ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ ဂ်ပန္လုပ္ငန္း႐ွင္ေတြကို အတိုင္ပင္ခံပုဂၢိဳလ္ ဖိတ္ေခၚ

ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ဓါတ္ပံု- Myanmar State Counsellor Office)
Zawgyi
ျမန္မာႏုိင္ငံမွာ လာေရာက္ ရင္းႏွီးျမွဳပ္ႏွံၾကဖို႔ ဂ်ပန္ လုပ္ငန္းရွင္ေတြကို ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဖိတ္ေခၚပါတယ္။ ဂ်ပန္ႏုိင္ငံ တိုက်ိဳၿမိဳ႕ေတာ္မွာ က်င္းပတဲ႔ ဒုတိယ အႀကိမ္ ျမန္မာ ရင္းႏွီးျမွဳပ္ႏွံမႈ ေဆြးေႏြးပြဲ မိန္႔ခြန္းမွာေတာ့ တာ၀န္သိ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို အေလးထား ဖိတ္ေခၚ သြားတာပါ။

ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈေတြ အတြက္ အဆင္ေျပ ေခ်ာေမြ႔တဲ႔ အေနအထားမ်ိဳး ျဖစ္ေအာင္ ျမန္မာ အစိုးရတြင္း ျပဳျပင္ေျပာင္းလဲမႈေတြကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က မိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုပါတယ္။ ဂ်ပန္ အစိုးရနဲ႔ ဂ်ပန္ ျပည္ပ ကုန္သြယ္ေရး အဖြဲ႔ JETRO တို႔ စီစဥ္တဲ႔ ျမန္မာ့ ရင္းႏွီးျမွုပ္ႏွံမႈ ေဆြးေႏြးပြဲမွာေတာ့ ျမန္မာႏုိင္ငံမွာ ေနာက္ထပ္ ႏုိင္ငံျခား ဘဏ္ေတြ ထပ္ၿပီး ဖြင့္လွစ္ခြင္႔ျပဳေရး သံုးသပ္ေနတဲ႔ အေၾကာင္း၊ လက္ရွိမွာ ရာႏႈန္းျပည့္ ႏုိင္ငံျခားဘဏ္ ၁၃ ခု လည္ပတ္ေနေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒါ႔အျပင္ အာမခံ လုပ္ငန္းထဲမွာဆိုရင္လည္း ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ အျပည့္အ၀ ခြင့္ျပဳထားတဲ႔ အခ်က္ကို အေလးေပး ေျပာဆိုသြားပါတယ္။ ျမန္မာ႔ အသက္အာမခံ လုပ္ငန္းမွာ ပထမဆံုး လာေရာက္ ရင္းႏွီးျမွဳပ္ႏွံတဲ႔ ကုမၸဏီေတြထဲမွာ Dai-ichi Life လည္း တခု အပါအ၀င္ ျဖစ္တယ္လို႔ တက္ေရာက္လာတဲ႔ ဂ်ပန္ လုပ္ငန္းရွင္ေတြကို ေျပာဆိုသြားပါတယ္။ ျမန္မာႏုိင္ငံတြင္း အလုပ္အကိုင္ေတြ ဖန္တီးေပမးမယ့္၊ အခြင့္အလမ္းသစ္ေတြ ေဖာ္ေဆာင္ေပးမယ့္ တာ၀န္သိ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ႀကိဳဆိုေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုသြားပါတယ္။

ဂ်ပန္ အစိုးရ ဖိတ္ၾကားခ်က္နဲ႔ တနဂၤေႏြေန႔က တိုက်ိဳကို ေရာက္ရွိလာတဲ႔ ေဒၚေအာင္ဆန္းစုၾကည္က ဂ်ပန္ ၀န္ႀကီးခ်ဳပ္ Shinzo Abe နဲ႔ တနလာၤေန႔မွာ ေတြ႔ဆံုၿပီး ရခုိင္ ပဋိပကၡ အေရး၊ စီးပြားေရးကိစၥေတြ အဓိက ေဆြးေႏြးခဲ႔ၾကပါတယ္။ ဒီကေန႔ အဂၤါေန႔မွာေတာ့ ဂ်ပန္ ဧကရာဇ္သစ္ Naruhito ရဲ႕ အဂၤါေန႔ နန္းတက္ပြဲ အခမ္းအနားကို ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ပါမယ္။

..................

{Unicode}

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်လုပ်ငန်းရှင်တွေကို အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်

မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဂျပန် လုပ်ငန်းရှင်တွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ကျင်းပတဲ့ ဒုတိယ အကြိမ် မြန်မာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ မိန့်ခွန်းမှာတော့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေကို အလေးထား ဖိတ်ခေါ် သွားတာပါ။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အဆင်ပြေ ချောမွေ့တဲ့ အနေအထားမျိုး ဖြစ်အောင် မြန်မာ အစိုးရတွင်း ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။ ဂျပန် အစိုးရနဲ့ ဂျပန် ပြည်ပ ကုန်သွယ်ရေး အဖွဲ့ JETRO တို့ စီစဉ်တဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံခြား ဘဏ်တွေ ထပ်ပြီး ဖွင့်လှစ်ခွင့်ပြုရေး သုံးသပ်နေတဲ့ အကြောင်း၊ လက်ရှိမှာ ရာနှုန်းပြည့် နိုင်ငံခြားဘဏ် ၁၃ ခု လည်ပတ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် အာမခံ လုပ်ငန်းထဲမှာဆိုရင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပြည့်အ၀ ခွင့်ပြုထားတဲ့ အချက်ကို အလေးပေး ပြောဆိုသွားပါတယ်။ မြန်မာ့ အသက်အာမခံ လုပ်ငန်းမှာ ပထမဆုံး လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေထဲမှာ Dai-ichi Life လည်း တခု အပါအဝင် ဖြစ်တယ်လို့ တက်ရောက်လာတဲ့ ဂျပန် လုပ်ငန်းရှင်တွေကို ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံတွင်း အလုပ်အကိုင်တွေ ဖန်တီးပေမးမယ့်၊ အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးမယ့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ဂျပန် အစိုးရ ဖိတ်ကြားချက်နဲ့ တနင်္ဂနွေနေ့က တိုကျိုကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန် ဝန်ကြီးချုပ် Shinzo Abe နဲ့ တနလာၤနေ့မှာ တွေ့ဆုံပြီး ရခိုင် ပဋိပက္ခ အရေး၊ စီးပွားရေးကိစ္စတွေ အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ ဂျပန် ဧကရာဇ်သစ် Naruhito ရဲ့ အင်္ဂါနေ့ နန်းတက်ပွဲ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါမယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ ဂ်ပန္လုပ္ငန္း႐ွင္ေတြကို အတိုင္ပင္ခံပုဂၢိဳလ္ ဖိတ္ေခၚ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ ဂ်ပန္လုပ္ငန္း႐ွင္ေတြကို အတိုင္ပင္ခံပုဂၢိဳလ္ ဖိတ္ေခၚ Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.