အီရန္ဗဟိုဘဏ္ကို ပိ္တ္ဆို႔ဒဏ္ခတ္ဖို႔ သမၼတ Trump ညႊန္ၾကား

အီရန္ ဗဟိုဘဏ္

အီရန္ ဗဟိုဘဏ္ကို ပိတ္ဆို႔ အေရးယူမယ့္ စာရင္းထဲ ထည့္သြင္းေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေသာၾကာ ေန႔မွာ ေၾကညာလိုက္တာေၾကာင့္ အီရန္အေပၚ စီးပြားေရးအရ ဖိအားေပးမႈ ထပ္မံ တိုးျမင့္သြားပါတယ္။

ၾသစေၾတးလ် ၀န္ၾကီးခ်ုပ္ Scott Morrison နဲ႔ ပူးတြဲ သတင္းစာ ရွင္းလင္းပြဲမွာ သမၼတ ထရမ့္က ပိတ္ဆို႔ အေရးယူမႈ ေအာင္ျမင္ေနေၾကာင္း၊ စစ္ေရးအရ အေရးယူေဆာင္ရြက္မႈလည္း အလုပ္ျဖစ္ႏုိင္ေပမဲ့ ပိတ္ဆို႕အေရးယူမႈဟာ အႏုိ္င္ရဖို႔ ေကာင္းမြန္တဲ့ နည္းလမ္းျဖစ္ေၾကာင္း ေျပာပါတယ္။

ျပီးခဲ့တဲ့ သီတင္းပတ္က ေဆာ္ဒီအေရဗ်ႏုိင္ငံအတြင္းက ေရနံလုပ္ငန္းနဲ႕ဆိုင္တဲ့ေနရာေတြ တိုက္ခိုက္ခံခဲ့ရအၿပီး အခုလို ပိတ္ဆို႔ အေရးယူမႈကို ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီ တိုက္ခိုက္မႈကို အီရန္ႏိုင္ငံက လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္ တာ၀န္ရွိသူေတြက ေျပာထားခဲ့ပါတယ္။

မွားယြင္းတဲ့ လုပ္ရပ္ေတြ လုပ္ရင္ သူ႔တို႔အတြက္ အခ်ိန္ သိပ္ရွိမွာ မဟုတ္ဘူးဆိုတာ အီရန္တို႔ သိေၾကာင္းလည္း သမၼတ ထရမ့္က သတိေပး ခဲ့ပါတယ္။

ေနရာေရြး ပစ္မွတ္ထားျပီး ေလေၾကာင္းက တိုက္ခိုက္ေရး၊ အေမရိကန္ တပ္ဖြဲ႕ေတြ အေရွ႕အလယ္ပိုင္းမွာ တိုးျမွင့္ ခ်ထားေရးနဲ႕ အီရန္ရဲ႕ စီးပြားေရးကို ခ်ိနဲ႔ေအာင္လုပ္ေရးဆိုတဲ့ အခ်က္ေတြ ပါ၀င္တဲ့ ေရြးခ်ယ္မႈေတြအထဲက အခုလို ပိတ္ဆို႔ အေရးယူမႈကို ေရြးခ်ယ္လုပ္ခဲ့တာလို႔ သမၼတ ထရမ့္က ေျပာပါတယ္။

အီရန္ႏုိင္ငံျခားေရး ၀န္ႀကီး Mohammad Javad Zarif ကေတာ့ အေမရိကန္ ဒါမွမဟုတ္ ေဆာ္ဒီတို႔က စစ္ေရးအရ တိုက္ခုိက္ရင္ အီရန္ အေနနဲ႔ အလုံးစုံ စစ္ပြဲတစ္ရပ္ ဆင္ႏႊဲမွာ ျဖစ္တယ္လို႔ ၾကာသပေတးေန႔က ေျပာခဲ့ပါတယ္။

.............

{Unicode}

အီရန်ဗဟိုဘဏ်ကို ပိတ်ဆို့ဒဏ်ခတ်ဖို့ သမ္မတ Trump ညွှန်ကြား

အီရန် ဗဟိုဘဏ်ကို ပိတ်ဆို့ အရေးယူမယ့် စာရင်းထဲ ထည့်သွင်းကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာ နေ့မှာ ကြေညာလိုက်တာကြောင့် အီရန်အပေါ် စီးပွားရေးအရ ဖိအားပေးမှု ထပ်မံ တိုးမြင့်သွားပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က ပိတ်ဆို့ အရေးယူမှု အောင်မြင်နေကြောင်း၊ စစ်ရေးအရ အရေးယူဆောင်ရွက်မှုလည်း အလုပ်ဖြစ်နိုင်ပေမဲ့ ပိတ်ဆို့အရေးယူမှုဟာ အနိုင်ရဖို့ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆော်ဒီအရေဗျနိုင်ငံအတွင်းက ရေနံလုပ်ငန်းနဲ့ဆိုင်တဲ့နေရာတွေ တိုက်ခိုက်ခံခဲ့ရအပြီး အခုလို ပိတ်ဆို့ အရေးယူမှုကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို အီရန်နိုင်ငံက လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောထားခဲ့ပါတယ်။

မှားယွင်းတဲ့ လုပ်ရပ်တွေ လုပ်ရင် သူ့တို့အတွက် အချိန် သိပ်ရှိမှာ မဟုတ်ဘူးဆိုတာ အီရန်တို့ သိကြောင်းလည်း သမ္မတ ထရမ့်က သတိပေး ခဲ့ပါတယ်။

နေရာရွေး ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်ရေး၊ အမေရိကန် တပ်ဖွဲ့တွေ အရှေ့အလယ်ပိုင်းမှာ တိုးမြှင့် ချထားရေးနဲ့ အီရန်ရဲ့ စီးပွားရေးကို ချိနဲ့အောင်လုပ်ရေးဆိုတဲ့ အချက်တွေ ပါဝင်တဲ့ ရွေးချယ်မှုတွေအထဲက အခုလို ပိတ်ဆို့ အရေးယူမှုကို ရွေးချယ်လုပ်ခဲ့တာလို့ သမ္မတ ထရမ့်က ပြောပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif ကတော့ အမေရိကန် ဒါမှမဟုတ် ဆော်ဒီတို့က စစ်ရေးအရ တိုက်ခိုက်ရင် အီရန် အနေနဲ့ အလုံးစုံ စစ်ပွဲတစ်ရပ် ဆင်နွှဲမှာ ဖြစ်တယ်လို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အီရန္ဗဟိုဘဏ္ကို ပိ္တ္ဆို႔ဒဏ္ခတ္ဖို႔ သမၼတ Trump ညႊန္ၾကား အီရန္ဗဟိုဘဏ္ကို ပိ္တ္ဆို႔ဒဏ္ခတ္ဖို႔ သမၼတ Trump ညႊန္ၾကား Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.