အမရပူရမြို့နယ် NLDပါ တီဥက္ကဌက လူ နှစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်


မန္တလေး၊ စက်တင်ဘာ ၃

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်တို့ သိက္ခာကျစေမည့် မဟုတ်မမှန် စကားများ ပြောဆိုခဲ့သည်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် NLD ပါတီ ဥက္က ဦးတင်ထွဋ်က လူ နှစ်ဦးကို အမရပူရမြို့နယ်ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမှုဖွင့်ခံရသူ နှစ်ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးနှင့် မန္တလေးတိုင်းဒေ သကြီး အမရပူရမြို့နယ်မှာ နေထိုင်သူ တစ်ဦးတို့ဖြစ်ပြီး သူတို့ဟာ ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြည်သူများက အထင်အမြင်လွဲမှားစေရန် ဖေ့ဘုတ်စာမျက်နှာမှာ တိုက်ရိုက် ထုတ်လွှင့်၍ မဟုတ်မမှန် စကားတွေကို ပြောဆိုခဲ့တဲ့အတွက် အမှုဖွင့်တာဖြစ်တယ်လို့ ဦးတင်ထွဋ်က ဆို ပါတယ်။


“ ပါတီဝင်မဟုတ်ပဲ ပါတီအတွင်းရေးတွေကို မဟုတ်မမှန် ရေးသားနေလို့ပါ။ ဝန်ကြီးချုပ်က ကျွန်တော်ပြီးမှ ပြီး တယ်ဆိုပြီး ပြောတယ်။ တကယ်က ဒေါက်တာဇော်မြင့်မောင်က ပါတီမှာ ဒုဥက္ကဌ ဖြစ်တဲ့အတွက် ကျွန်တော် တို့က သူလမ်းညွှန်ပေးတဲ့အတိုင်းသာ လုပ်နေတာ။ ကျွန်တော်တို့ရဲ့ အထက်က တာဝန်ရှိသူတွေ၊ လေးစားပြီး သား၊ သူတို့ခိုင်တာကိုမှ ကျွန်တော်လို့ လုပ်ရတာ။ အဲဒီလိုမဟုတ်မမှန် ပြောတာက ဝန်ကြီးချုပ်သိက္ခာကို ထိ ခိုက်တဲ့အတွက်ကြောင့် အမှုဖွင့်တာပါ” လို့ ဦးတင်ထွဋ်က ပြောပါတယ်။

မြို့နယ်ပါတီဥက္ကဌ ဦးတင်ထွဋ်မှာ ဥက္ကဌတာဝန် ယူပြီးနောက်ပိုင်းမှ တာဝန်ရှိသူများက ဆိုင်ကယ်ဝယ်ပေးခြင်း၊ ဦးတင်ထွဋ်၏ တပည့်ဖြစ်သူများလည်း ကြီးပွားလာသည်ဟု စွပ်စွဲပြောဆိုမှုများပြုလုပ်ခဲ့တယ်လို့ ဦးတင်းထွဋ်က ပြောပါတယ်။

ဦးတင်ထွဋ်သည် ယခင်က ကျူရှင်ဆရာအနေဖြင့် မြို့နယ်ပါတီ တွဲဖက်အတွင်းရေးမှူးတာဝန်ယူထားသူဖြစ်ပြီး ၂၀၁၇ခုနှစ်ကစတင်၍ မြို့နယ်ပါတီဥက္ကဌအဖြစ် တာဝန်ယူလုပ်ဆောင်နေပါတယ်။

ဦးတင်ထွဋ်ဟာ ၄င်းကိုယ်တိုင်လည်း ဆိုင်ကယ် မောင်းတတ်သူ မဟုတ်ဘူးလို့ ပြောပါတယ်။ ဆက်သွယ်ရေး ဥပ ဒေပုဒ်မများဖြင့် အမှုဖွင့်ခံရသူတွေဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ မိမိကြီး ဖေ့ဘုတ်အကောင့် ပိုင်ရှင်နှင့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာမှ ကျော်မျိုးတင့် တို့ဖြစ်တယ်လို့ သိရပါတယ်။

ထက်အောင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
အမရပူရမြို့နယ် NLDပါ တီဥက္ကဌက လူ နှစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် အမရပူရမြို့နယ် NLDပါ တီဥက္ကဌက လူ နှစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.