ျမစ္ႀကီးနား KBC ေဆးျဖတ္စခန္း အာဏာပုိင္ေတြ စစ္ေဆးခံရ

ျမစ္ႀကီးနား KBC ေဆးျဖတ္စခန္း
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ေမာ္ေဖာင္းေက်းရြာမွာရွိတဲ့ မူးယစ္ေဆးျဖတ္တဲ့စင္တာတခုကုိ မေန႔ မနက္အေစာပိုင္းက အရပ္ဝတ္နဲ႔ေသနတ္ကုိင္ေဆာင္သူေတြက ဝင္ေရာက္ စစ္ေဆးခဲ့ပါတယ္။ လာေရာက္ စစ္ေဆးသူေတြဟာ သူတုိ႔မွာ တရားဝင္စစ္ေဆးပုိင္ခြင့္ အေထာက္အထား ပါမလာဘူးလုိ႔ စင္တာ တာဝန္ရွိသူေတြက ေျပာပါတယ္။

အခုခ်ိန္မွာေတာ့ အဲဒီစင္တာက စည္းကမ္းထိန္း ဆရာတဦးကုိ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇နဲ႔ ရဲအရာရွိတဦးက အမႈဖြင့္ခဲ့ၿပီး၊ စစ္ေဆးခံရတဲ့ ေက်ာင္းဘက္က လည္း ဒီအေျခအေနေတြကို ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္အထိ စာတင္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုက ေမးျမန္းေပးပို႔ ထားပါတယ္။

ျမစ္ႀကီးနားၿမိဳ႕၊ ေမာ္ေဖာင္းေက်းရြာမွာရွိတဲ့ အသက္တာသစ္ သမၼာက်မ္းစာ သင္တန္းေက်ာင္းကုိ စက္တင္ဘာလ ၂၆ရက္ေန႔မွာ ရဲတပ္ဖြဲ႕၊ မူးယစ္တပ္ဖြဲ႕နဲ႔၊ အရပ္ဝတ္နဲ႔ ေသနတ္ ကုိင္ေဆာင္ထားသူေတြ က မနက္ ၃နာရီဝန္းက်င္မွာ ဝင္ေရာက္ရွာေဖြ စစ္ေဆးခဲ့ပါတယ္။ မနက္မုိးမလင္းခ်ိန္မွာ ဘာအတြက္ေရာက္လာမွန္း မသိေပမယ့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးပါတာေၾကာင့္ တံခါးဖြင့္ေပးလိုက္တဲ့အခါမွာ ဝင္ေရာက္စီးနင္းတဲ့ပံုစံနဲ႔ စစ္ေဆးခဲ့တယ္လို႔ ေက်ာင္းတာဝန္ခံ ဆရာဆုိင္းဖာက ေျပာပါတယ္။

“သူတို႔ၾကည့္ခ်င္တဲ့ေနရာေတြအကုန္ ေသတၱာေတြ၊ အခန္းေတြ၊ တေယာက္မက်န္၊ အိိမ္ယာလိတ္ေတြ အဲလိုနဲ႔ ဝင္စီးနင္းရွာေဖြတဲ့ပံုစံ လုပ္သြားတာေပါ့။ သူတို႔ကို ဘယ္သူနဲ႔လာတာလဲ၊ က်ေတာ္တို႔ေမးတဲ့အခ်ိန္ သူတို႔လည္း ဘာမွတိတိက်က်မေျပာဘူး။ ဘယ္အဖြဲ႕လည္းလို႔ ေျပာရင္လည္း သူတို႔ကရဲမွဴးေတြကိုပဲ လႊဲခ်တာေပါ့။ ရဲမွဴးေတြကိုေမးရင္လည္း က်ေတာ္တို႔လည္းမသိဘူး။ က်ေတာ္တို႔ကို ေခၚလို႔လာခဲ့တာပါတဲ့။ အဲလိုပဲ တေယာက္နဲ႕ တေယာက္လႊဲခဲ့တာေပါ့။”

အခုဝင္ေရာက္စစ္ေဆးခံခဲ့ရတဲ့ သမၼာက်မ္းစာသင္တန္းေက်ာင္းက ကခ်င္ျပည္နယ္မွာရွိတဲ့ အသင္းေတာ္ အေျချပဳ မူးယစ္ေဆးျဖတ္တဲ့ ေက်ာင္းေတြထဲက တစ္ခုပါ။ ဒီေက်ာင္းကုိ ၂၀၁၄ခုႏွစ္ ေအာက္တုိဘာလမွာ ဖြင့္ခဲ့တာျဖစ္ၿပီး၊ မူးယစ္ေဆး ျဖတ္သူေတြကုိ ေက်ာင္းမွာပဲေနထုိင္ခြင့္ျပဳၿပီး သမၼာက်မ္းစာသင္ေပးေနတာပါ။ လက္ရွိအခ်ိန္မွာ မူးယစ္ေဆးျဖတ္သူ ၁၂၅ဦး ကို လက္ခံထားတယ္လို႔ ေက်ာင္းတာဝန္ခံကေျပာပါတယ္။

ဝင္ေရာက္စစ္ေဆးတဲ့အခ်ိန္မွာ ေက်ာင္းလံုျခံဳေရးအတြက္ အသံုးျပဳတဲ့ စကားေျပာစက္ေတြကို ေတြ႕ရွိခဲ့တာေၾကာင့္ ေက်ာင္းရဲ႕စည္းကမ္းထိန္း ဆရာတဦးကုိ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇နဲ႔ ရဲအရာရွိတဦးက အမႈဖြင့္ထားတယ္လို႔ ဆရာဆိုင္းဖာကေျပာပါတယ္။

“က်ေတာ္တို႔က သင္တန္းေက်ာင္းဆိုတာ့ ကင္းအရ တေယာက္နဲ႔တေယာက္ မထြက္ေျပးေအာင္ ညကင္းေစာင့္ရတာကိုး။ အဲေတာ့ မူးယစ္ေဆးဝါးသမားေတြကို ျပဳစုေစာင့္ေရွာက္တဲ့၊ က်မ္းစာ သင္ေပးေနတာဆုိေတာ့ သံုးတဲ့စကားေျပာစက္ အေသးေလးေတြကုိ ေကာက္သြားၿပီးမွ ခြင့္ျပဳခ်က္မရဘဲ ကိုင္တယ္ဆုိၿပီးမွေတာ့ အမႈဖြင့္ထားပါတယ္ က်ေတာ္တို႔ကုိ။”

ကခ်င္ျပည္နယ္မွာ အသက္အရြယ္မေရြး မူးယစ္ေဆးစြဲတဲ့ဒဏ္ကုိ ခံေနၾကရတာေၾကာင့္ ဒါကုိ အစုိးရအေနနဲ႔ ကိုင္တြယ္ေျဖရွင္းႏုိင္တာ မရွိဘူးလို႔ အရပ္ဖက္အဖြဲ႕ေတြက ဆုိပါတယ္။ အသင္းေတာ္ေတြနဲ႔ လူမႈအေျချပဳအဖြဲ႕အစည္းေတြက မူးယစ္ေဆး သုံးစြဲမႈ တုိက္ဖ်က္ေရး လုပ္ေဆာင္ေနခ်ိန္မွာ အာဏာပုိင္ေတြက အခုလိုျပဳမူခဲ့တာဟာ အၾကမ္းဖက္တဲ့လုပ္ရပ္ျဖစ္တယ္လို႔ ကခ်င္ျပည္နယ္လူမႈအက်ိဳးျပဳ အဖြဲ႕ေတြက ေျပာပါတယ္။

စက္တင္ဘာလ ၂၆ရက္ေန႔ မနက္အေစာပုိင္းက အသက္တာသစ္ သမၼာက်မ္းစာသင္တန္ေက်ာင္းကို ဝင္ေရာက္စစ္ေဆးရာမွာ ပါလာတဲ့ ေမာ္ေဖာင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးစုိးေက်ာ္က

“က်ေတာ့္ကိုသက္ေသ လိုက္ေပးဖုိ႔ေပါ့ဗ်ာ ေခၚသြားတာ။ ေထြေထြထူးထူးေတာ့ မသိရွိဘူးဗ်။”

အၾကမ္းဖက္မႈအသြင္ေဆာင္တဲ့ ဝင္ေရာက္ရွာေဖြမႈမ်ိဳးနဲ႔ စစ္ေဆးခဲ့ၿပီး၊ တရားစြဲဆိုတဲ့အေျခအေနထိ မျဖစ္သင့္ဘဲ၊ ေျပေျပလည္လည္ ေျပာဆုိၿပီးမွသာ ေဆာင္ရြက္သင့္တယ္လို႔ ကခ်င္တမ်ိဳးသားလံုးဆိုင္ရာ လူငယ္မ်ားသမဂၢ ဥကၠ႒ လြမ္ေဇာင္းက ေျပာပါတယ္။

အခုျဖစ္စဥ္အေပၚ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္အထိ စာပို႔ဖို႔ အၾကံျပဳထားၿပီး၊ အေျခအေနကို ေစာင့္ၾကည့္သြားမယ္လို႔ သူကဆိုပါတယ္။

“မူးယစ္ေဆးဝါးျဖတ္တဲ့ စင္တာကုိ အေႏွာင့္အယွက္လာေပးတဲ့ ျခိမ္းေျခာက္တဲ့ပံုစံျဖစ္ေနတယ္လို႔ က်ေတာ္တို႔ယူဆတယ္။ ေလာေလာဆယ္ သူတို႔ ကခ်င္ျပည္နယ္အစုိးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ကိုလိပ္မူၿပီးမွ စာေတြထည့္ဖုိ႔ သူတို႔ကုိ က်ေတာ္တို႔အၾကံဥာဏ္ေပးတာေပါ့။ ဒီကေနတဆင့္ က်ေတာ္တို႔ အေျခအေနျပန္ၾကည့္ၿပီးမွ အစုိးရအာဏာပိုင္ဘက္ကေန တရားမမွ်တတဲ႔ဟာေတြ လုပ္လာၿပီဆိုရင္ေတာ့ က်ေတာ္တို႔ ဒါကုိ ဝန္းရံဖုိ႔အတြက္ အဆင္သင့္ရွိတာေပါ့ေနာ္။”

တိုင္းရင္းသား လက္နက္ကုိင္အဖြဲ႕ေတြက ေနျပည္ေတာ္မွာ ေဖာက္ခြဲမႈျပဳလုပ္ဖုိ႔ ရက္သတ္မွတ္ထားေၾကာင္း ႏုိင္ငံေတာ္သမၼတရံုးက ဝန္ႀကီးဌာနေတြကို ညႊန္ၾကားထားတဲ့စာမွာ ကခ်င္တိုင္းရင္းသား လက္နက္ကုိင္အဖြဲ႕လည္းပါေနၿပီး အဲဒီစြတ္စြဲမႈရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ အခုလို ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က မူးယစ္ေဆးျဖတ္တဲ့ စင္တာကို ဝင္ေရာက္စစ္ေဆးတာလားလုိ႔ သူ႔အေနနဲ႔ သံသယျဖစ္မိေၾကာင္း လြမ္ေဇာင္းက ေျပာပါတယ္။

အခုဝင္ေရာက္စစ္ေဆးခံခဲ့ရတဲ့ေက်ာင္းက ေျမာက္ပုိင္းတိုင္းစစ္ဌာနခ်ဳပ္နဲ႔ အနီးဆံုးေနရာမွာရွိေနတာလို႔ ေဒသခံေတြကဆိုပါတယ္။

...................

{Unicode}

မြစ်ကြီးနား KBC ဆေးဖြတ်စခန်း အာဏာပိုင်တွေ စစ်ဆေးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာမှာရှိတဲ့ မူးယစ်ဆေးဖြတ်တဲ့စင်တာတခုကို မနေ့ မနက်အစောပိုင်းက အရပ်ဝတ်နဲ့သေနတ်ကိုင်ဆောင်သူတွေက ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ လာရောက် စစ်ဆေးသူတွေဟာ သူတို့မှာ တရားဝင်စစ်ဆေးပိုင်ခွင့် အထောက်အထား ပါမလာဘူးလို့ စင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုချိန်မှာတော့ အဲဒီစင်တာက စည်းကမ်းထိန်း ဆရာတဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နဲ့ ရဲအရာရှိတဦးက အမှုဖွင့်ခဲ့ပြီး၊ စစ်ဆေးခံရတဲ့ ကျောင်းဘက်က လည်း ဒီအခြေအနေတွေကို ကချင်ပြည်နယ်ဝန်ကြီးချုပ်အထိ စာတင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ ထားပါတယ်။

မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာမှာရှိတဲ့ အသက်တာသစ် သမ္မာကျမ်းစာ သင်တန်းကျောင်းကို စက်တင်ဘာလ ၂၆ရက်နေ့မှာ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နဲ့၊ အရပ်ဝတ်နဲ့ သေနတ် ကိုင်ဆောင်ထားသူတွေ က မနက် ၃နာရီဝန်းကျင်မှာ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။ မနက်မိုးမလင်းချိန်မှာ ဘာအတွက်ရောက်လာမှန်း မသိပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးပါတာကြောင့် တံခါးဖွင့်ပေးလိုက်တဲ့အခါမှာ ဝင်ရောက်စီးနင်းတဲ့ပုံစံနဲ့ စစ်ဆေးခဲ့တယ်လို့ ကျောင်းတာဝန်ခံ ဆရာဆိုင်းဖာက ပြောပါတယ်။

“သူတို့ကြည့်ချင်တဲ့နေရာတွေအကုန် သေတ္တာတွေ၊ အခန်းတွေ၊ တယောက်မကျန်၊ အိမ်ယာလိတ်တွေ အဲလိုနဲ့ ဝင်စီးနင်းရှာဖွေတဲ့ပုံစံ လုပ်သွားတာပေါ့။ သူတို့ကို ဘယ်သူနဲ့လာတာလဲ၊ ကျတော်တို့မေးတဲ့အချိန် သူတို့လည်း ဘာမှတိတိကျကျမပြောဘူး။ ဘယ်အဖွဲ့လည်းလို့ ပြောရင်လည်း သူတို့ကရဲမှူးတွေကိုပဲ လွှဲချတာပေါ့။ ရဲမှူးတွေကိုမေးရင်လည်း ကျတော်တို့လည်းမသိဘူး။ ကျတော်တို့ကို ခေါ်လို့လာခဲ့တာပါတဲ့။ အဲလိုပဲ တယောက်နဲ့ တယောက်လွှဲခဲ့တာပေါ့။”

အခုဝင်ရောက်စစ်ဆေးခံခဲ့ရတဲ့ သမ္မာကျမ်းစာသင်တန်းကျောင်းက ကချင်ပြည်နယ်မှာရှိတဲ့ အသင်းတော် အခြေပြု မူးယစ်ဆေးဖြတ်တဲ့ ကျောင်းတွေထဲက တစ်ခုပါ။ ဒီကျောင်းကို ၂၀၁၄ခုနှစ် အောက်တိုဘာလမှာ ဖွင့်ခဲ့တာဖြစ်ပြီး၊ မူးယစ်ဆေး ဖြတ်သူတွေကို ကျောင်းမှာပဲနေထိုင်ခွင့်ပြုပြီး သမ္မာကျမ်းစာသင်ပေးနေတာပါ။ လက်ရှိအချိန်မှာ မူးယစ်ဆေးဖြတ်သူ ၁၂၅ဦး ကို လက်ခံထားတယ်လို့ ကျောင်းတာဝန်ခံကပြောပါတယ်။

ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ ကျောင်းလုံခြုံရေးအတွက် အသုံးပြုတဲ့ စကားပြောစက်တွေကို တွေ့ရှိခဲ့တာကြောင့် ကျောင်းရဲ့စည်းကမ်းထိန်း ဆရာတဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နဲ့ ရဲအရာရှိတဦးက အမှုဖွင့်ထားတယ်လို့ ဆရာဆိုင်းဖာကပြောပါတယ်။

“ကျတော်တို့က သင်တန်းကျောင်းဆိုတာ့ ကင်းအရ တယောက်နဲ့တယောက် မထွက်ပြေးအောင် ညကင်းစောင့်ရတာကိုး။ အဲတော့ မူးယစ်ဆေးဝါးသမားတွေကို ပြုစုစောင့်ရှောက်တဲ့၊ ကျမ်းစာ သင်ပေးနေတာဆိုတော့ သုံးတဲ့စကားပြောစက် အသေးလေးတွေကို ကောက်သွားပြီးမှ ခွင့်ပြုချက်မရဘဲ ကိုင်တယ်ဆိုပြီးမှတော့ အမှုဖွင့်ထားပါတယ် ကျတော်တို့ကို။”

ကချင်ပြည်နယ်မှာ အသက်အရွယ်မရွေး မူးယစ်ဆေးစွဲတဲ့ဒဏ်ကို ခံနေကြရတာကြောင့် ဒါကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်တာ မရှိဘူးလို့ အရပ်ဖက်အဖွဲ့တွေက ဆိုပါတယ်။ အသင်းတော်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေက မူးယစ်ဆေး သုံးစွဲမှု တိုက်ဖျက်ရေး လုပ်ဆောင်နေချိန်မှာ အာဏာပိုင်တွေက အခုလိုပြုမူခဲ့တာဟာ အကြမ်းဖက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်ပြည်နယ်လူမှုအကျိုးပြု အဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာလ ၂၆ရက်နေ့ မနက်အစောပိုင်းက အသက်တာသစ် သမ္မာကျမ်းစာသင်တန်ကျောင်းကို ဝင်ရောက်စစ်ဆေးရာမှာ ပါလာတဲ့ မော်ဖောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးကျော်က

“ကျတော့်ကိုသက်သေ လိုက်ပေးဖို့ပေါ့ဗျာ ခေါ်သွားတာ။ ထွေထွေထူးထူးတော့ မသိရှိဘူးဗျ။”

အကြမ်းဖက်မှုအသွင်ဆောင်တဲ့ ဝင်ရောက်ရှာဖွေမှုမျိုးနဲ့ စစ်ဆေးခဲ့ပြီး၊ တရားစွဲဆိုတဲ့အခြေအနေထိ မဖြစ်သင့်ဘဲ၊ ပြေပြေလည်လည် ပြောဆိုပြီးမှသာ ဆောင်ရွက်သင့်တယ်လို့ ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ ဥက္ကဋ္ဌ လွမ်ဇောင်းက ပြောပါတယ်။

အခုဖြစ်စဉ်အပေါ် ကချင်ပြည်နယ်ဝန်ကြီးချုပ်အထိ စာပို့ဖို့ အကြံပြုထားပြီး၊ အခြေအနေကို စောင့်ကြည့်သွားမယ်လို့ သူကဆိုပါတယ်။

“မူးယစ်ဆေးဝါးဖြတ်တဲ့ စင်တာကို အနှောင့်အယှက်လာပေးတဲ့ ခြိမ်းခြောက်တဲ့ပုံစံဖြစ်နေတယ်လို့ ကျတော်တို့ယူဆတယ်။ လောလောဆယ် သူတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုလိပ်မူပြီးမှ စာတွေထည့်ဖို့ သူတို့ကို ကျတော်တို့အကြံဉာဏ်ပေးတာပေါ့။ ဒီကနေတဆင့် ကျတော်တို့ အခြေအနေပြန်ကြည့်ပြီးမှ အစိုးရအာဏာပိုင်ဘက်ကနေ တရားမမျှတတဲ့ဟာတွေ လုပ်လာပြီဆိုရင်တော့ ကျတော်တို့ ဒါကို ဝန်းရံဖို့အတွက် အဆင်သင့်ရှိတာပေါ့နော်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက နေပြည်တော်မှာ ဖောက်ခွဲမှုပြုလုပ်ဖို့ ရက်သတ်မှတ်ထားကြောင်း နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးဌာနတွေကို ညွှန်ကြားထားတဲ့စာမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်းပါနေပြီး အဲဒီစွတ်စွဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အခုလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မူးယစ်ဆေးဖြတ်တဲ့ စင်တာကို ဝင်ရောက်စစ်ဆေးတာလားလို့ သူ့အနေနဲ့ သံသယဖြစ်မိကြောင်း လွမ်ဇောင်းက ပြောပါတယ်။

အခုဝင်ရောက်စစ်ဆေးခံခဲ့ရတဲ့ကျောင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနီးဆုံးနေရာမှာရှိနေတာလို့ ဒေသခံတွေကဆိုပါတယ်။

စုစု / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမစ္ႀကီးနား KBC ေဆးျဖတ္စခန္း အာဏာပုိင္ေတြ စစ္ေဆးခံရ ျမစ္ႀကီးနား KBC ေဆးျဖတ္စခန္း အာဏာပုိင္ေတြ စစ္ေဆးခံရ Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.