အရပ္သား ၃၀ ေက်ာ္ ဖမ္းဆီးစစ္ေဆးေနဟု AA အတည္ျပဳ

AA အဖဲြ႔ (သတင္းဓာတ္ပံု - ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)
Zawgyi
ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔က ဖမ္းထားတဲ့ အရပ္သား ၃၀ ေက်ာ္ကို စီစစ္ေနတယ္လို႔ AA တာ၀န္ရိွသူေတြက ေျပာပါတယ္။ ဖမ္းဆီးခံရတဲ့အထဲမွာပါတဲ့ မီးသတ္တပ္ဖဲြ႔၀င္ေတြကို ျမန္မာစစ္တပ္ရဲ႕ အဓိကက်တဲ့ အရန္အင္အားအျဖစ္နဲ႔ AA အဖဲြ႕က သေဘာထားတယ္လို႔ ေျပာပါတယ္။ ျမန္မာစစ္တပ္ဘက္ကလည္း အဖမ္းခံရသူေတြ လြတ္ေျမာက္ေရးအတြက္ နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြ လုပ္ေနပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေျမာက္ဦး-စစ္ေတြကားလမ္း၊ ကံႀကီးေကြ႔ မိုင္တိုင္အမွတ္ ၁၂၇ အနီးမွာ ေရႊျပည္သစ္ ခရီးသည္တင္ယာဥ္နဲ႔ လိုက္ပါလာတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ ၁၉ ဦးနဲ႔ ခရီးသည္ ၁၂ ဦးတို႔ကို AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကေန ျပီးခဲ့တဲ့ေသာၾကာေန႔က ဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။

လက္ရွိ ဖမ္းဆီးထိန္းသိမ္းထားတဲ့ သူေတြကို စီစစ္ေနဆဲလို႔ AA ေျပာခြင့္ရခိုင္သုခက အခုလိုေျပာပါတယ္။

“အဲဒီဖမ္းဆီးထားတဲ့သူေတြ သူတို႔ေျပာသလိုမ်ိဳး မီးသတ္တကယ္စစ္ရဲ႕လား ဆိုတဲ့ ဥစၥာလဲပဲ က်ေနာ္တို႔ ဆက္ျပီးေတာ့ စီစစ္ေနတုန္းပဲ ရွိေသးတယ္ဗ်။”

ဖမ္းဆီးထားတဲ့ သူေတြအထဲမွာ မႏၱေလးတိုင္း ဇီးပင္ႀကီးသင္တန္းေက်ာင္းကေန ေျမာက္ဦးကို ျပန္လာၾကတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ေတြ ပါ၀င္ေနတာေၾကာင့္ စစ္ေဆးေနဆဲကာလအတြင္း ၾကိဳတင္ေျပာဆိုလို႔ မရေၾကာင္း ခိုင္သုခက ေျပာပါတယ္။

“မီးသတ္ဆိုလို႔ရွိရင္လည္းပဲ တကယ္ မီးသတ္ျဖစ္ေနရင္ေတာင္မွ မီးသတ္ဆိုတဲ့ဥစၥာက စစ္တပ္ရဲ႕ အရန္အင္အားေတြထဲက အဓိကအစိတ္ပိုင္းလို႔ ေျပာလို႔ရတယ္။ သိပ္မၾကာခင္ကေတာင္မွ သူတို႔အဲဒီမွာ အစည္းေ၀းလုပ္တာ ရွိေသးတယ္။ စစ္တပ္ရယ္၊ အဲဒီမွာရဲရယ္၊ မီးသတ္ရယ္၊ အက်ဥ္းဦးစီးရယ္ေပါ့ေနာ္ သူတို႔ ဒီ AA ကိုေနျပီးေတာ့ ထိထိေရာက္ေရာက္ပူးေပါင္း ေခ်မႈန္းမယ္ဆိုျပီးေတာ့ အဲဒီလို အစည္းေ၀းေတြ လုပ္တာရွိေသးတယ္။ စစ္ေတြမွာ။ အဲတာေၾကာင့္မို႕လို႔က်ေနာ္တို႔ဘက္ကလည္း လိုအပ္တဲ့ စစ္ေဆးမႈေတြ လုပ္ရတာဗ်။ ျပီးေတာ့ စစ္ဆင္ေရးဇုန္ထဲမွာ ၀င္ေရာက္လာတဲ့ မသကၤာစရာလႈပ္ရွားသြား လာမႈေတြ အားလုံးကိုေတာ့ က်ေနာ္တို႔ကေတာ့ လုံျခံဳေရးအရ စီစစ္ရမွာ ရွိတယ္။ လုံၿခံဳေရးအရ စစ္ေဆးေနတဲ့ကာလမွာ ဘာလုပ္မယ္ဆိုတဲ့ဥစၥာ တစုံတရာ ေျပာေပးလို႔မရေသးဘူး ခင္ဗ်။”

မီးသတ္သင္တန္းဆင္း လူငယ္ ၁၈ ေယာက္နဲ႔ ဒု-မီးသတ္ဦးစီးမွဴး တဦးတို႔ဟာ စစ္ေတြ၊ ေက်ာက္ေတာ္၊ သံတြဲ၊ ဂြ၊ ဘူးသီးေတာင္စတဲ့ ရခုိင္ျပည္နယ္ ၿမိဳ႕နယ္အသီးသီးကျဖစ္ၿပီး ဇီးပင္ၾကီးကေန သင္တန္းဆင္းျပီး ေနရပ္အသီးသီးကုိ ျပန္လာၾကစဥ္အခုလို အဖမ္းဆီးခံခဲ့ရတာပါ။

မီးတပ္တပ္ဖြဲ႔၀င္ေတြဟာ တပ္မေတာ္ရဲ႕အရန ္အင္အားျဖစ္ေၾကာင္း AA အဖြဲ႔ရဲ႕ေျပာဆိုမွဳအေပၚ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ ္တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက အခုလိုေျပာပါတယ္။

“အဲဒီ မီးသတ္တပ္ဖြဲ႔၀င္ေတြဆိုတာ သူ႔ဟာဘာမွ တပ္မေတာ္အရန္ အင္အားဘာေတြ ေလ်ွာက္ေျပာေနတာ။ သူ႔ဟာ ျပည္သူ႔ အက်ိဳးျပဳလုပ္ေနတဲ့ အဖြဲ႔အစည္းေတြ။ ဒီေကာင္ေတြ သိတယ္ သူ႔ဟာသူေလွ်ာက္ေျပာတာ။”

ဖမ္းဆီးထားတဲ့ သူေတြအထဲမွာ မီးတပ္အဖြဲ႔၀င္ ၁၉ ဦး ေအးရွားေ၀ါလ္ကုမၸဏီဝန္ထမ္း ၈ ဦးနဲ႔ ခရီးသည္အေပါင္း ၃၀ ေက်ာ ္ပါ၀င္ေနတာပါ။

အပစ္မရွိတဲ့ လူေတြကိုျပန္လည္လႊတ္ေပးေရးဟာ ရံုးခ်ဳပ္ရဲ႕ ညႊန္ၾကားခ်က္အရ လုပ္ေဆာင္သြားမယ္လို႔ ခိုင္သုခက ဆက္ေျပာပါတယ္။

“တကယ္အပစ္မရွိတဲ့သူေတြကိုေတာ့ ေနာက္ပိုင္းမွာေတာ့ ဒါက်ေနာ္တို႔ အေကာင္းဆုံးေဆာင္ရြက္မွာေပါ့။ ဒါက်ေနာ္တို႔ရဲ႕ ရံုးခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပဲ ဆိုင္ပါတယ္။”

အဖမ္းဆီးခံရသူေတြ ျပန္လည္လြတ္ေျမာက္ေရးနဲ႔ နယ္ေျမလုံျခံဳေရးအတြက္ တပ္မေတာ္ကေန နယ္ေျမလုံျခံဳေရး ေဆာင္ရြက္ေနတယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက ေျပာပါတယ္။

“ဘာမွအဆက္သြယ္ မရေသးဘူး။ ဆက္ျပီးေတာ့မွ နယ္ေျမရွင္းလင္းေရး လုပ္ေနတာပဲ ဒါပဲေျပာလို႔ရတယ္။ က်န္တာေတာ့ ဘာမွမရဘူး။ က်ေနာ္တို႔က နယ္ေျမရွင္းလင္းေရး လုပ္ေနတာပဲေလ။”

ရခုိင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တုိက္ပြဲျဖစ္စဥ္အတြင္း တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တုိ႔ဟာ တဘက္နဲ႔ တဘက္ မသကၤာသူေတြကုိ ဖမ္းဆီးစစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကေန ဒီေန႔အထိ တပ္မေတာ္က သံသယနဲ႔ ဖမ္းဆီး စစ္ေဆးခံေနရတဲ့သူ ရာခ်ီရွိေနသလို ရခိုင္လက္နက္ကိုင္အဖြဲ႔ဘက္ကလည္း အစိုးရတပ္မေတာ္လုပ္ငန္းနဲ႔ သက္ဆိုင္တဲ့သူေတြကို ဖမ္းဆီးမႈေတြ ရွိေနခဲ့ပါတယ္။

[Unicode Version]

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မြောက်ဦးမြို့နယ်အတွင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းထားတဲ့ အရပ်သား ၃၀ ကျော်ကို စီစစ်နေတယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာပါတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်ရဲ့ အဓိကကျတဲ့ အရန်အင်အားအဖြစ်နဲ့ AA အဖွဲ့က သဘောထားတယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်ဘက်ကလည်း အဖမ်းခံရသူတွေ လွတ်မြောက်ရေးအတွက် နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦး-စစ်တွေကားလမ်း၊ ကံကြီးကွေ့ မိုင်တိုင်အမှတ် ၁၂၇ အနီးမှာ ရွှေပြည်သစ် ခရီးသည်တင်ယာဉ်နဲ့ လိုက်ပါလာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ ခရီးသည် ၁၂ ဦးတို့ကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ပြီးခဲ့တဲ့သောကြာနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို စီစစ်နေဆဲလို့ AA ပြောခွင့်ရခိုင်သုခက အခုလိုပြောပါတယ်။

“အဲဒီဖမ်းဆီးထားတဲ့သူတွေ သူတို့ပြောသလိုမျိုး မီးသတ်တကယ်စစ်ရဲ့လား ဆိုတဲ့ ဥစ္စာလဲပဲ ကျနော်တို့ ဆက်ပြီးတော့ စီစစ်နေတုန်းပဲ ရှိသေးတယ်ဗျ။”

ဖမ်းဆီးထားတဲ့ သူတွေအထဲမှာ မန္တလေးတိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်နေတာကြောင့် စစ်ဆေးနေဆဲကာလအတွင်း ကြိုတင်ပြောဆိုလို့ မရကြောင်း ခိုင်သုခက ပြောပါတယ်။

“မီးသတ်ဆိုလို့ရှိရင်လဲပဲ တကယ် မီးသတ်ဖြစ်နေရင်တောင်မှ မီးသတ်ဆိုတဲ့ဥစ္စာက စစ်တပ်ရဲ့ အရန်အင်အားတွေထဲက အဓိကအစိတ်ပိုင်းလို့ ပြောလို့ရတယ်။ သိပ်မကြာခင်ကတောင်မှ သူတို့အဲဒီမှာ အစည်းဝေးလုပ်တာ ရှိသေးတယ်။ စစ်တပ်ရယ်၊ အဲဒီမှာရဲရယ်၊ မီးသတ်ရယ်၊ အကျဉ်းဦးစီးရယ်ပေါ့နော် သူတို့ ဒီ AA ကိုနေပြီးတော့ ထိထိရောက်ရောက်ပူးပေါင်း ချေမှုန်းမယ်ဆိုပြီးတော့ အဲဒီလိုအစည်းဝေးတွေလုပ်တာရှိသေးတယ်။ စစ်တွေမှာ။ အဲတာကြောင့်မို့လို့ကျနော်တို့ဘက်ကလည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရတာဗျ။ ပြီးတော့ စစ်ဆင်ရေးဇုန်ထဲမှာ ဝင်ရောက်လာတဲ့ မသင်္ကာစရာလှုပ်ရှားသွား လာမှုတွေ အားလုံးကိုတော့ ကျနော်တို့ကတော့ လုံခြုံရေးအရ စီစစ်ရမှာ ရှိတယ်။ လုံခြုံရေးအရ စစ်ဆေးနေတဲ့ကာလမှာ ဘာလုပ်မယ်ဆိုတဲ့ဥစ္စာ တစုံတရာ ပြောပေးလို့မရသေးဘူး ခင်ဗျ။”

မီးသတ်သင်တန်းဆင်း လူငယ် ၁၈ ယောက်နဲ့ ဒု-မီးသတ်ဦးစီးမှူး တဦးတို့ဟာ စစ်တွေ၊ ကျောက်တော်၊ သံတွဲ၊ ဂွ၊ ဘူးသီးတောင်စတဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးကဖြစ်ပြီး ဇီးပင်ကြီးကနေ သင်တန်းဆင်းပြီး နေရပ်အသီးသီးကို ပြန်လာကြစဉ်အခုလို အဖမ်းဆီးခံခဲ့ရတာပါ။

မီးတပ်တပ်ဖွဲ့ဝင်တွေဟာ တပ်မတော်ရဲ့အရန ်အင်အားဖြစ်ကြောင်း AA အဖွဲ့ရဲ့ပြောဆိုမှုအပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“အဲဒီ မီးသတ်တပ်ဖွဲ့ဝင်တွေဆိုတာ သူ့ဟာဘာမှ တပ်မတော်အရန် အင်အားဘာတွေ လျှောက်ပြောနေတာ။ သူ့ဟာ ပြည်သူ့ အကျိုးပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေ။ ဒီကောင်တွေ သိတယ် သူ့ဟာသူလျှောက်ပြောတာ။”

ဖမ်းဆီးထားတဲ့ သူတွေအထဲမှာ မီးတပ်အဖွဲ့ဝင် ၁၉ ဦး အေးရှားဝေါလ်ကုမ္ပဏီဝန်ထမ်း ၈ ဦးနဲ့ ခရီးသည်အပေါင်း ၃၀ ကျော ်ပါဝင်နေတာပါ။

အပစ်မရှိတဲ့ လူတွေကိုပြန်လည်လွှတ်ပေးရေးဟာ ရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်သွားမယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“တကယ်အပစ်မရှိတဲ့သူတွေကိုတော့ နောက်ပိုင်းမှာတော့ ဒါကျနော်တို့ အကောင်းဆုံးဆောင်ရွက်မှာပေါ့။ ဒါကျနော်တို့ရဲ့ ရုံးချုပ်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။”

အဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ နယ်မြေလုံခြုံရေးအတွက် တပ်မတော်ကနေ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ဘာမှအဆက်သွယ် မရသေးဘူး။ ဆက်ပြီးတော့မှ နယ်မြေရှင်းလင်းရေး လုပ်နေတာပဲ ဒါပဲပြောလို့ရတယ်။ ကျန်တာတော့ ဘာမှမရဘူး။ ကျနော်တို့က နယ်မြေရှင်းလင်းရေး လုပ်နေတာပဲလေ။”
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်စဉ်အတွင်း တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ဟာ တဘက်နဲ့ တဘက် မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တပ်မတော်က သံသယနဲ့ ဖမ်းဆီး စစ်ဆေးခံနေရတဲ့သူ ရာချီရှိနေသလို ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကလည်း အစိုးရတပ်မတော်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့သူတွေကို ဖမ်းဆီးမှုတွေ ရှိနေခဲ့ပါတယ်။

ကိုႏိုင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အရပ္သား ၃၀ ေက်ာ္ ဖမ္းဆီးစစ္ေဆးေနဟု AA အတည္ျပဳ အရပ္သား ၃၀ ေက်ာ္ ဖမ္းဆီးစစ္ေဆးေနဟု AA အတည္ျပဳ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.