနေတယ်လို့ ဆိုပါတယ်။

“ဖြစ်တော့ဖြစ်တယ်။ ပစ်ခတ်မှုတော့ဖြစ်တယ်။ ဘယ်သူနဲ့ဘယ်သူ ဖြစ်မှန်းမသိသေးဘူး။ အဲဒါကတော့နော် ကျတော်တို့အခြေအနေ၊ ကျတော်တို့အနေအထားအရ ဆက်သွယ်မှုကလည်း မကောင်းတဲ့အပေါ်မှာ အဲဒါကိုပြန်ပြီးတော့ တိတိကျကျဖြစ်ဖို့ ပြန်ပြီးတော့ စိစစ်ဆဲပဲပေါ့နော်။”

ပစ်ခတ်မှုဖြစ်တဲ့နေရာက ဘုရားသုံးဆူနဲ့ ရေးမြို့ကိုသွားတဲ့ တောင်ပေါ်လမ်းဖြစ်တာကြောင့် လူနေအိမ်တွေနဲ့ဝေးပေမယ့် အဲဒီနားမှာရှိနေတဲ့ တပ်ဖွဲ့ဝင်မိသားစုတွေနဲ့ ရွာခံတချို့ကတော့ ထွက်ပြေးခဲ့ရတယ်လို့ ဘုရားသုံးဆူဒေသခံတဦးက ပြောပါတယ်။

“ဒီစခန်းတွေက တောနက်ထဲမှာ မွန်ပြည်သစ်တပ်တွေရှိရင် ရွာသားတွေက အဲဒီဘေးနားမှာ အိမ်တွေဆောက်တယ်။ တပ်မိသားစုတွေလည်း အိမ်ဆောက်တယ်ဆိုတော့ ဈေးဆိုင်တွေဖြစ်လာတယ်။ အဲလိုရွာဖြစ်သွားတာပေါ့။ ရွာဖြစ်တော့ စခန်းကအရင်လား၊ ရွာကအရင်လားတော့ မသိဘူူူး။ အဲဒီမှာ လူတော့စုံတာပဲ။ ပစ်တာခတ်တာဖြစ်လာမှ အဲကလူတွေ ထွက်ပြေးတာပေါ့။”

ဘုရားသုံးဆူဒေသတဝိုက်မှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ နှစ်ဖက် လက်နက်ကိုင်အဖွဲ့ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေကြား အခုနှစ် ဧပြီလပိုင်းကစပြီး အခြေအနေတင်းမာပြီး နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း နောက်မှာ အဲဒီလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ရင် ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲဆိုတာနဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေ ဆက်မဖြစ်ရေးတို့အတွက် နှစ်ဘက် ခေါင်းဆောင်တွေ ဘုရားသုံးဆူမြို့၊ ချောင်းဆုံရွာနားက မက္ကသာချောင်းဆုံရေတံခွန်စခန်းမှာ အခုလ ၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ KNU အဖွဲ့ဝင် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၄ရက်နေ့တုန်းက ကျတော်တို့တွေ့ခဲ့တာက ပြဿနာဖြစ်ခဲ့မယ်ဆိုလို့ရှိရင် အောက်ခြေအချင်းချင်း ပြဿနာပိုမိုပြီးတော့ မကြီးထွားဖို့အတွက် ညှိနှိုင်းပြီးတော့ ဆောင်ရွက်ကြဖို့။ ပြီးတော့ အပြန်အလှန်ဆက်သွယ်မှုတွေ လုပ်ဆောင်ပြီးတော့မှ ရှိနေကြဖို့ပေါ့နော်။ ပြဿနာရှိလို့ရှိရင်တော့ စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက် လွယ်ကူအောင်ဆိုပြီးတော့ အဆက်အသွယ်ယူထားဖို့။ အဲဒီလိုမျိုး အနေအထားမှာပဲ ရှိပါတယ်။”

ဒီကနေ့ နောက်ဆုံးဖြစ်သွားခဲ့တဲ့ နှစ်ဘက် ပစ်ခတ်မှုနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီက တာဝန် ရှိသူကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့အခါ ထိခိုက် သေဆုံးမှု မရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် ပစ်ခတ်မှုအတွင်း မွန်ပြည်သစ်ပါတီဘက်က တဦးကျဆုံးခဲ့ကြောင်း မွန်သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။

စုစု/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
မြန္ျပည္သစ္စခန္းကို အမည္မသိလက္နက္ကိုင္မ်ား တိုက္ခိုက္ မြန္ျပည္သစ္စခန္းကို အမည္မသိလက္နက္ကိုင္မ်ား တိုက္ခိုက္ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.