သံခ်ပ္ထိုးသူ ငါးဦး ေထာင္တစ္ႏွစ္စီက်၊ စီရင္ခ်က္ကုိ AI အဖြဲ႔ ကန္႔ကြက္

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔ဝင္ေတြကို ၂၀၁၉၊ ေအာက္တိုဘာ ၃၀ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္ တရားရံုးမွာ ရံုးထုတ္စဥ္ / ဓါတ္ပံု - ေအာင္သိခၤ/ RFA
Zawgyi
ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ဝင္ေတြျဖစ္တဲ့ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကုိပိုင္ၿဖိဳးမင္း၊ ကိုဖုိးသားနဲ႔ မေကခုိင္ထြန္း တုိ႔ကုိ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့ သံခ်ပ္စာသားေတြနဲ႔ သၾကၤန္ကာလ ေဖ်ာ္ေျဖခဲ့ၾကတာ ျဖစ္တဲ့အတြက္ တပ္မေတာ္က တရားစြဲဆုိထားတာပါ။

အမႈကေနကြင္းလုံးကၽြတ္လြတ္မယ္ ထင္ထားတာလို႔  သံခ်ပ္အဖြဲ႔ဝင္ေတြရဲ႕ ေရွ႕ေန ေဒၚစန္းစန္းျမင့္က ေျပာပါတယ္။

"အဲလုိနစ္နာေနတဲ့ အေပၚမွာေတာ့ အခု ဆရာမတုိ႔ကေတာ့ အခုခ်လိုက္တဲ့ အမိန္႔နဲ႔ ပတ္သက္ၿပီးေတာ့ ေကာ ေနာက္စြဲဆုိမယ့္ အမႈနဲ႔ပတ္သက္ၿပီးေတာ့ေကာ ဆရာမတုိ႔လႊတ္ေတာ္ သို႔မဟုတ္ အာဏာပုိင္ အဖြဲ႔အစည္းေပါ့ေနာ္ တစ္ခုခုကိုေတာ့ ဆရာမတုိ႔ တင္ျပဖုိ႔ေတာ့ အစီအစဥ္ရွိပါတယ္"

ေက်ာင္းသားေတြအေနနဲ႔ လြတ္ေျမာက္လုိဆႏၵထက္ ျပစ္မႈက်ဴးလြန္းတာ မဟုတ္ဘူးဆုိတာမ်ဳိး ျဖစ္ဖုိ႔ အတြက္ အယူခံတက္သင့္ေၾကာင္း တုိက္တြန္းေပမယ့္ သံခ်ပ္အဖြဲ႔ဝင္ေတြကေတာ့ အယူခံမတက္ဘူးလုိ႔ ေျပာပါတယ္။

သံခ်ပ္စာသားေတြအရ လႊတ္ေတာ္တြင္း တပ္မေတာ္သား ၂၅ ရာခုိင္ႏႈန္း ထြက္သြားဖို႔၊ တပ္မေတာ္ကို ICC အျမန္ဆုံး တင္ဖို႔နဲ႔ ျမန္မာ့ႏုိင္ငံေရးကေန တပ္မေတာ္ အၿပီးအပိုင္ထြက္သြားဖုိ႔ စတဲ့စာသားေတြ ပါတဲ့ သံခ်ပ္စာသားေတြကို ေဖ်ာ္ေျဖခဲ့ၾကတာ ျဖစ္ပါတယ္။

ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ အေနနဲ႔ ဧၿပီလ ၁၀ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္မွာ ေဖ်ာ္ေျဖခဲ့တဲ့ သ႐ုပ္ ေဖာ္မႈေတြ သံခ်ပ္စာသားေတြေၾကာင့္ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာ ထိခုိက္ေစတယ္ဆုိၿပီး ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္မွ ဒုတိယဗိုလ္မွဴးႀကီး သန္းထြန္းျမင့္က တရားစြဲတာ ျဖစ္ပါတယ္။

တရားမွ်တမႈကို လုိခ်င္တဲ့အတြက္ တရားစြဲဆိုတာျဖစ္ၿပီး ဥပေဒရဲ႕အဆုံးအျဖတ္အတုိင္း ျဖစ္တယ္လို႔ တရားလုိျဖစ္သူ ဒုတိယ ဗုိလ္မွဴးႀကီး သန္းထြန္းျမင့္က ဒီေန႔ တရား႐ုံးအၿပီး သတင္းမီဒီယာေတြကို ေျပာပါတယ္။

"ကၽြန္ေတာ္တို႔က ဒီဟာနဲ႔ပတ္သက္ၿပီး ေျပာခ်င္တာက အခြင့္အေရးဆုိတာနဲ႔ ပတ္သက္လုိ႔ရွိရင္ တစ္ဦးတစ္ေယာက္တည္းရဲ႕ အခြင့္အေရးကိုပဲ ၾကည့္လို႔မရဘူး သူတုိ႔စြပ္စြဲခံရတဲ့သူေတြရဲ႕ အခြင့္အေရး တင္မကဘူး တရားလိုေတြအေနနဲ႔ တပ္မေတာ္သားေတြရဲ႕ အခြင့္အေရးကိုလည္း ျပန္ၿပီးေတာ့ စာနာဖို႔ လုိတယ္။ အခုတပ္မေတာ္သားေတြက ခင္ဗ်ားတို႔သိတဲ့အတုိင္းဘဲ အသက္နဲ႔ရင္းၿပီး တုိက္ပြဲဝင္ေနတာ ဒီလိုတိုက္ပြဲဝင္ေနတဲ့သူေတြကို သြားၿပီးေတာ့ ပုတ္ခတ္တာ ေစာ္ကားတာ လုပ္လို႔မရပါဘူး။ တစ္ဘက္ကလည္း တုိင္းျပည္နဲ႔ တာဝန္ထမ္းေဆာင္တာျဖစ္ပါတယ္ အဲေတာ့ ငါတို႔ရဲ႕လူ႔အခြင့္အေရးပဲ ဆုိၿပီးေတာ့ ေျပာခ်င္ရာေျပာမယ္ ပုတ္ခတ္ခ်င္ရာ ပုတ္ခတ္မယ္ ဆုိၿပီးလုပ္လို႔ေတာ့ မရဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က တရားမွ်တမႈကို လုိလားတဲ့အတြက္ေၾကာင့္မုိ႔လုိ႔ တရား႐ုံးမွာ ဦးတုိက္ေလွ်ာက္ျခင္း ျဖစ္ပါတယ္။ ဒါဥပေဒရဲ႕ အဆုံးအျဖတ္ကိုပဲ ကၽြန္ေတာ္တို႔ ခံယူသြားတာ ျဖစ္ပါတယ္"

ဒီေန႔ တရား႐ုံးထုတ္ကို လုံျခံဳေရးရဲတပ္ဖြဲ႔ဝင္ အင္အား အေျမာက္အျမား ခ်ထားတာကိုလည္း ေတြ႔ရပါ တယ္။ ဒါ့အျပင္ သံ႐ုံးအသီးသီးက တာဝန္ရွိသူေတြလည္း လာေရာက္ခဲ့ၾကပါတယ္။

ဒီအမႈကို ေစာင့္ၾကည့္ေနတဲ့အဖဲြ႔အစည္းေတြထဲမွာ လန္ဒန္အေျခစုိက္ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖဲြ႔လည္း ပါဝင္ပါတယ္။

သံခ်ပ္စာသားတစ္ခုအတြက္ အခုလုိ ေထာင္ဒဏ္ခ်မွတ္တဲ့အေပၚ အင္မတန္ စိတ္ပ်က္မိေၾကာင္းနဲ႔၊ ဒါဟာ ျမန္မာႏုိင္ငံမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ အေျခအေန ဆုိးဝါးေနတာကို ျပသလိုက္တာပဲ ျဖစ္တယ္လို႔ ဒီအဖြဲ႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္နဲ႔ ပတ္သက္ၿပီး ဒုတိယဗုိလ္မွဴးႀကီး သန္းထြန္းျမင့္က ဒီေန႔ ေျပာခဲ့ တာလည္း ရွိေနပါတယ္။

"ေနာက္တစ္ခ်က္က လူ႔အခြင့္အေရးကိစၥေပါ့ဗ်ာ သူတို႔ေခ်ပတာက လူသားတုိင္းဟာ မိမိတို႔ရဲ႕ ယုံၾကည္ခ်က္ ထင္ျမင္ယူဆခ်က္ေတြကို လြတ္လပ္စြာ ေျပာဆုိခြင့္ရွိတယ္ သူတို႔ၫႊန္းတဲ့ဥစၥာက ကမာၻ႔ လူ႔အခြင့္အေရး ေၾကညာစာတမ္း Article 19 ေပါ့။ အပုိဒ္ ၁၉ ကိုရည္ၫႊန္းတာ။ အဲဒီအခ်က္အရ လူသားတုိင္းဟာ မိမိတုိ႔ရဲ႕ယုံၾကည္ခ်က္ေတြကို ထင္ျမင္ယူဆခ်က္ေတြကို လြတ္လပ္စြာ ေျပာဆုိခြင့္ ရွိတယ္ ဒါ့ေၾကာင့္မုိ႔လုိ႔ ေျပာတယ္ဆုိၿပီးေတာ့ တရားခြင့္မွာ ေခ်ပတယ္ သို႔ေသာ္လည္းပဲ အဲဒီကမာၻ႔လူ႔ အခြင့္အေရးေၾကညာ စာတမ္းအပိုဒ္ ၂၉ Article 29 ရဲ႕ အပိုဒ္ခြဲ ၂ မွာ ဘယ္လုိျပဌာန္းထားသလဲ ဆုိလို႔ရွိရင္ မိမိတို႔၏ လြတ္လပ္ခြင့္နဲ႔ အခြင့္အေရးမ်ားကို က်င့္သုံးတဲ့အခါမွာ အျခားသူမ်ား၏ လြတ္လပ္ခြင့္ႏွင့္ အခြင့္အေရးမ်ားကို အထူးဂ႐ုျပဳရမည္ ဥပေဒအရ ကန္႔သတ္ထားတဲ့ သတ္မွတ္ခ်က္မ်ားအတုိင္းသာ လုိက္နာက်င့္သုံးရမည္ဆုိၿပီးေတာ့ ျပဌာန္းထားပါတယ္"

တပ္မေတာ္ရဲ႕ စြပ္စြဲခ်က္ေတြအတုိင္း သံခ်ပ္စာသားေတြကို ထုိးခဲ့တာ မဟုတ္ဘဲ ဖြဲ႔စည္းျပင္ဆင္ေရးနဲ႔ ႏုိင္ငံေရး အခန္းက႑ကေန ထြက္သြားဖုိ႔ ျဖစ္ေၾကာင္း ကိုေဇယ်ာလြင္က ေျပာပါတယ္။

"တကယ္တမ္းက်ေတာ့ ကၽြန္ေတာ္တုိ႔ဟာ တပ္ကို ပုတ္ခတ္ေစာ္ကားလုိျခင္း မဟုတ္ဘူး။ ကၽြန္ေတာ္တို႔ ဖြဲ႔စည္းပုံ ျပင္ခ်င္တယ္။ ႏုိင္ငံေရးအခန္းက႑ကေန တပ္ကိုထြက္သြားေစခ်င္တယ္။ အဲဒီအတြက္ ကၽြန္ေတာ္တို႔ တပ္ကို က်င့္ဝတ္ရွိတဲ့တပ္ျဖစ္ေအာင္ ကၽြန္ေတာ္တို႔ သံခ်ပ္စာသားေတြ ထုိးခဲ့ျခင္း ျဖစ္တယ္"

သံခ်ပ္အဖြဲ႔ဝင္ ကိုပိုင္ၿဖိဳးမင္း ကလည္း တပ္မေတာ္အေနနဲ႔ ႏုိင္ငံေရးက အျမန္ဆုံးထြက္ခြာဖို႔ ျပည္သူ ေတြအေနနဲ႔ ဖိအားေပးဖုိ႔ လုိအပ္ေၾကာင္း ေျပာပါတယ္။

"ကၽြန္ေတာ္တုိ႔ ျပည္သူေတြဟာ လက္ရွိရလာတဲ့ အေျခအေနအခြင့္အေရးေလး နည္းနည္းေလးေလာက္ကို ေရာင့္ရဲတင္းတိမ္ေနၿပီးေတာ့ စစ္တပ္ဟာ သေဘာထားေျပာင္းသြားၿပီဆုိၿပီးေတာ့ ေျမေခြးေနာက္ ကၽြန္ေတာ္တုိ႔ ဆက္မလိုက္ၾကပါနဲ႔ ဒီေန႔လုိမ်ဳိး တစ္ပတ္တစ္ပတ္ ျပန္လည္လာတုိင္း ကၽြန္ေတာ္တို႔လုိမ်ဳိး မတရား စြပ္စြဲခံရမႈေတြ ထပ္ၾကံဳလာအုံးမွာပါ ဆုိေတာ့ စစ္တပ္ကို အဆုံးအထိ ဖိအားေပးဖုိ႔ လုိပါတယ္"

တရား႐ုံးအမိန္႔ခ်မွတ္တဲ့အေပၚ ေနာက္ကြယ္ကေန ဖိအားေတြရွိေနတယ္လုိ႔ မဆုရတနာျမင့္က ယူဆပါတယ္။

"တရားသူႀကီးဆုိတာ ႏုိင္ငံေတာ္နဲ႔ ႏုိင္ငံသားေတြေပၚမွာ သစၥာရွိဖုိ႔ လုိအပ္ပါတယ္။ က်မတို႔ ဒီေန႔ ခ်လိုက္တဲ့ ျပစ္မႈမေျမႇာက္တဲ့ အမႈကို ျပစ္ဒဏ္ အမိန္႔ခ်လိုက္တယ္ဆုိတာ တရားသူႀကီးရဲ႕ အေပၚမွာ ဘယ္လုိဖိအားေတြ ရွိေနတယ္ဆုိတာ အားလုံးမ်က္ျမင္သက္ေသျဖစ္ပါတယ္။ ပါးစပ္နဲ႔သံခ်ပ္ထုိးတဲ့ လူငယ္ေတြကို လက္နက္ကိုင္ထားတဲ့ လူႀကီးေတြက ဖိန္႔ဖိန္႔တုန္ေအာင္ ေၾကာက္တယ္ဆုိတာ ဒီေန႔ဟာ မ်က္ျမင္သက္ေသပါပဲ"

၈၈ မ်ဳိးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းက မနီလာသိန္းကလည္း ဒီေန႔ တရားရံုးရဲ႕အမိန္႔ခ် မွတ္လိုက္တာကို အခုလုိေျပာပါတယ္။

"ၿငိမ္းခ်မ္းေရး အေနအထားေတြကို ေက်ာင္းသားေတြက သံခ်ပ္နဲ႔ပုံေဖာ္တယ္ ဒီအေပၚမွာ သံခ်ပ္ရဲ႕ အႏုပညာကို ပ်က္စီးေအာင္လုပ္လိုက္တဲ့ ဥပေဒမဲ့ လုပ္ေဆာင္လိုက္တဲ့ လုပ္ရပ္ဟာ က်မတုိ႔ႏုိင္ငံ အတြက္ အရမ္းအက်ည္းတန္ ႐ုပ္ဆုိးပါတယ္။ ၿငိမ္းခ်မ္းေရး ၿငိမ္းခ်မ္းေရးလုိ႔ ေဖာ္ေဆာင္ေနတဲ့ စကား လုံးေတြဟာ ဒီေန႔မွာဆုိ အဓိပၸါယ္မဲ့သလုိ ျဖစ္သြားပါတယ္"

ေနာက္ႏွစ္ပတ္ေနရင္ေတာ့ ဒီမုိကေရစီေရး ပုံေဖာ္ေနသူေတြကို ျပစ္ဒဏ္ခ်မွတ္ခံေနရတာေတြနဲ႔ ပတ္ သက္ၿပီး အစုိးရထံ စာပို႔သြားမယ္လို႔ ဗကသ အဖြဲ႔ဝင္ေဟာင္း ကိုမင္းေသြးသစ္က ေျပာပါတယ္။

"ဗုိလ္တေထာင္တရား႐ုံးမွာ အမိန္႔ခ်ၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ အစုိးရဆီ စာပို႔သြားမွာ။ ဘာလုိ႔လဲ ဆုိေတာ့ ဒါဒီမုိကေရစီ အစုိးရလုိ႔ေျပာတယ္။ ဒီမုိကရက္တစ္ အေျခခံစံႏႈန္းေတြကို အသုံးခ်ၿပီးေတာ့ တရားစြဲခံရတာ ေထာင္ခ်တာမ်ဳိးေတြ မျဖစ္သင့္ဘူးဆုိတာ စာပို႔မယ္။ ကၽြန္ေတာ္တုိ႔ စစ္တပ္ကိုေတာ့ ဘာမွေျပာစရာ မရွိဘူး။ နဂုိတည္းက ဆုံးမလုိ႔မရတဲ့ လူမ်ဳိးျဖစ္ေနတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔ သူတုိ႔ကိုလည္း ေမတၱာရပ္ခံတာေတြ ကန္႔ကြက္တာေတြ စာပုိ႔တာေတြ လုပ္မွာမဟုတ္ဘူး။ ဘာမွနားမလည္တဲ့လူအတြက္ ဘာမွ နားမလည္တဲ့လူအတြက္ ကၽြန္ေတာ္တုိ႔ ဘာမွေျပာစရာမရွိဘူး"

ေဒါင္းတို႔မ်ဳိးဆက္သံခ်ပ္အဖြဲ႔ဝင္ေတြရဲ႕ ႐ုံးခ်ိန္းကို လာေရာက္ခဲ့ၾကတဲ့ ႏုိင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ အေျမာက္အျမားလာေရာက္ခဲ့ၾကၿပီး တပ္မေတာ္ရဲ႕ တရားစြဲမႈေတြကို ႐ုပ္သိမ္းေပးေရး စာသားပါတဲ့ အျပာေရာင္ အက်ႌလႈပ္ရွားမႈကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

သူတို႔ေတြဟာ မရမ္းကုန္းၿမိဳ႕နယ္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ နဲ႔ ဧရာဝတီတိုင္း ပုသိမ္နဲ႔ ဖ်ာပံုၿမိဳ႕နယ္ေတြမွာ သံခ်ပ္ထိုးခဲ့ၾကတာျဖစ္ၿပီး အဲဒီၿမိဳ႕နယ္ေတြက တရားရံုးေတြမွာလည္း အလားတူ အမႈအတြက္ တရားရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------------
Unicode
သံချပ်ထိုးသူ ငါးဦး ထောင်တစ်နှစ်စီကျ၊ စီရင်ချက်ကို AI အဖွဲ့ ကန့်ကွက်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ၂၀၁၉၊ အောက်တိုဘာ ၃၀ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်း တို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ သံချပ်စာသားတွေနဲ့ သင်္ကြန်ကာလ ဖျော်ဖြေခဲ့ကြတာ ဖြစ်တဲ့အတွက် တပ်မတော်က တရားစွဲဆိုထားတာပါ။

အမှုကနေကွင်းလုံးကျွတ်လွတ်မယ် ထင်ထားတာလို့  သံချပ်အဖွဲ့ဝင်တွေရဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

"အဲလိုနစ်နာနေတဲ့ အပေါ်မှာတော့ အခု ဆရာမတို့ကတော့ အခုချလိုက်တဲ့ အမိန့်နဲ့ ပတ်သက်ပြီးတော့ ကော နောက်စွဲဆိုမယ့် အမှုနဲ့ပတ်သက်ပြီးတော့ကော ဆရာမတို့လွှတ်တော် သို့မဟုတ် အာဏာပိုင် အဖွဲ့အစည်းပေါ့နော် တစ်ခုခုကိုတော့ ဆရာမတို့ တင်ပြဖို့တော့ အစီအစဉ်ရှိပါတယ်"

ကျောင်းသားတွေအနေနဲ့ လွတ်မြောက်လိုဆန္ဒထက် ပြစ်မှုကျူးလွန်းတာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်ဖို့ အတွက် အယူခံတက်သင့်ကြောင်း တိုက်တွန်းပေမယ့် သံချပ်အဖွဲ့ဝင်တွေကတော့ အယူခံမတက်ဘူးလို့ ပြောပါတယ်။

သံချပ်စာသားတွေအရ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားဖို့၊ တပ်မတော်ကို ICC အမြန်ဆုံး တင်ဖို့နဲ့ မြန်မာ့နိုင်ငံရေးကနေ တပ်မတော် အပြီးအပိုင်ထွက်သွားဖို့ စတဲ့စာသားတွေ ပါတဲ့ သံချပ်စာသားတွေကို ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အနေနဲ့ ဧပြီလ ၁၀ ရက်နေ့က မရမ်းကုန်းမြို့နယ်မှာ ဖျော်ဖြေခဲ့တဲ့ သရုပ် ဖော်မှုတွေ သံချပ်စာသားတွေကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားစွဲတာ ဖြစ်ပါတယ်။

တရားမျှတမှုကို လိုချင်တဲ့အတွက် တရားစွဲဆိုတာဖြစ်ပြီး ဥပဒေရဲ့အဆုံးအဖြတ်အတိုင်း ဖြစ်တယ်လို့ တရားလိုဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဒီနေ့ တရားရုံးအပြီး သတင်းမီဒီယာတွေကို ပြောပါတယ်။

"ကျွန်တော်တို့က ဒီဟာနဲ့ပတ်သက်ပြီး ပြောချင်တာက အခွင့်အရေးဆိုတာနဲ့ ပတ်သက်လို့ရှိရင် တစ်ဦးတစ်ယောက်တည်းရဲ့ အခွင့်အရေးကိုပဲ ကြည့်လို့မရဘူး သူတို့စွပ်စွဲခံရတဲ့သူတွေရဲ့ အခွင့်အရေး တင်မကဘူး တရားလိုတွေအနေနဲ့ တပ်မတော်သားတွေရဲ့ အခွင့်အရေးကိုလည်း ပြန်ပြီးတော့ စာနာဖို့ လိုတယ်။ အခုတပ်မတော်သားတွေက ခင်ဗျားတို့သိတဲ့အတိုင်းဘဲ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတာ ဒီလိုတိုက်ပွဲဝင်နေတဲ့သူတွေကို သွားပြီးတော့ ပုတ်ခတ်တာ စော်ကားတာ လုပ်လို့မရပါဘူး။ တစ်ဘက်ကလည်း တိုင်းပြည်နဲ့ တာဝန်ထမ်းဆောင်တာဖြစ်ပါတယ် အဲတော့ ငါတို့ရဲ့လူ့အခွင့်အရေးပဲ ဆိုပြီးတော့ ပြောချင်ရာပြောမယ် ပုတ်ခတ်ချင်ရာ ပုတ်ခတ်မယ် ဆိုပြီးလုပ်လို့တော့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့က တရားမျှတမှုကို လိုလားတဲ့အတွက်ကြောင့်မို့လို့ တရားရုံးမှာ ဦးတိုက်လျှောက်ခြင်း ဖြစ်ပါတယ်။ ဒါဥပဒေရဲ့ အဆုံးအဖြတ်ကိုပဲ ကျွန်တော်တို့ ခံယူသွားတာ ဖြစ်ပါတယ်"

ဒီနေ့ တရားရုံးထုတ်ကို လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အား အမြောက်အမြား ချထားတာကိုလည်း တွေ့ရပါ တယ်။ ဒါ့အပြင် သံရုံးအသီးသီးက တာဝန်ရှိသူတွေလည်း လာရောက်ခဲ့ကြပါတယ်။

ဒီအမှုကို စောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေထဲမှာ လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့လည်း ပါဝင်ပါတယ်။

သံချပ်စာသားတစ်ခုအတွက် အခုလို ထောင်ဒဏ်ချမှတ်တဲ့အပေါ် အင်မတန် စိတ်ပျက်မိကြောင်းနဲ့၊ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ဆိုးဝါးနေတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ဒီအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဒီနေ့ ပြောခဲ့ တာလည်း ရှိနေပါတယ်။

"နောက်တစ်ချက်က လူ့အခွင့်အရေးကိစ္စပေါ့ဗျာ သူတို့ချေပတာက လူသားတိုင်းဟာ မိမိတို့ရဲ့ ယုံကြည်ချက် ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ် သူတို့ညွှန်းတဲ့ဥစ္စာက ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း Article 19 ပေါ့။ အပိုဒ် ၁၉ ကိုရည်ညွှန်းတာ။ အဲဒီအချက်အရ လူသားတိုင်းဟာ မိမိတို့ရဲ့ယုံကြည်ချက်တွေကို ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ် ဒါ့ကြောင့်မို့လို့ ပြောတယ်ဆိုပြီးတော့ တရားခွင့်မှာ ချေပတယ် သို့သော်လည်းပဲ အဲဒီကမ္ဘာ့လူ့ အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၂၉ Article 29 ရဲ့ အပိုဒ်ခွဲ ၂ မှာ ဘယ်လိုပြဌာန်းထားသလဲ ဆိုလို့ရှိရင် မိမိတို့၏ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးများကို ကျင့်သုံးတဲ့အခါမှာ အခြားသူများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို အထူးဂရုပြုရမည် ဥပဒေအရ ကန့်သတ်ထားတဲ့ သတ်မှတ်ချက်များအတိုင်းသာ လိုက်နာကျင့်သုံးရမည်ဆိုပြီးတော့ ပြဌာန်းထားပါတယ်"

တပ်မတော်ရဲ့ စွပ်စွဲချက်တွေအတိုင်း သံချပ်စာသားတွေကို ထိုးခဲ့တာ မဟုတ်ဘဲ ဖွဲ့စည်းပြင်ဆင်ရေးနဲ့ နိုင်ငံရေး အခန်းကဏ္ဍကနေ ထွက်သွားဖို့ ဖြစ်ကြောင်း ကိုဇေယျာလွင်က ပြောပါတယ်။

"တကယ်တမ်းကျတော့ ကျွန်တော်တို့ဟာ တပ်ကို ပုတ်ခတ်စော်ကားလိုခြင်း မဟုတ်ဘူး။ ကျွန်တော်တို့ ဖွဲ့စည်းပုံ ပြင်ချင်တယ်။ နိုင်ငံရေးအခန်းကဏ္ဍကနေ တပ်ကိုထွက်သွားစေချင်တယ်။ အဲဒီအတွက် ကျွန်တော်တို့ တပ်ကို ကျင့်ဝတ်ရှိတဲ့တပ်ဖြစ်အောင် ကျွန်တော်တို့ သံချပ်စာသားတွေ ထိုးခဲ့ခြင်း ဖြစ်တယ်"

သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း ကလည်း တပ်မတော်အနေနဲ့ နိုင်ငံရေးက အမြန်ဆုံးထွက်ခွာဖို့ ပြည်သူ တွေအနေနဲ့ ဖိအားပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။

"ကျွန်တော်တို့ ပြည်သူတွေဟာ လက်ရှိရလာတဲ့ အခြေအနေအခွင့်အရေးလေး နည်းနည်းလေးလောက်ကို ရောင့်ရဲတင်းတိမ်နေပြီးတော့ စစ်တပ်ဟာ သဘောထားပြောင်းသွားပြီဆိုပြီးတော့ မြေခွေးနောက် ကျွန်တော်တို့ ဆက်မလိုက်ကြပါနဲ့ ဒီနေ့လိုမျိုး တစ်ပတ်တစ်ပတ် ပြန်လည်လာတိုင်း ကျွန်တော်တို့လိုမျိုး မတရား စွပ်စွဲခံရမှုတွေ ထပ်ကြုံလာအုံးမှာပါ ဆိုတော့ စစ်တပ်ကို အဆုံးအထိ ဖိအားပေးဖို့ လိုပါတယ်"

တရားရုံးအမိန့်ချမှတ်တဲ့အပေါ် နောက်ကွယ်ကနေ ဖိအားတွေရှိနေတယ်လို့ မဆုရတနာမြင့်က ယူဆပါတယ်။

"တရားသူကြီးဆိုတာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေပေါ်မှာ သစ္စာရှိဖို့ လိုအပ်ပါတယ်။ ကျမတို့ ဒီနေ့ ချလိုက်တဲ့ ပြစ်မှုမမြှောက်တဲ့ အမှုကို ပြစ်ဒဏ် အမိန့်ချလိုက်တယ်ဆိုတာ တရားသူကြီးရဲ့ အပေါ်မှာ ဘယ်လိုဖိအားတွေ ရှိနေတယ်ဆိုတာ အားလုံးမျက်မြင်သက်သေဖြစ်ပါတယ်။ ပါးစပ်နဲ့သံချပ်ထိုးတဲ့ လူငယ်တွေကို လက်နက်ကိုင်ထားတဲ့ လူကြီးတွေက ဖိန့်ဖိန့်တုန်အောင် ကြောက်တယ်ဆိုတာ ဒီနေ့ဟာ မျက်မြင်သက်သေပါပဲ"

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကလည်း ဒီနေ့ တရားရုံးရဲ့အမိန့်ချ မှတ်လိုက်တာကို အခုလိုပြောပါတယ်။

"ငြိမ်းချမ်းရေး အနေအထားတွေကို ကျောင်းသားတွေက သံချပ်နဲ့ပုံဖော်တယ် ဒီအပေါ်မှာ သံချပ်ရဲ့ အနုပညာကို ပျက်စီးအောင်လုပ်လိုက်တဲ့ ဥပဒေမဲ့ လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်ဟာ ကျမတို့နိုင်ငံ အတွက် အရမ်းအကျည်းတန် ရုပ်ဆိုးပါတယ်။ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလို့ ဖော်ဆောင်နေတဲ့ စကား လုံးတွေဟာ ဒီနေ့မှာဆို အဓိပ္ပါယ်မဲ့သလို ဖြစ်သွားပါတယ်"

နောက်နှစ်ပတ်နေရင်တော့ ဒီမိုကရေစီရေး ပုံဖော်နေသူတွေကို ပြစ်ဒဏ်ချမှတ်ခံနေရတာတွေနဲ့ ပတ် သက်ပြီး အစိုးရထံ စာပို့သွားမယ်လို့ ဗကသ အဖွဲ့ဝင်ဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။

"ဗိုလ်တထောင်တရားရုံးမှာ အမိန့်ချပြီးရင်တော့ ကျွန်တော်တို့ အစိုးရဆီ စာပို့သွားမှာ။ ဘာလို့လဲ ဆိုတော့ ဒါဒီမိုကရေစီ အစိုးရလို့ပြောတယ်။ ဒီမိုကရက်တစ် အခြေခံစံနှုန်းတွေကို အသုံးချပြီးတော့ တရားစွဲခံရတာ ထောင်ချတာမျိုးတွေ မဖြစ်သင့်ဘူးဆိုတာ စာပို့မယ်။ ကျွန်တော်တို့ စစ်တပ်ကိုတော့ ဘာမှပြောစရာ မရှိဘူး။ နဂိုတည်းက ဆုံးမလို့မရတဲ့ လူမျိုးဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ သူတို့ကိုလည်း မေတ္တာရပ်ခံတာတွေ ကန့်ကွက်တာတွေ စာပို့တာတွေ လုပ်မှာမဟုတ်ဘူး။ ဘာမှနားမလည်တဲ့လူအတွက် ဘာမှ နားမလည်တဲ့လူအတွက် ကျွန်တော်တို့ ဘာမှပြောစရာမရှိဘူး"

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေရဲ့ ရုံးချိန်းကို လာရောက်ခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အမြောက်အမြားလာရောက်ခဲ့ကြပြီး တပ်မတော်ရဲ့ တရားစွဲမှုတွေကို ရုပ်သိမ်းပေးရေး စာသားပါတဲ့ အပြာရောင် အင်္ကျီလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

သူတို့တွေဟာ မရမ်းကုန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် နဲ့ ဧရာဝတီတိုင်း ပုသိမ်နဲ့ ဖျာပုံမြို့နယ်တွေမှာ သံချပ်ထိုးခဲ့ကြတာဖြစ်ပြီး အဲဒီမြို့နယ်တွေက တရားရုံးတွေမှာလည်း အလားတူ အမှုအတွက် တရားရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
သံခ်ပ္ထိုးသူ ငါးဦး ေထာင္တစ္ႏွစ္စီက်၊ စီရင္ခ်က္ကုိ AI အဖြဲ႔ ကန္႔ကြက္ သံခ်ပ္ထိုးသူ ငါးဦး ေထာင္တစ္ႏွစ္စီက်၊ စီရင္ခ်က္ကုိ AI အဖြဲ႔ ကန္႔ကြက္ Reviewed by THITHTOOLWIN on 00:00 Rating: 5
Powered by Blogger.