ဖမ္းဆီး IS ေတြကို ႏိုင္ငံရင္းျပန္ေခၚဖို႔ သမၼတ Trump ၿခိမ္းေျခာက္ေတာင္းဆို


တိုက္ပြဲမွာဖမ္းဆီးရမိထားတဲ့ အိုင္အက္စ္ တိုက္ခိုက္ေရးသမားေတြကို ျပန္လည္ေခၚယူဖို႔ ဆက္ျငင္းေနမယ္ဆိုရင္ ဥေရာပက သူတို႔လာေရာက္ရာ ဌာေနႏိုင္ငံေတြဆီကို ျပန္ပို႔မယ္လို႔ အေမရိကန္သမၼတ Donald Trump က ထပ္မံ ၿခိမ္းေျခာက္လိုက္ပါတယ္။

ကမာၻႀကီးမွာ အိုင္အက္စ္အၾကမ္းဖက္အဖြဲ႔ ပေပ်ာက္သြားေရးအတြက္ အေမရိကန္ကအမ်ားဆံုး လုပ္ေဆာင္ေပးခဲ့ၿပီးၿပီမို႔ အခုအခ်ိန္ဟာ တျခားႏုိင္ငံေတြ လုပ္ေဆာင္ဖို႔ အခ်ိန္က်ၿပီ ျဖစ္ေၾကာင္းနဲ႔ ဆီးရီးယားမွာ ထားတဲ့ အေမရိကန္တပ္ေတြကို ရုပ္သိမ္းဖို႔ ဆက္ၿပီး လုပ္ေဆာင္မယ္လို႔ သမၼတ Trump က ေသာၾကာေန႔မွာ ေျပာပါတယ္။

ဒီစစ္အက်ဥ္းသားေတြကို ျပန္ေခၚၾကဖို႔ အေမရိကန္က ေျပာၾကားခဲ့ေပမယ့္ ဒီႏုိင္ငံေတြက ျပန္မေခၚၾကတဲ့အတြက္ အခုတႀကိမ္မွာေတာ့ ဒီအက်ဥ္းသားေတြကို သူတို႔လာရာ ႏုိ္င္ငံက နယ္စပ္ေတြကို သြားပို႔ထားမယ္လို႔ သမၼတ Trump က Australia ဝန္ႀကီးခ်ဳပ္ Scott Morrison နဲ႔ ေတြ႔ဆံုစဥ္အတြင္း သမၼတအိမ္ျဖဴ Oval ရံုးခန္းမွာ သတင္းေထာက္ေတြကို ေျပာခဲ့တာ ျဖစ္ပါတယ္။

သမၼတ Trump အခုလို ေျပာတာဟာ ပထမဆံုး အႀကိမ္ေတာ့ မဟုတ္ပါဘူး။ ေဖေဖၚဝါရီလတုန္းက အိုင္အက္စ္ ေတြ က်ဆံုးေတာ့မယ္လို႔ သူ႔တြစ္တာမွာ ေရးခ်ိန္ကလည္း ဒီအိုင္အက္စ္ ကာလီဖိတ္ တိုက္ခိုက္ေရးသမားေတြကို ျပန္ေခၚဖို႔ လက္တြန္႔ေနတဲ့ ဥေရာပ မဟာမိတ္ေတြကို ေဝဖန္ခဲ့တာပါ။

ဆီးရီးယားမွာ ဖမ္းမိၿပီး တရားရင္ဆုိင္ေနရတဲ့ အိုင္အက္စ္ တိုက္ခိုက္ေရးသမား ၈၀၀ ေက်ာ္ရွိၿပီး ဒီလူေတြကို ျပန္ေခၚၾကဖို႔ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမဏီနဲ႔ တျခားဥေရာပ မဟာမိတ္ႏုိင္ငံေတြကို အေမရိကန္ ျပည္ေထာင္စုက ပန္ၾကားခဲ့တာ ျဖစ္ပါတယ္။

ဆီးရီးယားနဲ႔ အီရတ္ကေန ဖမ္းဆီးရမိတဲ့့ အိုင္အက္စ္တိုက္ခိုက္ေရးသမားက ေထာင္နဲ႔ခ်ီရွိေနၿပီး ဆီးရီးယားေျမာက္ပိုင္းမွာရွိတဲ့ ယာယီ အက်ဥ္းစခန္း ေတြမွာ SDF တပ္ေတြ ထိန္းသိမ္းထားရသူက ၂ ေထာင္ေက်ာ္ ရွိႏိုင္တယ္လို႔ အေမရိကန္က ခန္႔မွန္းထားပါတယ္။ ဒီစခန္းေတြရဲ႕ လံုၿခံဳေရးကလည္း စိုးရိမ္စရာျဖစ္ေနတယ္လို႔ ေျပာပါတယ္။

..............

{Unicode}

ဖမ်းဆီး IS တွေကို နိုင်ငံရင်းပြန်ခေါ်ဖို့ သမ္မတ Trump ခြိမ်းခြောက်တောင်းဆို

တိုက်ပွဲမှာဖမ်းဆီးရမိထားတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေကို ပြန်လည်ခေါ်ယူဖို့ ဆက်ငြင်းနေမယ်ဆိုရင် ဥရောပက သူတို့လာရောက်ရာ ဌာနေနိုင်ငံတွေဆီကို ပြန်ပို့မယ်လို့ အမေရိကန်သမ္မတ Donald Trump က ထပ်မံ ခြိမ်းခြောက်လိုက်ပါတယ်။

ကမ္ဘာကြီးမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ပပျောက်သွားရေးအတွက် အမေရိကန်ကအများဆုံး လုပ်ဆောင်ပေးခဲ့ပြီးပြီမို့ အခုအချိန်ဟာ တခြားနိုင်ငံတွေ လုပ်ဆောင်ဖို့ အချိန်ကျပြီ ဖြစ်ကြောင်းနဲ့ ဆီးရီးယားမှာ ထားတဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းဖို့ ဆက်ပြီး လုပ်ဆောင်မယ်လို့ သမ္မတ Trump က သောကြာနေ့မှာ ပြောပါတယ်။

ဒီစစ်အကျဉ်းသားတွေကို ပြန်ခေါ်ကြဖို့ အမေရိကန်က ပြောကြားခဲ့ပေမယ့် ဒီနိုင်ငံတွေက ပြန်မခေါ်ကြတဲ့အတွက် အခုတကြိမ်မှာတော့ ဒီအကျဉ်းသားတွေကို သူတို့လာရာ နိုင်ငံက နယ်စပ်တွေကို သွားပို့ထားမယ်လို့ သမ္မတ Trump က Australia ဝန်ကြီးချုပ် Scott Morrison နဲ့ တွေ့ဆုံစဉ်အတွင်း သမ္မတအိမ်ဖြူ Oval ရုံးခန်းမှာ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump အခုလို ပြောတာဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ဖေဖေါ်ဝါရီလတုန်းက အိုင်အက်စ် တွေ ကျဆုံးတော့မယ်လို့ သူ့တွစ်တာမှာ ရေးချိန်ကလည်း ဒီအိုင်အက်စ် ကာလီဖိတ် တိုက်ခိုက်ရေးသမားတွေကို ပြန်ခေါ်ဖို့ လက်တွန့်နေတဲ့ ဥရောပ မဟာမိတ်တွေကို ဝေဖန်ခဲ့တာပါ။

ဆီးရီးယားမှာ ဖမ်းမိပြီး တရားရင်ဆိုင်နေရတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမား ၈၀၀ ကျော်ရှိပြီး ဒီလူတွေကို ပြန်ခေါ်ကြဖို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီနဲ့ တခြားဥရောပ မဟာမိတ်နိုင်ငံတွေကို အမေရိကန် ပြည်ထောင်စုက ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနဲ့ အီရတ်ကနေ ဖမ်းဆီးရမိတဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမားက ထောင်နဲ့ချီရှိနေပြီး ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့ ယာယီ အကျဉ်းစခန်း တွေမှာ SDF တပ်တွေ ထိန်းသိမ်းထားရသူက ၂ ထောင်ကျော် ရှိနိုင်တယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။ ဒီစခန်းတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဖမ္းဆီး IS ေတြကို ႏိုင္ငံရင္းျပန္ေခၚဖို႔ သမၼတ Trump ၿခိမ္းေျခာက္ေတာင္းဆို ဖမ္းဆီး IS ေတြကို ႏိုင္ငံရင္းျပန္ေခၚဖို႔ သမၼတ Trump ၿခိမ္းေျခာက္ေတာင္းဆို Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.