UPDJC ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖဲြ႔ ေနာ္ေ၀၊ ဆြီဒင္ ေလ့လာေရးခရီးထြက္

၁၅ ႀကိမ္ေျမာက္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) အစည္းအေဝးက်င္းပစဥ္။ (ဇြန္၂၉၊ ဓာတ္ပံု- ႏိုင္ငံေတာ္ အတုိင္ပင္ခံ႐ံုး)
ျမန္မာႏုိင္ငံရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္အေရးကိစၥေတြမွာ အေထာက္အကူျဖစ္ႏုိင္ဖို႔ရည္ရြယ္ၿပီး ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈပူးပြဲေကာ္မတီ UPDJC က အတြင္းေရးမွဴးအဖြဲ႔၀င္ ၁၅ ဦး ပါ၀င္တဲ့ ကုိယ္စားလွယ္ အဖြဲ႔ဟာ ေနာ္ေဝနဲ႔ ဆြစ္ဇာလန္္ႏိုင္ငံတုိ႔ကုိ ၿငိမ္းခ်မ္းေရး ေလ့လာေရးခရီးအျဖစ္ ဒီကေန႔ ျမန္မာႏုိင္ငံကေန ထြက္ခြာၾကမွာပါ။ ၆ရက္ၾကာမယ့္ ဒီခရီးစဥ္မွာ UPDJC အတြင္းေရးမွဴး အဖြဲ႔၀င္ေတြအခ်င္ခ်င္း အလြတ္သေဘာ ေဆြးေႏြးတာေတြလည္း ရွိႏုိင္တယ္လို႔ ဒီခရီးစဥ္မွာ လုိက္ပါသြားမယ့္သူေတြက ေျပာပါတယ္။ ဗြီအုိေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္းေပးပို႔ထားပါတယ္။

ဒီ ဥေရာပႏွစ္ႏုိင္ငံခရီးစဥ္မွာ ျပည္ေထာင္စုျငိမ္းခ်မ္းေရး ေဆြးေႏြးမႈပူးတြဲေကာ္မတီ UPDJC အတြင္းေရးမွဴးအဖြဲ႔ေတြထဲက အစိုးရကိုယ္စားလွယ္၊ တပ္မေတာ္သား ကိုယ္စားလွယ္၊ ႏုိင္ငံေရးပါတီေတြက ကုိယ္စားလွယ္ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္ေတြ စုစုေပါင္း ၁၅ေယာက္ပါၿပီး အခုသြားေရာက္မယ့္ ႏုိင္ငံေတြက ဒီမိုကေရစီစနစ္ကို အဓိကေလ႔လာမယ့္ ခရီးစဥ္ျဖစ္ေၾကာင္း UPDJC ဒုဥကၠ႒တာဝန္ယူထားတဲ႔ ဒီမိုကရက္တစ္ပါတီ(ျမန္မာ) ဥကၠ႒ ဦးသုေဝက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ဟုတ္တယ္က်ေနာ္တို႔ အတြင္းေရးမွဴးအဖြဲ႔က တပတ္ၾကာခရီးေပါ႔ေနာ္ သြားမွာပါ။ ေနာ္ေဝနဲ႔ ဆြစ္ဇာလန္နဲ႔ေလ ဒီေန႔ခရီးထြက္ၾကမွာ။ အဓိကေတာ႔ ျငိမ္းခ်မ္းေရးေလ႔လာဖို႔ပါပဲ၊ ျငိမ္းခ်မ္းေရးမွာ တိုင္းျပည္တည္ေဆာက္ဖို႔ ထဲမွာလည္းပါတယ္။ ဒီမိုကေရစီအေရးကိစၥတို႔၊ ဖက္ဒရယ္ အေရးကိစၥတို႔ ဒါေတြပါ သူတို႔ သြားေလ႔လာၾကမွာေလ။”

အခု ခရီးစဥ္မွာ လုိက္ပါသြားမယ့္သူလည္းျဖစ္၊ UPDJC အတြင္းေရးမွဴးအဖြဲ႔ေတြထဲက တိုင္းရင္းသား လက္နက္ကိုင္ ကိုယ္စားလွယ္တခုျဖစ္တဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ပဒိုေစာတာဒိုမူးကေတာ႔ ဒီခရီးစဥ္မွာ အလြတ္သေဘာ ေဆြးေႏြးပြဲ ရွိႏိုင္တယ္ဆိုေပမဲ႔ ေလ႔လာေရးခရီးစဥ္သာ ျဖစ္ေၾကာင္း သူက အခုလိုေျပာပါတယ္။

“အဓိကေတာ႔ က်ေနာ္တို႔ႏုိင္ငံရဲ႕ အေနအထားေပါ႔ေနာ္။ ဥပမာ ေနာ္ေဝဆိုရင္ သူတို႔နုိင္ငံရဲ႕ ဥပမာ ဆြစ္ဇာလန္ဆိုရင္လည္း သူတို႔ရဲ႕ ဖက္ဒရယ္ System စသျဖင့္ ေလ႔လာေရး ခရီးစဥ္ပါပဲ အမွန္အားျဖင့္ေပါ႔ေလ။ အမွန္ကေတာ႔က်ေနာ္တို႔ Study tour သေဘာပါပဲ။ ဒါေပမဲ႔ UPDJC ရယ္လို႔ အတြင္းေရးမွဴး အဖြဲ႔ေတြအေနနဲ႔ သြားတဲ႔အခါက်ေတာ႔လည္း က်ေနာ္တို႔ အဲဒီမွာ လြတ္လြတ္လပ္လပ္ ေျပာဆိုေဆြးေႏြးတာ Brainstorm လုပ္တာလည္း ရွိေကာင္း ရွိမွာေပါ႕။ အဲဒီသေဘာေလးပါပဲ။”

ဒီခရီးစဥ္အတြင္း လာမယ့္ ေအာက္တုိဘာလအတြင္း က်င္းပဖုိ႔ရွိေနတဲ့ ေျမာက္ပုိင္းမဟာမိတ္ေလးဖြဲ႔နဲ႔ အစုိးရ၊ တပ္မေတာ္တုိ႔ဘက္က ကုိယ္စားလွယ္ေတြ ေတြ႔ဆုံၾကမယ့္ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲကိစၥကုိလည္း တုိင္ပင္၊ ေဆြးေႏြးၾကဖုိ႔ရွိတယ္လုိ႔ UPDJC အတြင္းေရးမွဴး၊ အစုိးရကုိယ္စားလွယ္ ဦးလွေမာင္ေရႊက ျပည္တြင္း သတင္းမီဒီယာေတြကုိ ေျပာဆုိထားပါတယ္။

ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အားေကာင္းလာဖို႔ဆိုရင္ အစိုးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသားအဖြဲ႔ေတြ သံုးပြင့္ဆိုင္ၾကားမွာ ယံုၾကည္မႈတည္ေဆာက္ႏုိင္ဖို႔နဲ႔ ေခါင္းေဆာင္ေတြအခ်င္းခ်င္း ခ်ိတ္ဆက္ႏုိင္ဖို႔က ပိုအေရးၾကီးေၾကာင္း ႏိုင္ငံေရးသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ေျပာပါတယ္။

ဒါေပမယ့္ ဒီခရီးစဥ္ဟာ ႏွစ္ဘက္ ေတြ႔ဆုံေဆြးေႏြးေရးကုိ အေထာက္အကူျပဳေစမယ့္ ခရီးစဥ္လုိ႔ သူ႔အေနနဲ႔ မျမင္ဘူးလုိ႔ သူက ေျပာပါတယ္။

“ေနာ္ေဝႏုိင္ငံတို႔ ဆြီဒင္ႏိုင္ငံတို႔ထိသြားျပီးေတာ႔ ညွိႏႈိင္းေဆြးေႏြးမႈေတြလုပ္ဖို႔ လိုအပ္တယ္လို႔ က်ေနာ့အေနနဲ႔ မျမင္ဘူး။ က်ေနာ္တို႔တကယ္ ေလ႔လာရမွာက က်ေနာ္တို႔နဲ႔ မတိမ္းမယိမ္းႏိုင္ငံေတြကို ေလ႔လာရမယ္။ အင္ဒိုနီးရွားကို ေလ႔လာရမယ္၊ ဖိလစ္ပိုင္ကို ေလ႔လာရမယ္၊ ေနာက္တခ်ိဳ႕ အာဖရိက ႏိုင္ငံေတြကို ေလ႔လာရမယ္။ က်ေနာ္တို႔နဲ႔ ေနာ္ေဝတို႔ ဆြီဒင္တုိ႔ဆိုတာ အင္မတန္မွ အလွမ္းေဝးတယ္။ အဲဒီအခါ အဲဒီအေပၚမွာၾကည့္ရင္လည္း က်ေနာ္တို႔ ဆီမွာ ျပန္သံုးလို႔ရပါ႔မလားလို႔လည္း ေမးခြန္းထုတ္စရာရွိတယ္။”

အစိုးရအေနနဲ႔ မၾကာခင္မွာ တႏိုင္ငံလံုး အပစ္အခတ္ရပ္စပ္ေရး သေဘာတူညီမႈ NCA ႏွစ္ပတ္လည္လုပ္ဖို႔ရွိေၾကာင္းနဲ႔ ၂၁ရာစု ပင္လံုညီလာခံ ျပန္စႏိုင္ဖို႔ ေဆြးေႏြးေနေၾကာင္း ႏို္င္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္ေလးဖြဲ႔နဲ႔ စက္တင္ဘာ ၁၇ရက္ က်ိဳင္းတံု ေတြ႔ဆံုပြဲမွာ ေျပာခဲ႔ပါတယ္။ အဲဒီ ေဆြးေႏြးပြဲအတြင္း UPDJC အတြင္းေရးမွဴးေတြရဲ႕ ေနာ္ေဝနဲ႔ ဆြစ္ဇာလန္ ခရီးစဥ္ကို အတည္ျပဳခဲ႔တာလည္း ျဖစ္ပါတယ္။

..................

{Unicode}

UPDJC ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နော်ဝေ၊ ဆွီဒင် လေ့လာရေးခရီးထွက်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးကိစ္စတွေမှာ အထောက်အကူဖြစ်နိုင်ဖို့ရည်ရွယ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးပွဲကော်မတီ UPDJC က အတွင်းရေးမှူးအဖွဲ့ဝင် ၁၅ ဦး ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နော်ဝေနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို ငြိမ်းချမ်းရေး လေ့လာရေးခရီးအဖြစ် ဒီကနေ့ မြန်မာနိုင်ငံကနေ ထွက်ခွာကြမှာပါ။ ၆ရက်ကြာမယ့် ဒီခရီးစဉ်မှာ UPDJC အတွင်းရေးမှူး အဖွဲ့ဝင်တွေအချင်ချင်း အလွတ်သဘော ဆွေးနွေးတာတွေလည်း ရှိနိုင်တယ်လို့ ဒီခရီးစဉ်မှာ လိုက်ပါသွားမယ့်သူတွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

ဒီ ဥရောပနှစ်နိုင်ငံခရီးစဉ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့တွေထဲက အစိုးရကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၅ယောက်ပါပြီး အခုသွားရောက်မယ့် နိုင်ငံတွေက ဒီမိုကရေစီစနစ်ကို အဓိကလေ့လာမယ့် ခရီးစဉ်ဖြစ်ကြောင်း UPDJC ဒုဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဟုတ်တယ်ကျနော်တို့ အတွင်းရေးမှူးအဖွဲ့က တပတ်ကြာခရီးပေါ့နော် သွားမှာပါ။ နော်ဝေနဲ့ ဆွစ်ဇာလန်နဲ့လေ ဒီနေ့ခရီးထွက်ကြမှာ။ အဓိကတော့ ငြိမ်းချမ်းရေးလေ့လာဖို့ပါပဲ၊ ငြိမ်းချမ်းရေးမှာ တိုင်းပြည်တည်ဆောက်ဖို့ ထဲမှာလည်းပါတယ်။ ဒီမိုကရေစီအရေးကိစ္စတို့၊ ဖက်ဒရယ် အရေးကိစ္စတို့ ဒါတွေပါ သူတို့ သွားလေ့လာကြမှာလေ။”

အခု ခရီးစဉ်မှာ လိုက်ပါသွားမယ့်သူလည်းဖြစ်၊ UPDJC အတွင်းရေးမှူးအဖွဲ့တွေထဲက တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကတော့ ဒီခရီးစဉ်မှာ အလွတ်သဘော ဆွေးနွေးပွဲ ရှိနိုင်တယ်ဆိုပေမဲ့ လေ့လာရေးခရီးစဉ်သာ ဖြစ်ကြောင်း သူက အခုလိုပြောပါတယ်။

“အဓိကတော့ ကျနော်တို့နိုင်ငံရဲ့ အနေအထားပေါ့နော်။ ဥပမာ နော်ဝေဆိုရင် သူတို့နိုင်ငံရဲ့ ဥပမာ ဆွစ်ဇာလန်ဆိုရင်လည်း သူတို့ရဲ့ ဖက်ဒရယ် System စသဖြင့် လေ့လာရေး ခရီးစဉ်ပါပဲ အမှန်အားဖြင့်ပေါ့လေ။ အမှန်ကတော့ကျနော်တို့ Study tour သဘောပါပဲ။ ဒါပေမဲ့ UPDJC ရယ်လို့ အတွင်းရေးမှူး အဖွဲ့တွေအနေနဲ့ သွားတဲ့အခါကျတော့လည်း ကျနော်တို့ အဲဒီမှာ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးတာ Brainstorm လုပ်တာလည်း ရှိကောင်း ရှိမှာပေါ့။ အဲဒီသဘောလေးပါပဲ။”

ဒီခရီးစဉ်အတွင်း လာမယ့် အောက်တိုဘာလအတွင်း ကျင်းပဖို့ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ဘက်က ကိုယ်စားလှယ်တွေ တွေ့ဆုံကြမယ့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကိစ္စကိုလည်း တိုင်ပင်၊ ဆွေးနွေးကြဖို့ရှိတယ်လို့ UPDJC အတွင်းရေးမှူး၊ အစိုးရကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြည်တွင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားကောင်းလာဖို့ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေ သုံးပွင့်ဆိုင်ကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ ခေါင်းဆောင်တွေအချင်းချင်း ချိတ်ဆက်နိုင်ဖို့က ပိုအရေးကြီးကြောင်း နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ဒါပေမယ့် ဒီခရီးစဉ်ဟာ နှစ်ဘက် တွေ့ဆုံဆွေးနွေးရေးကို အထောက်အကူပြုစေမယ့် ခရီးစဉ်လို့ သူ့အနေနဲ့ မမြင်ဘူးလို့ သူက ပြောပါတယ်။

“နော်ဝေနိုင်ငံတို့ ဆွီဒင်နိုင်ငံတို့ထိသွားပြီးတော့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ကျနော့အနေနဲ့ မမြင်ဘူး။ ကျနော်တို့တကယ် လေ့လာရမှာက ကျနော်တို့နဲ့ မတိမ်းမယိမ်းနိုင်ငံတွေကို လေ့လာရမယ်။ အင်ဒိုနီးရှားကို လေ့လာရမယ်၊ ဖိလစ်ပိုင်ကို လေ့လာရမယ်၊ နောက်တချို့ အာဖရိက နိုင်ငံတွေကို လေ့လာရမယ်။ ကျနော်တို့နဲ့ နော်ဝေတို့ ဆွီဒင်တို့ဆိုတာ အင်မတန်မှ အလှမ်းဝေးတယ်။ အဲဒီအခါ အဲဒီအပေါ်မှာကြည့်ရင်လည်း ကျနော်တို့ ဆီမှာ ပြန်သုံးလို့ရပါ့မလားလို့လည်း မေးခွန်းထုတ်စရာရှိတယ်။”

အစိုးရအနေနဲ့ မကြာခင်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စပ်ရေး သဘောတူညီမှု NCA နှစ်ပတ်လည်လုပ်ဖို့ရှိကြောင်းနဲ့ ၂၁ရာစု ပင်လုံညီလာခံ ပြန်စနိုင်ဖို့ ဆွေးနွေးနေကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်လေးဖွဲ့နဲ့ စက်တင်ဘာ ၁၇ရက် ကျိုင်းတုံ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲအတွင်း UPDJC အတွင်းရေးမှူးတွေရဲ့ နော်ဝေနဲ့ ဆွစ်ဇာလန် ခရီးစဉ်ကို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
UPDJC ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖဲြ႔ ေနာ္ေ၀၊ ဆြီဒင္ ေလ့လာေရးခရီးထြက္ UPDJC ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖဲြ႔ ေနာ္ေ၀၊ ဆြီဒင္ ေလ့လာေရးခရီးထြက္ Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.