တောင်ငူမြို့ ပသိဟိုတယ် မှန်တံခါးမကြီးနှင့် ATM ငွေထုတ်စက်အား စိတ်ဝေဒနာရှင်တစ်ဦးမှ ဖျက်ဆီးမှုဖြစ်ပွား


တောင်ငူ ၃ အောက်တိုဘာ

တောင်ငူမြို့၊ အနောက်ဘက် ကျုံးပတ်လမ်း၊ အမှတ် ၂ ရပ်ကွက်ရှိ ပသိဟိုတယ်၏ အဝင်တံခါးမကြီး မှန်တံခါးများရိုက်ခွဲပြီး လူတစ်ဦး ဓားကိုင်ရမ်းကားမှု ပြုလုပ်နေကြောင်း အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်က သတင်းရရှိသဖြင့် တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နေဝင်းထွန်း ဦးစီးအဖွဲ့က သွားရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က အမည်မသိအမျိုးသားတစ်ဦးသည် ပသိဟိုတယ် အတွင်းသို့ဝင်လာ၍ ၎င်းမှထီပေါက်ကြောင်း၊ ထီပေါက်သည်ကို မထုတ်ပေးကြောင်း ပသိဟိုတယ်မန်နေဂျာ ဒေါ်နွယ်နီမြင့်အားပြောကြားခဲ့ပြီး ၎င်း၏မိခင်မှာ ကျန်းမာရေးကောင်းမွန်မှုမရှိ၍ ၎င်းတွင်ပါလာသောလွယ်အိတ်ထဲသို့ ပိုက်ဆံများထည့်ပေးရန်နှင့် မထည့်ပေးပါက မိမိကိုယ်ကို သတ်သေမည်ဟုပြောဆိုကာ ပါလာသောဓားဖြင့် ရင်အုံကိုထောက်သဖြင့် ဒေါ်နွယ်နီမြင့်မှ ပိုက်ဆံများထည့်ပေးမည်ဟု ချော့မော့ပြောသည့်အခါ အဆိုပါဓားကိုင်ဆောင်သူသည် ဟိုတယ်အတွင်းမှ အပြင်သို့ ပြန်လည်ထွက်သွားခဲ့ကြောင်း၊ ဟိုတယ်ရှေ့ထိုင်ခုံတွင် ထိုင်နေရင်း ၎င်း၏ရင်ဘတ်ကို ဓားဖြင့်ထိုးသွင်းခဲ့ကြောင်း၊ ထို့နောက် အနီးရှိ အုတ်ခဲအားကောက်ယူပြီး ဟိုတယ်အဝင်တံခါးမကြီး မှန်ချပ်တစ်ချပ်နှင့် ဟိုတယ်ရှေ့ရှိ ATM ငွေထုတ်စက်နှင့် ကာရံထားသည့် မှန်နှစ်ချပ်အား ရိုက်ခွဲ၍ ကျုံးအတွင်းရှိ အမှိုက်ပုံအတွင်း ပုန်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ၎င်းအားစစ်ဆေးခဲ့ရာ ဝင်းဌေးဦး ၂၁ နှစ်၊ အလယ်ကျေးရွာ၊ ချောင်းဖြူအုပ်စု၊ တောင်ငူမြို့နယ်နေသူဖြစ်ကြောင်း၊ ဟိုတယ်အတွင်းသို့ ဝင်ရောက်မှုနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းအရာမှ ရေရေရာရာ ပြောဆိုနိုင်ခြင်းမရှိဘဲ ၎င်းသည် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကာ မိဘများက ရန်ကုန်မြို့၊ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ရန်ပြင်ဆင်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ဟိုတယ်ပိုင်ရှင်အနေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့မှ အခြားသော မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားမှုမရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/

ေတာင္ငူၿမိဳ႕ ပသိဟိုတယ္ မွန္တံခါးမႀကီးႏွင့္ ATM ေငြထုတ္စက္အား စိတ္ေဝဒနာရွင္တစ္ဦးမွ ဖ်က္ဆီးမႈျဖစ္ပြား

ေတာင္ငူ ၃ ေအာက္တိုဘာ


ေတာင္ငူၿမိဳ႕၊ အေနာက္ဘက္ က်ဳံးပတ္လမ္း၊ အမွတ္ ၂ ရပ္ကြက္ရွိ ပသိဟိုတယ္၏ အဝင္တံခါးမႀကီး မွန္တံခါးမ်ား႐ိုက္ခြဲၿပီး လူတစ္ဦး ဓားကိုင္ရမ္းကားမႈ ျပဳလုပ္ေနေၾကာင္း ေအာက္တိုဘာ ၃ ရက္ မြန္းလြဲ ၁၂ နာရီ ၃၅ မိနစ္က သတင္းရရွိသျဖင့္ ေတာင္ငူအမွတ္ ၂ နယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေနဝင္းထြန္း ဦးစီးအဖြဲ႕က သြားေရာက္ရွင္းလင္း ေဆာင္႐ြက္ခဲ့ရေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ယေန႔မြန္းလြဲ ၁၂ နာရီ ၂၅ မိနစ္ခန႔္က အမည္မသိအမ်ိဳးသားတစ္ဦးသည္ ပသိဟိုတယ္ အတြင္းသို႔ဝင္လာ၍ ၎မွထီေပါက္ေၾကာင္း၊ ထီေပါက္သည္ကို မထုတ္ေပးေၾကာင္း ပသိဟိုတယ္မန္ေနဂ်ာ ေဒၚႏြယ္နီျမင့္အားေျပာၾကားခဲ့ၿပီး ၎၏မိခင္မွာ က်န္းမာေရးေကာင္းမြန္မႈမရွိ၍ ၎တြင္ပါလာေသာလြယ္အိတ္ထဲသို႔ ပိုက္ဆံမ်ားထည့္ေပးရန္ႏွင့္ မထည့္ေပးပါက မိမိကိုယ္ကို သတ္ေသမည္ဟုေျပာဆိုကာ ပါလာေသာဓားျဖင့္ ရင္အုံကိုေထာက္သျဖင့္ ေဒၚႏြယ္နီျမင့္မွ ပိုက္ဆံမ်ားထည့္ေပးမည္ဟု ေခ်ာ့ေမာ့ေျပာသည့္အခါ အဆိုပါဓားကိုင္ေဆာင္သူသည္ ဟိုတယ္အတြင္းမွ အျပင္သို႔ ျပန္လည္ထြက္သြားခဲ့ေၾကာင္း၊ ဟိုတယ္ေရွ႕ထိုင္ခုံတြင္ ထိုင္ေနရင္း ၎၏ရင္ဘတ္ကို ဓားျဖင့္ထိုးသြင္းခဲ့ေၾကာင္း၊ ထို႔ေနာက္ အနီးရွိ အုတ္ခဲအားေကာက္ယူၿပီး ဟိုတယ္အဝင္တံခါးမႀကီး မွန္ခ်ပ္တစ္ခ်ပ္ႏွင့္ ဟိုတယ္ေရွ႕ရွိ ATM ေငြထုတ္စက္ႏွင့္ ကာရံထားသည့္ မွန္ႏွစ္ခ်ပ္အား ႐ိုက္ခြဲ၍ က်ဳံးအတြင္းရွိ အမႈိက္ပုံအတြင္း ပုန္းေနစဥ္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က ၎အားစစ္ေဆးခဲ့ရာ ဝင္းေဌးဦး ၂၁ ႏွစ္၊ အလယ္ေက်း႐ြာ၊ ေခ်ာင္းျဖဴအုပ္စု၊ ေတာင္ငူၿမိဳ႕နယ္ေနသူျဖစ္ေၾကာင္း၊ ဟိုတယ္အတြင္းသို႔ ဝင္ေရာက္မႈႏွင့္ပတ္သက္ၿပီး မည္သည့္အေၾကာင္းအရာမွ ေရေရရာရာ ေျပာဆိုႏိုင္ျခင္းမရွိဘဲ ၎သည္ စိတ္ေဝဒနာရွင္တစ္ဦးျဖစ္ကာ မိဘမ်ားက ရန္ကုန္ၿမိဳ႕၊ ႐ြာသာႀကီးစိတ္က်န္းမာေရးေဆး႐ုံသို႔ ပို႔ေဆာင္ရန္ျပင္ဆင္ေနစဥ္ ယခုကဲ့သို႔ ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း၊ ဟိုတယ္ပိုင္ရွင္အေနျဖင့္ အမႈဖြင့္အေရးယူ ေဆာင္႐ြက္ျခင္းမရွိသျဖင့္ ရဲတပ္ဖြဲ႕မွ အျခားေသာ မလိုလားအပ္သည့္ ျပႆနာမ်ား ျဖစ္ပြားမႈမရွိေစရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ကိုလြင္(ဆြာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
တောင်ငူမြို့ ပသိဟိုတယ် မှန်တံခါးမကြီးနှင့် ATM ငွေထုတ်စက်အား စိတ်ဝေဒနာရှင်တစ်ဦးမှ ဖျက်ဆီးမှုဖြစ်ပွား တောင်ငူမြို့ ပသိဟိုတယ် မှန်တံခါးမကြီးနှင့် ATM ငွေထုတ်စက်အား စိတ်ဝေဒနာရှင်တစ်ဦးမှ ဖျက်ဆီးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:01 Rating: 5
Powered by Blogger.