ဆိုင်ကယ်နှင့် ယာဉ်တစ်စီးတိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူသုံးဦးစလုံးသေဆုံး


တောင်ငူ အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ အမှတ် ၉ ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် အောက်တိုဘာ ၁ ရက် နံနက် ၃ နာရီခန့်က လူငယ်သုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် စုံစမ်းဆဲ ယာဉ်တစ်စီးတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်စီးနင်းလာသည့် လူငယ်သုံးဦးစလုံးသေဆုံးသွားခဲ့ ကြောင်းသိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင် များကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မောင်းနှင်လာသောယာဉ်တစ်စီးနှင့် ကားလမ်းအတိုင်း မြောက်မှတောင်သို့ အစိုးရနည်းပညာအထက်တန်း ကျောင်း(တောင်ငူ)မှ ကျောင်းသားများဖြစ်ကြသည့် ကျောက်တံခါးမြို့ နယ်နေသူ ဉာဏ်လင်းဟိန်း(ဒုတိယနှစ်) ၁၇ နှစ်၊ မောင်းနှင်ပြီး၊ နောက်တွင် ထွန်းမင်း(ပထမ)နှစ်၊ကျောက်တံခါးမြို့၊ ပြည့်ကောင်းစံ(ပထမနှစ်)၊ ပဲခူးမြို့နယ်နေသူတို့စီးနင်းလာသော ဆိုင်ကယ်တို့ အကြားအခင်းဖြစ် နေရာတွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး (စီစစ်ဆဲ)ယာဉ်မှာမောင်းနှင် ထွက်ပြေး သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူသုံးဦး စလုံး ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့၍ တောင်ငူ မြို့မရဲစခန်းက အဆိုပါယာဉ်နှင့် ယာဉ်မောင်းအားလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိုင်ကယ်နှင့် ယာဉ်တစ်စီးတိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူသုံးဦးစလုံးသေဆုံး ဆိုင်ကယ်နှင့် ယာဉ်တစ်စီးတိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူသုံးဦးစလုံးသေဆုံး Reviewed by THITHTOOLWIN on 04:25 Rating: 5
Powered by Blogger.