ပဋိပကၡေတြကုိေရွာင္မယ့္မူ၀ါဒ ကုလအေထြေထြညီလာခံမွာ သမၼတ Trump ေျပာၾကား

ပဋိပကၡေတြကုိေရွာင္မယ့္မူ၀ါဒ ကုလအေထြေထြညီလာခံမွာ သမၼတ Trump ေျပာၾကား
ကုလသမဂၢရဲ႕ အဓိကအေျခခံ အုတ္ျမစ္ျဖစ္တဲ့ ႏိုင္ငံေပါင္းစံု ပူးေပါင္းေဆာင္ရြက္မႈကို ေ၀ဖန္ျပီး ကမၻာလံုးဆုိင္ရာတည္ရွိမႈကို ဆက္လက္ ဆန္႔က်င္ေနတဲ့ အေမရိကန္သမၼတ Donald Trump ဟာ ကမၻာ့ေခါင္းေဆာင္ေတြ တက္ေရာက္ေနတဲ့ ကုလသမဂၢ ႏွစ္ပတ္လည္ အေထြေထြညီလာခံမွာေတာ့ ဒီကေန႔ တက္ေရာက္ မိန္႔ခြန္းေျပာပါတယ္။

သူ႔မိန္႔ခြန္းထဲမွာ လက္တေလာ အေနာက္ႏုိင္ငံေတြနဲ႔ အီရန္အၾကား တင္းမာမႈေတြ တုိးလာေနတဲ့၊ ကမၻာ့ေခါင္းေဆာင္ေတြ အဓိက အာ႐ံုထားေနတဲ့ အီရန္အေရးကိစၥကို ထည့္သြင္းေျပာၾကား ပါတယ္။

ေနာက္တရုတ္ႏိုင္ငံနဲ႔ ကုန္သြယ္ေရး မမွ်မတ ျဖစ္ေနတဲ့ အေျခအေန ဒါေတြကို ရပ္တန္႔ႏိုင္ဖို႔အတြက္ ၂ ဖက္အက်ိဳးရွိေစႏိုင္မယ့္ သေဘာတူညီခ်က္ရေအာင္ ႏွစ္ဖက္ ညိွႏိႈင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းကိုလည္း ထည့္သြင္းေျပာသြားပါတယ္။

အေမရိကန္အေနနဲ႔ ဘယ္ႏုိင္ငံနဲ႔ ပဋိပကၡ မျဖစ္ခ်င္ေၾကာင္း၊ ဒါေပမဲ့ အေမရိကန္ရဲ႕ အက်ိဳးစီးပြားကိုေတာ့ ကာကြယ္သြားမယ္လုိ႔ သမၼတက ေျပာပါတယ္။

တနလၤာေန႔တုန္းကလည္း ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ ႏိုင္ငံေတြနဲ႔ အေမရိကန္အစိုးရက ပူးတြဲေၾကညာခ်က္ ထုတ္ျပန္တာမွာ ေဆာ္ဒီအာေရးဘီးယားႏိုင္ငံက ေရနံ လုပ္ငန္းေတြ သိပ္မၾကာခင္က တိုက္ခိုက္ခံရမႈမွာ အီရန္အစိုးရ တာ၀န္ရွိေၾကာင္း ေျပာဆိုထားပါတယ္။ ဒီတိုက္ခိုက္မႈကိုတံု႔ျပန္တဲ့အေနနဲ႔ အေမရိကန္က အီရန္အေပၚ ေနာက္ထပ္ ဒဏ္ခတ္အေရးယူမႈ သစ္ေတြ ခ်မွတ္မယ့္အေပၚ တျခားႏိုင္ငံက ပူးေပါင္းပါ၀င္လာၿပီဆိုတာကိုလည္း သမၼတက ဒီကေန႔ မိန္႔ခြန္းမွာ ေျပာပါတယ္။ အီရန္ကေတာ့ သူ႔အေပၚ စြပ္စြဲခ်က္ေတြကို ျငင္းထားပါတယ္။

အီရန္ႏ်ဴကလီးယား အေရးနဲ႔ပတ္သက္ျပီး ၂၀၁၅ ခုႏွစ္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုရာမွာ ပါ၀င္ခဲ့တဲ့ ဥေရာပႏိုင္ငံေတြအေနနဲ႔ အေမရိကန္နဲ႔ သီးျခားကင္းလြတ္တဲ့ လမ္းေၾကာင္းကို ေရြးခ်ယ္ဖို႔နဲ႔ အေမရိကန္ရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈေတြၾကားမွာ အီရန္ႏုိင္ငံ ရပ္တည္ႏုိင္ေအာင္ ကူညီေပးဖို႔ အီရန္ႏိုင္ငံျခားေရး ၀န္ႀကီး Mohammad Javad Zarif က တနလၤာေန႔ကပဲ ေတာင္းဆိုလုိက္ပါတယ္။

................

{Unicode}

ပဋိပက္ခတွေကိုရှောင်မယ့်မူဝါဒ ကုလအထွေထွေညီလာခံမှာ သမ္မတ Trump ပြောကြား

ကုလသမဂ္ဂရဲ့ အဓိကအခြေခံ အုတ်မြစ်ဖြစ်တဲ့ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို ဝေဖန်ပြီး ကမ္ဘာလုံးဆိုင်ရာတည်ရှိမှုကို ဆက်လက် ဆန့်ကျင်နေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံမှာတော့ ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောပါတယ်။

သူ့မိန့်ခွန်းထဲမှာ လက်တလော အနောက်နိုင်ငံတွေနဲ့ အီရန်အကြား တင်းမာမှုတွေ တိုးလာနေတဲ့၊ ကမ္ဘာ့ခေါင်းဆောင်တွေ အဓိက အာရုံထားနေတဲ့ အီရန်အရေးကိစ္စကို ထည့်သွင်းပြောကြား ပါတယ်။

နောက်တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး မမျှမတ ဖြစ်နေတဲ့ အခြေအနေ ဒါတွေကို ရပ်တန့်နိုင်ဖို့အတွက် ၂ ဖက်အကျိုးရှိစေနိုင်မယ့် သဘောတူညီချက်ရအောင် နှစ်ဖက် ညှိနှိုင်းနိုင်ဖို့ မျှော်လင့်ကြောင်းကိုလည်း ထည့်သွင်းပြောသွားပါတယ်။

အမေရိကန်အနေနဲ့ ဘယ်နိုင်ငံနဲ့ ပဋိပက္ခ မဖြစ်ချင်ကြောင်း၊ ဒါပေမဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားကိုတော့ ကာကွယ်သွားမယ်လို့ သမ္မတက ပြောပါတယ်။

တနင်္လာနေ့တုန်းကလည်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံတွေနဲ့ အမေရိကန်အစိုးရက ပူးတွဲကြေညာချက် ထုတ်ပြန်တာမှာ ဆော်ဒီအာရေးဘီးယားနိုင်ငံက ရေနံ လုပ်ငန်းတွေ သိပ်မကြာခင်က တိုက်ခိုက်ခံရမှုမှာ အီရန်အစိုးရ တာဝန်ရှိကြောင်း ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အီရန်အပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှု သစ်တွေ ချမှတ်မယ့်အပေါ် တခြားနိုင်ငံက ပူးပေါင်းပါဝင်လာပြီဆိုတာကိုလည်း သမ္မတက ဒီကနေ့ မိန့်ခွန်းမှာ ပြောပါတယ်။ အီရန်ကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။

အီရန်နျူကလီးယား အရေးနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ် သဘောတူစာချုပ် ချုပ်ဆိုရာမှာ ပါဝင်ခဲ့တဲ့ ဥရောပနိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ သီးခြားကင်းလွတ်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့နဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြားမှာ အီရန်နိုင်ငံ ရပ်တည်နိုင်အောင် ကူညီပေးဖို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif က တနင်္လာနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ပဋိပကၡေတြကုိေရွာင္မယ့္မူ၀ါဒ ကုလအေထြေထြညီလာခံမွာ သမၼတ Trump ေျပာၾကား ပဋိပကၡေတြကုိေရွာင္မယ့္မူ၀ါဒ ကုလအေထြေထြညီလာခံမွာ သမၼတ Trump ေျပာၾကား Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.