ကိုယ္က အႁမႊာေမြးႏိုင္ေခ်မ်ားတဲ့ လူတစ္ေယာက္လား။

ကိုယ္က အႁမႊာေမြးႏိုင္ေခ်မ်ားတဲ့ လူတစ္ေယာက္လား။
ကိုယ္ဝန္ေဆာင္တဲ့အခါ ကေလးတစ္ေယာက္တည္းထက္ အႁမႊာေလးေတြ လိုခ်င္တဲ့သူပိုမ်ားၾကပါတယ္။ ဗိုက္လည္းတစ္ခါပဲ အနာခံရတယ္၊ ကေလးက ၂ ေယာက္ေတာင္ရမွာ။ ၿပီးေတာ့ အႁမႊာေလးေတြဆိုေတာ့ ကေလးအခ်င္းခ်င္းလည္း ကစားေဖာ္ကစားဖက္ရွိေတာ့ သူတို႔လည္း မပ်င္းရေတာ့ဘူးေလ။ ေနာက္ပိုင္းမွာ ကေလးတစ္ေယာက္တည္းထက္ အႁမႊာေလးေတြေမြးတာကလည္း ပိုေခတ္စားလာတာဆိုေတာ့ အႁမႊာလိုခ်င္တဲ့စုံတြဲတိုင္း ဒါေလးေတြသိထားသင့္တယ္ေနာ္။ ။

အႁမႊာေလးေမြးမလား မေမြးဘူးလားဆိုတဲ့ အေပၚ ဘယ္လိုအခ်က္ေတြက သက္ေရာက္တာလဲ ။ ။

မ်ိဳး႐ိုး။

မ်ိဳး႐ိုးထဲမွာ အႁမႊာေလးေမြးထားတဲ့သူရွိတဲ့အခါ ကိုယ့္မွာလည္း အႁမႊာေလးေမြးႏိုင္ေခ်မ်ားပါတယ္။ အထူးသ့ျဖင့္ အေမဘက္က အေဒၚေတြ အဖြားေတြက အႁမႊာေလးေမြးဖူးထားရင္ ကိုယ္လည္း အႁမႊာေလးေတြ ေမြးႏိုင္ေခ်ရွိပါတယ္။

လူမ်ိဳး ။

အေနာက္တိုင္းသားေတြက အာရွသားေတြထက္ အႁမႊာေလးေတြ ေမြးႏိုင္ေခ် ပိုမ်ားပါတယ္။ အေနာက္ႏိုင္ငံသားေတြထဲကမွ လူမည္းေတြကလူျဖဴေတြထက္ အႁမႊာေလးေတြ ေမြးႏိုင္ေခ်ပိုမ်ားပါတယ္။

ကေလးအမ်ားႀကီးေမြးထားတဲ့အခါ

ေရွ႕မွာ ကေလးေတြ အမ်ားႀကီးေမြးထားတဲ့သူေတြကပိုၿပီး အႁမႊာေလးေတြ ေမြးႏိုင္ေခ်ပိုမ်ားပါတယ္။ ကေလး ၈ ေယာက္ေလာက္ေမြးၿပီးတဲ့သူေတြက အႁမႊာေမြးႏိုင္ေခ်ပိုမ်ားပါတယ္။

အသက္ႀကီးတဲ့ အမ်ိဳးသမီးေတြ

ေလ့လာခ်က္ေတြအရ အသက္ ၃၅ ႏွစ္ေက်ာ္တဲ့အခါ တစ္လကို သားဥ ႏွစ္လုံးေလာက္ ေႂကြတတ္တာေၾကာင့္ ၃၅ ႏွစ္ေနာက္ပိုင္း ကိုယ္ဝန္ေဆာင္တဲ့ အမ်ိဳးသမီးေတြက အႁမႊာေမြးႏိုင္ေခ်ပိုမ်ားတယ္လို႔ဆိုပါတယ္။

ကိုယ္အေလးခ်ိန္

BMI 25နဲ႔ အထက္ဆိုရင္ ဝေနတယ္လို႔သတ္မွတ္ၾကၿပီး BMI 30 ေက်ာ္ေနၿပီဆိုရင္ေတာ့ အဝလြန္ ေနတယ္လို႔ဆိုၾကပါတယ္။ ဒီလို အဝလြန္တာမွာ မေကာင္းတာေတြမ်ားေပမယ့္ အႁမႊာကိုယ္ဝန္ေဆာင္ႏိုင္ေခ် အျခားသူေတြထက္ပိုမ်ားတယ္ဆိုတဲ့ ေကာင္းတဲ့အခ်က္ တစ္ခ်က္ေတာ့ ရွိပါေသးတယ္။ အထူးသျဖင့္ non-identical twin ႐ုပ္ခ်င္းမတူတဲ့ အႁမႊာေလးေတြ ေမြးႏိုင္ေခ်ပိုမ်ားပါတယ္။

အႁမႊာရင္ေသြးေလးလိုခ်င္တယ္ဆိုရင္ ဘာေတြလုပ္လို႔ရမလဲ။

စားေသာက္မႈ ပုံစံ ။

• ပ႐ိုတင္းနဲ႔ ႏို႔ထြက္ပစၥည္းေတြမ်ားမ်ားစားေပးရင္ အႁမႊာကိုယ္ဝန္ေဆာင္ႏိုင္ရေခ်ပိုမ်ားပါတယ္။ ဆန္႔က်င္ဘက္အေနနဲ႔ အသီးအ႐ြက္ေတြ အဆီနည္းတဲ့ အစားအစာေတြမ်ားမ်ားစားတဲ့သူေတြက အႁမႊာကိုယ္ဝန္ရႏိုင္ေခ်နည္းပါတယ္။

ျဖည့္စြက္ေဆးဝါးမ်ား။

• အားလုံးၾကားဖူးၾကမွာပါ။ အႁမႊာကိုယ္ဝန္ေဆာင္ခ်င္ရင္ ေဆးေတြ ေသာက္လို႔ရတယ္ဆိုတဲ့ အေၾကာင္းကိုေလ။ ဒါမွန္ပါတယ္။

• အႁမႊာေလးေတြ လိုခ်င္တဲ့သူေတြအတြက္ အမ်ိဳးသားဆီက သုက္ပိုးေလးေတြ အားေကာင္းေအာင္ သန္စြမ္းေအာင္ (ဒါမွမဟုတ္) အမ်ိဳးသမီးဆီက မ်ိဳးဥ တစ္လုံးထက္ပိုႂကြေအာင္ လုပ္လို႔ရတဲ့ ေဆးေတြရွိပါတယ္။

• ဒါေပမယ့္ ေဆးေတြကို ကိုယ့္ဘာသာ ဝယ္ေသာက္တာထက္စာရင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီး ကိုယ္နဲ႔ တည့္မတည့္ စမ္းသပ္ၿပီးမွ ေသာက္တာက ပိုစိတ္ခ်ရမွာပါ။

ရင္ေသြးတစ္ေယာက္နဲ႔ တစ္ေယာက္ၾကားထဲမွာ အခ်ိန္ျခားတာ။

• ရင္ေသြးေတြကို အခ်ိန္သိပ္မျခားဘဲ ေမြးတဲ့ အမ်ိဳးသမီးေတြထက္စာရင္ ရင္ေသြးတစ္ေယာက္နဲ႔ တစ္ေယာက္ၾကားထဲ ၄ ႏွစ္ ၅ ႏွစ္ေလာက္ျခားထားတဲ့ အမ်ိဳးသမီးေတြက အႁမႊာကိုယ္ဝန္ေဆာင္ႏိုင္ေခ် ပိုမ်ားပါတယ္။

ဖန္ႁပြန္သေႏၶသားကိုယ္ဝန္ ။

ဖန္ႁပြန္သေႏၶသားကိုယ္ဝန္ေဆာင္တဲ့အခါ တစ္ေယာက္တည္း လိုခ်င္လား ။ႏွစ္ေယာက္လိုခ်င္လား ကိုယ္လိုခ်င္သလို ေ႐ြးလို႔ရတာေၾကာင့္ ဖန္ႁပြန္သေႏၶသားကိုယ္ဝန္နဲ႔ try ၾကည့္လို႔လည္း ရပါတယ္ ။ ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
 --------------
ကိုယ်က အမြွှာမွေးနိုင်ချေများတဲ့ လူတစ်ယောက်လား။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွှာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ အမြွှာလိုချင်တဲ့စုံတွဲတိုင်း ဒါလေးတွေသိထားသင့်တယ်နော်။ ။

အမြွှာလေးမွေးမလား မမွေးဘူးလားဆိုတဲ့ အပေါ် ဘယ်လိုအချက်တွေက သက်ရောက်တာလဲ ။ ။

မျိုးရိုး။

မျိုးရိုးထဲမှာ အမြွှာလေးမွေးထားတဲ့သူရှိတဲ့အခါ ကိုယ့်မှာလည်း အမြွှာလေးမွေးနိုင်ချေများပါတယ်။ အထူးသ့ဖြင့် အမေဘက်က အဒေါ်တွေ အဖွားတွေက အမြွှာလေးမွေးဖူးထားရင် ကိုယ်လည်း အမြွှာလေးတွေ မွေးနိုင်ချေရှိပါတယ်။

လူမျိုး ။

အနောက်တိုင်းသားတွေက အာရှသားတွေထက် အမြွှာလေးတွေ မွေးနိုင်ချေ ပိုများပါတယ်။ အနောက်နိုင်ငံသားတွေထဲကမှ လူမည်းတွေကလူဖြူတွေထက် အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်။

ကလေးအများကြီးမွေးထားတဲ့အခါ

ရှေ့မှာ ကလေးတွေ အများကြီးမွေးထားတဲ့သူတွေကပိုပြီး အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်။ ကလေး ၈ ယောက်လောက်မွေးပြီးတဲ့သူတွေက အမြွှာမွေးနိုင်ချေပိုများပါတယ်။

အသက်ကြီးတဲ့ အမျိုးသမီးတွေ

လေ့လာချက်တွေအရ အသက် ၃၅ နှစ်ကျော်တဲ့အခါ တစ်လကို သားဥ နှစ်လုံးလောက် ကြွေတတ်တာကြောင့် ၃၅ နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေက အမြွှာမွေးနိုင်ချေပိုများတယ်လို့ဆိုပါတယ်။

ကိုယ်အလေးချိန်

BMI 25နဲ့ အထက်ဆိုရင် ဝနေတယ်လို့သတ်မှတ်ကြပြီး BMI 30 ကျော်နေပြီဆိုရင်တော့ အဝလွန် နေတယ်လို့ဆိုကြပါတယ်။ ဒီလို အဝလွန်တာမှာ မကောင်းတာတွေများပေမယ့် အမြွှာကိုယ်ဝန်ဆောင်နိုင်ချေ အခြားသူတွေထက်ပိုများတယ်ဆိုတဲ့ ကောင်းတဲ့အချက် တစ်ချက်တော့ ရှိပါသေးတယ်။ အထူးသဖြင့် non-identical twin ရုပ်ချင်းမတူတဲ့ အမြွှာလေးတွေ မွေးနိုင်ချေပိုများပါတယ်။

အမြွှာရင်သွေးလေးလိုချင်တယ်ဆိုရင် ဘာတွေလုပ်လို့ရမလဲ။

စားသောက်မှု ပုံစံ ။

• ပရိုတင်းနဲ့ နို့ထွက်ပစ္စည်းတွေများများစားပေးရင် အမြွှာကိုယ်ဝန်ဆောင်နိုင်ရချေပိုများပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အသီးအရွက်တွေ အဆီနည်းတဲ့ အစားအစာတွေများများစားတဲ့သူတွေက အမြွှာကိုယ်ဝန်ရနိုင်ချေနည်းပါတယ်။

ဖြည့်စွက်ဆေးဝါးများ။

• အားလုံးကြားဖူးကြမှာပါ။ အမြွှာကိုယ်ဝန်ဆောင်ချင်ရင် ဆေးတွေ သောက်လို့ရတယ်ဆိုတဲ့ အကြောင်းကိုလေ။ ဒါမှန်ပါတယ်။

• အမြွှာလေးတွေ လိုချင်တဲ့သူတွေအတွက် အမျိုးသားဆီက သုက်ပိုးလေးတွေ အားကောင်းအောင် သန်စွမ်းအောင် (ဒါမှမဟုတ်) အမျိုးသမီးဆီက မျိုးဥ တစ်လုံးထက်ပိုကြွအောင် လုပ်လို့ရတဲ့ ဆေးတွေရှိပါတယ်။

• ဒါပေမယ့် ဆေးတွေကို ကိုယ့်ဘာသာ ဝယ်သောက်တာထက်စာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်နဲ့ တည့်မတည့် စမ်းသပ်ပြီးမှ သောက်တာက ပိုစိတ်ချရမှာပါ။

ရင်သွေးတစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ အချိန်ခြားတာ။

• ရင်သွေးတွေကို အချိန်သိပ်မခြားဘဲ မွေးတဲ့ အမျိုးသမီးတွေထက်စာရင် ရင်သွေးတစ်ယောက်နဲ့ တစ်ယောက်ကြားထဲ ၄ နှစ် ၅ နှစ်လောက်ခြားထားတဲ့ အမျိုးသမီးတွေက အမြွှာကိုယ်ဝန်ဆောင်နိုင်ချေ ပိုများပါတယ်။

ဖန်ပြွန်သန္ဓေသားကိုယ်ဝန် ။

ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်တဲ့အခါ တစ်ယောက်တည်း လိုချင်လား ။နှစ်ယောက်လိုချင်လား ကိုယ်လိုချင်သလို ရွေးလို့ရတာကြောင့် ဖန်ပြွန်သန္ဓေသားကိုယ်ဝန်နဲ့ try ကြည့်လို့လည်း ရပါတယ် ။ ။
ကိုယ္က အႁမႊာေမြးႏိုင္ေခ်မ်ားတဲ့ လူတစ္ေယာက္လား။ ကိုယ္က အႁမႊာေမြးႏိုင္ေခ်မ်ားတဲ့ လူတစ္ေယာက္လား။ Reviewed by THITHTOOLWIN on 00:37 Rating: 5
Powered by Blogger.