AA ဖမ္းသြားတဲ့ မီးသတ္သမားနဲ႔ ခရီးသည္မ်ား ျပန္မလြတ္ေသး

ရကိၡဳင့္တပ္ေတာ္ AA ရဲ႕ အမွတ္တံဆိပ္ကို ေတြ႔ရစဥ္
မႏၱေလးတိုင္း ဇီးပင္ႀကီးသင္တန္းေက်ာင္းကေန ေျမာက္ဦးကို ျပန္လာၾကတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ေတြပါလာတဲ့ ခရီးသည္တင္ကားကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ တပ္မေတာ္က စြပ္စြဲထားသလို အဲဒီမီးသတ္တပ္ဖြဲ႔ဝင္ေတြလည္း ျပန္မေရာက္ၾကေသးပါဘူး။

မီးသတ္တပ္ဖြဲ႔ဝင္ ၁၉ ဦး၊ ခရီးသည္ ၁၆ ဦးတို႔ လိုက္ပါလာတဲ့ ခရီးသည္တင္ကားဟာ ေအာက္တိုဘာလ ၁၁ ရက္မနက္ ၁၀ နာရီပိုင္းေလာက္က ေျမာက္ဦးၿမိဳ႕နယ္ ထမရဇ္ရြာအနီးမွာ AA တပ္ဖြဲ႔က တားဆီးၿပီး ေခၚေဆာင္သြားတာလို႔ သိရပါတယ္။

မႏၱေလး-စစ္ေတြ ေရႊျပည္သစ္ယာဥ္လိုင္းက ခရီးသည္တင္ကားဟာ မႏၱေလးကေန ေအာက္တိုဘာလ ၁၀ ရက္ေန႔က ထြက္ခြာလာတာျဖစ္ပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ ထမရဇ္ရြာအနီးအေရာက္မွာ AA အဖြဲ႔က ဖမ္းဆီးသြားတာေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းက သူတို႔ ျပန္လည္လြတ္ေျမာက္ေရးအတြက္ လိုက္လံရွင္းလင္းရင္း ေအာက္တုိဘာလ ၁၂ ရက္ ညေန ၆ နာရီ၀န္းက်င္ေလာက္မွာ AA နဲ႔ ထိေတြ႔မႈျဖစ္ခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က တိုင္းဦးစီး ဗုိလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“မေန႔ကတုန္းက ထမရဇ္ရြာနားမွာ မီးသတ္တပ္ဖြဲ႔၀င္ေတြနဲ႔ ရြာသားေတြကုိ ေခၚသြားတာရွိတယ္။ အဲဒီေနာက္ကုိ စစ္ေၾကာင္းေတြပုိ႔ၿပီးေတာ့ ေနာက္ကေန နယ္ေျမရွင္းလင္းေရး လုိက္လုပ္ရတယ္။ အဲ့လုိနယ္ေျမရွင္းလင္းေရးလုပ္တဲ့ တပ္နဲ႔ မေန႔ကေတာ့ထိေတြ႔မႈျဖစ္တာ။ ကၽြန္ေတာ္တုိ႔ဆီက အေလာင္း၊ လက္နက္ ရထားတာေတာ့ရွိတယ္။ အခု ဆက္ၿပီးေတာ့ နယ္ေျမရွွင္းေနတယ္။ အဲဒီေလာက္ပဲ ေျပာလုိ႔ရတယ္"

ခရီးသည္တင္ယာဥ္နဲ႔အတူ လုိက္ပါလာသူေတြထဲမွာ မီးသတ္သမား ၁၉ ေယာက္၊ ခရီးသည္ ၁၂ ေယာက္ ပါဝင္ပါတယ္။ ခရီးသည္ေတြထဲမွာ ရွစ္ေယာက္က ေအးရွားေ၀ါ ကုမၸဏီ လမ္းလုပ္သားေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ယူနီေဖာင္း၀တ္ဆင္ထားၾကတဲ့ ၁၈ ႏွစ္နဲ႔ ၂၅ ႏွစ္ၾကား မီးသတ္သင္တန္းဆင္း လူငယ္ ၁၈ ေယာက္နဲ႔ ဒု-မီးသတ္ဦးစီးမွဴး တစ္ဦးတို႔ဟာ စစ္ေတြ၊ ေက်ာက္ေတာ္၊ သံတြဲ၊ ဂြ၊ ဘူးသီးေတာင္စတဲ့ ရခုိင္ျပည္နယ္ ျမဳိ႕နယ္အသီးသီးကျဖစ္ၿပီး ဇီးပင္ၾကီးကေန သင္တန္းဆင္းျပီး ေနရပ္အသီးသီးကုိ ျပန္ၾကရတာ ျဖစ္ပါတယ္။

ေျမာက္ဦးျမဳိ႕ ေျမာက္ဘက္ ကန္ၾကီးကုန္းအေရာက္မွာ အရပ္၀တ္လူတစ္ဦးက တားတာေၾကာင့္ ကားရပ္ေပးခဲ့ခ်ိန္ လက္နက္ကုိင္ ဆယ္ဦးခန္႔ထြက္လာၿပီး ကားေပၚပါလာသူေတြကို ဖမ္းဆီးေခၚေဆာင္သြားတယ္၊ ကားသမားေတြကုိေတာ့ ျပန္လႊတ္ေပးခဲ့တယ္လုိ႔ သိရပါတယ္။

မီးသတ္ယူနီေဖာင္းနဲ႔ ဝတ္ဆင္ထားတာကို တပ္မေတာ္သားေတြလုိ႔ အထင္မွားၿပီး ဖမ္းတာျဖစ္မယ္လို႔ ယူဆရေၾကာင္း အမည္မေဖာ္လုိတဲ့ မီးသတ္အရာရွိတစ္ဦးက ေျပာပါတယ္။

အဖမ္းခံရရသူေတြအတြက္ စိုးရိမ္ေၾကာင္း၊  အျမန္ဆံုးျပန္လႊတ္ေစလိုေၾကာင္း မီးသတ္အရာရွိနဲ႔ မိသားစုေတြက ေျပာပါတယ္။

ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦးက ဒီဖမ္းဆီးခံရမႈဟာ ခရီးသည္တင္ ယာဥ္လုိင္းတစ္ခုခုက သတင္းေပးလို႔ ျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

“ရခုိင္မွာေျပးေနတဲ့ကားေတြက ရွင္းရွင္းေျပာရရင္ AA ကေနၿပီးေတာ့ အရင္းအႏွီးေပးၿပီး ေထာင္ထားတဲ့ ကားေတြလုိ႔ေတာင္ ေျပာလုိ႔ရတယ္။ ဒါကေတာ့ ကၽြန္ေတာ္ စြပ္စြဲတာ မဟုတ္ဘူး။ ကၽြန္ေတာ္တုိ႔ရထားတဲ့ သတင္းေတြအရ ရခုိင္မွာေျပးေနတဲ့ ခရီးသည္တင္ယာဥ္ ေတာ္ေတာ္မ်ားမ်ားက AA ရဲ႕ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အသင္းေတြလုိ႔ေတာင္ ေျပာလုိ႔ရတယ္။ အဲ့က်ေတာ့ သူတုိ႔ရဲ႕  စိတ္ထဲမွာ ဒီကားမွာ တပ္ကအဖဲြ႔ေတြ ပါလာတယ္ဆုိၿပီးေတာ့ သတင္းရၿပီး ထမရစ္ ေျမာက္ဘက္နား ရြာအ၀င္မွာ ကားကုိရပ္ၿပီးေတာ့မွ ေခၚသြားတာ။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔တပ္က တစ္ေယာက္မွမပါဘူး။ မီးသတ္၀န္ထမ္းေတြ"

ဒီလုိ စြပ္စြဲေျပာဆုိမႈအေပၚ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာေရးဆုိခြင့္ရွိသူ ခုိင္သုခက

"မီးသတ္ဆုိတာ စစ္တပ္ရဲ႕အဓိကအရံအင္အားတစ္ခုျဖစ္တယ္။ ကၽြန္ေတာ္တုိ႔စစ္ဆင္ေရး ဧရိယာထဲမွာ မသကၤာစရာ လႈပ္ရွားသြားလာမႈေတြရွိရင္ေတာ့ လုံျခဳံေရးအရ လုိအပ္တဲ့အေရးယူ စစ္ေဆးမႈကေတာ့ ရွိႏုိင္ပါတယ္။ ဒါကလုပ္ကုိလုပ္ရမယ့္ အလုပ္ျဖစ္တယ္။ အခုေလာေလာဆယ္ေတာ့ သူတုိ႔ကုိ ကၽြန္ေတာ္တုိ႔ စစ္ေဆးေနတဲ့ကာလျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္လုိလုပ္မလဲဆုိတာကေတာ့ ဘာမွမေျပာႏုိင္ေသးဘူး"

ရခုိင္ျပည္နယ္မွာျဖစ္ပြားေနတဲ့ တုိက္ပြဲေတြေၾကာင့္ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တုိ႔ဟာ တစ္ဘက္နဲ႔တစ္ဘက္ မသကၤာသူေတြကုိ ဖမ္းဆီးစစ္ေဆးေနပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကေန ဒီေန႔အထိ တပ္မေတာ္က သံသယနဲ႔ ဖမ္းဆီးစစ္ေဆးခံေနရတဲ့သူ ရာခ်ီရွိေနပါၿပီ။ ၾသဂုတ္ ၂၁ ကေန စက္တင္ဘာ ၂၀ အထိ ရခိုင္ျပည္နယ္ထဲမွာ တိုက္ပြဲေပါင္း ၃၇ ႀကိမ္ျဖစ္ပြားခဲ့ရာမွာ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးသင့္ ဒုကၡသည္ဦးေရ ေျခာက္ေသာင္းေက်ာ္အထိရိွေနသလို အရပ္သားေသဆံုးသူ  ၉၀ နီးပါး ရွိေနၿပီး ထိခိုက္ဒဏ္ရာရသူ ၁၂၀ ေက်ာ္ရွိေနၿပီလို႔ ရခိုင္အေျခစိုက္ အရပ္ဖက္အဖဲြ႔ေတြက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
Unicode
AA ဖမ်းသွားတဲ့ မီးသတ်သမားနဲ့ ခရီးသည်များ ပြန်မလွတ်သေး

ရက္ခိုင့်တပ်တော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါလာတဲ့ ခရီးသည်တင်ကားကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်က စွပ်စွဲထားသလို အဲဒီမီးသတ်တပ်ဖွဲ့ဝင်တွေလည်း ပြန်မရောက်ကြသေးပါဘူး။

မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး၊ ခရီးသည် ၁၆ ဦးတို့ လိုက်ပါလာတဲ့ ခရီးသည်တင်ကားဟာ အောက်တိုဘာလ ၁၁ ရက်မနက် ၁၀ နာရီပိုင်းလောက်က မြောက်ဦးမြို့နယ် ထမရဇ်ရွာအနီးမှာ AA တပ်ဖွဲ့က တားဆီးပြီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

မန္တလေး-စစ်တွေ ရွှေပြည်သစ်ယာဉ်လိုင်းက ခရီးသည်တင်ကားဟာ မန္တလေးကနေ အောက်တိုဘာလ ၁၀ ရက်နေ့က ထွက်ခွာလာတာဖြစ်ပါတယ်။

မြောက်ဦးမြို့နယ် ထမရဇ်ရွာအနီးအရောက်မှာ AA အဖွဲ့က ဖမ်းဆီးသွားတာကြောင့် တပ်မတော်စစ်ကြောင်းက သူတို့ ပြန်လည်လွတ်မြောက်ရေးအတွက် လိုက်လံရှင်းလင်းရင်း အောက်တိုဘာလ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ AA နဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့ကတုန်းက ထမရဇ်ရွာနားမှာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေကို ခေါ်သွားတာရှိတယ်။ အဲဒီနောက်ကို စစ်ကြောင်းတွေပို့ပြီးတော့ နောက်ကနေ နယ်မြေရှင်းလင်းရေး လိုက်လုပ်ရတယ်။ အဲ့လိုနယ်မြေရှင်းလင်းရေးလုပ်တဲ့ တပ်နဲ့ မနေ့ကတော့ထိတွေ့မှုဖြစ်တာ။ ကျွန်တော်တို့ဆီက အလောင်း၊ လက်နက် ရထားတာတော့ရှိတယ်။ အခု ဆက်ပြီးတော့ နယ်မြေရှင်းနေတယ်။ အဲဒီလောက်ပဲ ပြောလို့ရတယ်"

ခရီးသည်တင်ယာဉ်နဲ့အတူ လိုက်ပါလာသူတွေထဲမှာ မီးသတ်သမား ၁၉ ယောက်၊ ခရီးသည် ၁၂ ယောက် ပါဝင်ပါတယ်။ ခရီးသည်တွေထဲမှာ ရှစ်ယောက်က အေးရှားဝေါ ကုမ္ပဏီ လမ်းလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ယူနီဖောင်းဝတ်ဆင်ထားကြတဲ့ ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား မီးသတ်သင်တန်းဆင်း လူငယ် ၁၈ ယောက်နဲ့ ဒု-မီးသတ်ဦးစီးမှူး တစ်ဦးတို့ဟာ စစ်တွေ၊ ကျောက်တော်၊ သံတွဲ၊ ဂွ၊ ဘူးသီးတောင်စတဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးကဖြစ်ပြီး ဇီးပင်ကြီးကနေ သင်တန်းဆင်းပြီး နေရပ်အသီးသီးကို ပြန်ကြရတာ ဖြစ်ပါတယ်။

မြောက်ဦးမြို့ မြောက်ဘက် ကန်ကြီးကုန်းအရောက်မှာ အရပ်ဝတ်လူတစ်ဦးက တားတာကြောင့် ကားရပ်ပေးခဲ့ချိန် လက်နက်ကိုင် ဆယ်ဦးခန့်ထွက်လာပြီး ကားပေါ်ပါလာသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ ကားသမားတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မီးသတ်ယူနီဖောင်းနဲ့ ဝတ်ဆင်ထားတာကို တပ်မတော်သားတွေလို့ အထင်မှားပြီး ဖမ်းတာဖြစ်မယ်လို့ ယူဆရကြောင်း အမည်မဖော်လိုတဲ့ မီးသတ်အရာရှိတစ်ဦးက ပြောပါတယ်။

အဖမ်းခံရရသူတွေအတွက် စိုးရိမ်ကြောင်း၊  အမြန်ဆုံးပြန်လွှတ်စေလိုကြောင်း မီးသတ်အရာရှိနဲ့ မိသားစုတွေက ပြောပါတယ်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဖမ်းဆီးခံရမှုဟာ ခရီးသည်တင် ယာဉ်လိုင်းတစ်ခုခုက သတင်းပေးလို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ရခိုင်မှာပြေးနေတဲ့ကားတွေက ရှင်းရှင်းပြောရရင် AA ကနေပြီးတော့ အရင်းအနှီးပေးပြီး ထောင်ထားတဲ့ ကားတွေလို့တောင် ပြောလို့ရတယ်။ ဒါကတော့ ကျွန်တော် စွပ်စွဲတာ မဟုတ်ဘူး။ ကျွန်တော်တို့ရထားတဲ့ သတင်းတွေအရ ရခိုင်မှာပြေးနေတဲ့ ခရီးသည်တင်ယာဉ် တော်တော်များများက AA ရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ အသင်းတွေလို့တောင် ပြောလို့ရတယ်။ အဲ့ကျတော့ သူတို့ရဲ့  စိတ်ထဲမှာ ဒီကားမှာ တပ်ကအဖွဲ့တွေ ပါလာတယ်ဆိုပြီးတော့ သတင်းရပြီး ထမရစ် မြောက်ဘက်နား ရွာအဝင်မှာ ကားကိုရပ်ပြီးတော့မှ ခေါ်သွားတာ။ ဒါပေမဲ့ ကျွန်တော်တို့တပ်က တစ်ယောက်မှမပါဘူး။ မီးသတ်ဝန်ထမ်းတွေ"

ဒီလို စွပ်စွဲပြောဆိုမှုအပေါ် ရက္ခိုင့်တပ်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက

"မီးသတ်ဆိုတာ စစ်တပ်ရဲ့အဓိကအရံအင်အားတစ်ခုဖြစ်တယ်။ ကျွန်တော်တို့စစ်ဆင်ရေး ဧရိယာထဲမှာ မသင်္ကာစရာ လှုပ်ရှားသွားလာမှုတွေရှိရင်တော့ လုံခြုံရေးအရ လိုအပ်တဲ့အရေးယူ စစ်ဆေးမှုကတော့ ရှိနိုင်ပါတယ်။ ဒါကလုပ်ကိုလုပ်ရမယ့် အလုပ်ဖြစ်တယ်။ အခုလောလောဆယ်တော့ သူတို့ကို ကျွန်တော်တို့ စစ်ဆေးနေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုလုပ်မလဲဆိုတာကတော့ ဘာမှမပြောနိုင်သေးဘူး"

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာ တစ်ဘက်နဲ့တစ်ဘက် မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တပ်မတော်က သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သူ ရာချီရှိနေပါပြီ။ သြဂုတ် ၂၁ ကနေ စက်တင်ဘာ ၂၀ အထိ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့ရာမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးသင့် ဒုက္ခသည်ဦးရေ ခြောက်သောင်းကျော်အထိရှိနေသလို အရပ်သားသေဆုံးသူ  ၉၀ နီးပါး ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၀ ကျော်ရှိနေပြီလို့ ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
AA ဖမ္းသြားတဲ့ မီးသတ္သမားနဲ႔ ခရီးသည္မ်ား ျပန္မလြတ္ေသး AA ဖမ္းသြားတဲ့ မီးသတ္သမားနဲ႔ ခရီးသည္မ်ား ျပန္မလြတ္ေသး Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.