မြန်မာ့တပ်မတော်ပိုင်လေယာဉ်(Y8) ပြေးလမ်းချော်မှုဖြစ်ပွား

ဓာတ်ပုံ - မြန်မာ့လေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း

5.9.2019

ရန်ကုန်လေဆိပ်တွင် Y8 အမျိုးအစား မြန်မာ့တပ်မတော်ပိုင် လေယာဉ်သည် စက်တင်ဘာ ၅ ရက်၊ နံနက် ၁၀ နာရီ ၃၆ မိနစ်ခန့်က ရန်ကုန်လေဆိပ်အတက်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ့လေကြောင်းလိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - မြန်မာ့လေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း

လေယာဉ်လမ်းချော်မှုကြောင့် လူထိခိုက်မှုမရှိပဲ လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ထားရပြီး ရှင်းလင်းချိန် သုံးနာရီခန့် ကြာမြင့်မှာဖြစ်တာကြောင့် နေ့လယ် ၂ နာရီလောက်မှ လေကြောင်းလိုင်းပြန်လည် ဖွင့်လှစ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန်လ (၇)ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ Y8 အမျိုးအစား တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ထားဝယ်ခရိုင် ကမ်းရိုး တန်းအရောက်မှာ အဆက်အသွယ် ပြတ်တောက်သွားပြီး ပျက်ကျခဲ့တဲ့အတွက် လူသေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

Myat Htut - Myeik
https://www.facebook.com/Myat-Htut-Myeik-222869948053294
မြန်မာ့တပ်မတော်ပိုင်လေယာဉ်(Y8) ပြေးလမ်းချော်မှုဖြစ်ပွား မြန်မာ့တပ်မတော်ပိုင်လေယာဉ်(Y8) ပြေးလမ်းချော်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:34 Rating: 5
Powered by Blogger.