ဖေ့စ်ဘုတ်ပေါ်တွင် ဝန်ကြီးချုပ်ပုံများသုံးပြီး စာရေးတင်သည့် We Love Dauk Zaw Group ၏ Admin နှစ်ဦးကို အမှုဖွင့်


မန္တလေး၊ စက်တင်ဘာ ၁၈

လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဓာတ် ပုံများကို အသုံးပြု၍ သီချင်းစာသားများ၊ ကဗျာများ ရေးတင်သည့် We Love Dauk Zaw Groupe မှ Admin နှစ်ဦးကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဝန်ကြီးချုပ်၏ ပုံများကို အသုံးပြု၍ ဂုဏ်သိက္ခာ ကျဆင်းစေရန် လူမှုကွန်ယက် Facebook တွင် ရေးသားသည် ဟုဆိုကာ အကောင့်ပိုင်ရှင် နှစ်ဦးအား မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြန်ကြား ရေး ကော်မတီဝင် ဦးပုညဆွေက ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Group မှ Aung pyae San Win နှင့် Swan Ka Bar အမည်တို့ဖြင့် လူမှုကွန်ယက် Facebook သုံးစွဲ သူ နှစ်ဦးသည် We Love Dauk Zaw Group တွင် ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံများကို အသုံးပြုကာ “ ပါးချ ခံရမယ်”၊ “ငယ်သေးတဲ့ အချစ်မို့ မလေးစားတာလားပြောပါ၊ ကျွန်တော် သိပ်ချစ်တတ်တာ ကျွန်တော်သာ အသိပါ” ၊ “ ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်ကွယ်” ၊ “ စစ်သား - ဒေါက်တာ ဒီနေ့ညက vip နေ့ နော်၊ အေးပါ ငါတို့တွေ အရင်ညထက် ပိုကဲကြတာပေါ့ကွာ” ၊ “မင်းဆော်ထက် ငါ့ဆော်က ပိုမိုက်တယ်။ ဟျောင့် င့ါဆော် ပိုမိုက်တယ်” စသည့် စာသားများကို ရေးသားခဲ့သည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ facebook group ကို စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်ပေါင်း ၁,၂၀၀ ကျော်ရှိကြောင်း သိရသည်။
လူမှုကွန်ယက် facebook စာမျက်နှာပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဝန် ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကိုလည်း We Love Group အမည်များဖြင့် Group ဖွဲ့၍ စ နောက်သည့် စာသားများ ရေးတင်ခြင်းတို့ကို ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

ထက်အောင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဖေ့စ်ဘုတ်ပေါ်တွင် ဝန်ကြီးချုပ်ပုံများသုံးပြီး စာရေးတင်သည့် We Love Dauk Zaw Group ၏ Admin နှစ်ဦးကို အမှုဖွင့် ဖေ့စ်ဘုတ်ပေါ်တွင် ဝန်ကြီးချုပ်ပုံများသုံးပြီး စာရေးတင်သည့် We Love Dauk Zaw Group ၏ Admin နှစ်ဦးကို အမှုဖွင့် Reviewed by THITHTOOLWIN on 06:58 Rating: 5
Powered by Blogger.