ကန္ေအာက္လႊတ္ေတာ္ရဲ႕Burma Act မူၾကမ္း ဘယ္ေလာက္ခရီးေရာက္မလဲ


အေမရိကန္ ေအာက္လႊတ္ေတာ္က စက္တင္ဘာလ ၂၄ ရက္ေန႔က အတည္ျပဳလိုက္တဲ့ BURMA Act ၂၀၁၉ ျပင္ဆင္ခ်က္ ဥပေဒမူ ၾကမ္းဟာ ႏိုင္ငံတကာရာဇ၀တ္မႈကို က်ဴးလြန္ ေၾကာင္း စြပ္စဲြခံထားရတဲ့ ျမန္မာစစ္တပ္အေပၚ စီးပြားေရးအရ က်ယ္က်ယ္ျပန္႔ျပန္႔ အေရးယူဒဏ္ခတ္မယ့္ အခ်က္ေတြ ပါ၀င္ေနေၾကာင္း အေမရိကန္အေျခစိုက္ ျမန္မာ့အေရးေလ့လာေနသူေတြက ေထာက္ျပခဲ့ၾကပါတယ္။
ဆက္သြယ္ စံုစမ္း ေမးျမန္းထားတဲ့ မအင္ၾကင္းနိုင္ကအျပည့္အစံု တင္ျပမွာပါ။

BURMA Act ၂၀၁၉ (Burma Unified through Rigorous Military Accountability Act of 2019) ျပင္ဆင္ခ်က္ ဥပေဒမူၾကမ္းကို သီးျခားဥပေဒျဖစ္ ျပဌာန္းဖို႔ အဂၤါေန႔က အမတ္ဦးေရ စုစုေပါင္း ၄၃၃ ဦးရွိတဲ့ အေမရိကန္ေအာက္ လႊတ္ေတာ္မွာ ေထာက္ခဲမဲ ၃၉၄မဲ၊ ကန္႔ကြက္မဲ ၂၁ မဲနဲ႔ အတည္ျပဳခဲ့ၿပီး မဲမေပးတဲ့ အေရအတြက္ ၁၈ မဲရွိခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္က BURMA Act ဥပေဒမူၾကမ္းကို NDAA အမ်ဳိးသားကာကြယ္ေရး ခြင့္ျပဳမိန္႔ ဥပေဒမူၾကမ္းမွာ ျပင္ဆင္ခ်က္အေနနဲ႔ ထည့္သြင္းခဲ့တုန္းက ေထာက္ခံမဲ ၃၈၂ မဲ ရွိခဲ့ၿပီး ကန္႔ကြက္မဲ ၃၀ နဲ႔ မဲမေပးတဲ့ အေရအတြက္ ၁၅ မဲ ရွိခဲ့ပါတယ္။
ဒါေၾကာင့္ ဒီႏွစ္ ၂၀၁၉မွာ BURMA Act ဥပေဒမူၾကမ္းကို ေအာက္လႊတ္ေတာ္မွာ ေထာက္ခံတဲ့ မဲအေရအတြက္ ပိုၿပီးမ်ားလာတာေတြ႕ရေၾကာင္း ၀ါရွင္တန္ အေျခစိုက္ ICR ႏိုင္ငံတကာလႈပ္ရွားမႈအဖဲြ႕ အမႈေဆာင္ညႊန္ၾကားေရးမွဴး Simon Billenness က ဗီြအိုေအကို အခုလို ေျပာပါတယ္။

“ ျမန္မာစစ္တပ္ကို ျပင္းျပင္းထန္ထန္ ဒဏ္ခတ္အေရးယူတဲ့ ဥပေဒမူၾကမ္းကို အေမရိကန္ေအာက္ လႊတ္ေတာ္မွာ မႏွစ္ကေရာ၊ ဒီႏွစ္မွာပါ အျပတ္အသတ္ ေထာက္ခံခဲ့ၾကတာပါ။ ေနာက္တခ်က္ စိတ္၀င္စားဖို႔ ေကာင္းတာက မႏွစ္က ကန္႔ကြက္မဲ ေပးခဲ့ၾကသူေတြ ဒါမွမဟုတ္ မဲမေပးပဲ ေနခဲ့ၾကတဲ့ ေအာက္လႊတ္ေတာ္အမတ္ေတြဟာ ဒီႏွစ္မွာ ဘက္ေျပာင္းၿပီး ေထာက္ခံမဲ ေပးခဲ့ၾကတာပါ။ ဒါေၾကာင့္လည္း ေထာက္ခံမဲေပးတဲ့ အေရအတြက္ဟာ ဒီႏွစ္မွာ ပိုၿပီး မ်ားလာပါတယ္။”

မအင္ၾကင္းႏိုင္ ။ ။ ဒါဆိုရင္ အထက္လႊတ္ေတာ္ ဘက္ကေရာ အလားအလာ ဘယ္လိုရွိမလဲ။
Simon Billenness ။ ။ ဒီပိတ္ဆို ႔အေရးယူတဲ့ ဥပေဒမူၾကမ္းကို အထက္လႊတ္ေတာ္ မွာလည္း ေအာက္လႊတ္ေတာ္လိုပဲ ေထာက္ခံမဲအေရအတြက္ ရလိမ့္မယ္လို႔ က်ေနာ္ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ တဖက္မွာလည္း ႏွစ္ဖက္ မူၾကမ္းေတြကို ေဆြးေႏြးညႈိႏႈိင္းေနၾကတာဆိုေတာ့ အဲဒီထဲမွာ ျပင္ဆင္ခ်က္အေနနဲ႔ ပါေနတဲ့ ျမန္မာအေပၚ ဒဏ္ခတ္အေရးယူမယ့္ ဥပေဒမူၾကမ္းကို NDAA နဲ႔အတူ ဥပေဒအျဖစ္တခါတည္း ျပဌာန္းဖို႔သင့္မသင့္ ေဆြးေႏြးေနၾကပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲေတာ့ ဒီ BURMA Act လို ျမန္မာစစ္တပ္ကို ပစ္မွတ္ထား ပိတ္ဆို႔အေရးယူမယ့္ ဥပေဒမူၾကမ္းေတြကို ဥပေဒအျဖစ္ ျပဌာန္းဖို႔ အခ်ိန္ဘယ္ေလာက္ၾကမလဲ။
Simon Billenness ။ ။ လႊတ္ေတာ္ႏွစ္ရပ္ ျပန္လည္ညႈိႏႈိင္းထားတဲ့ NDAA ဥပေဒမူၾကမ္းအၿပီးသတ္ မွာ ျမန္မာကို ပိတ္ဆို႔အေရးယူမယ့္ ကိစၥပါမပါ မၾကာခင္သိရေတာ့မွာပါ။ သတင္းႏွစ္ပတ္ေလာက္အတြင္း ဒီ NDAA ဥပေဒမူၾကမ္းကို သမၼတ လက္မွတ္ေရးထိုး အတည္ျပဳဖို႔ အဆင့္ေရာက္ေတာ့မွာပါ။ NDAA ဥပေဒမူၾကမ္းကို မျဖစ္မေန အျမန္ဆံုးျပဌာန္းဖို႔ လိုိေနတာပါ။ ဒီလိုမွ အခ်ိန္မီွ မလုပ္ႏိုင္ရင္ အေမရိကန္ကာကြယ္ေရး ၀န္ႀကီးဌာနအတြက္ အသံုးစရိတ္မခ် ေပးႏိုင္ပဲ ျဖစ္သြားပါလိမ့္မယ္။
BURMA Act ၂၀၁၉ ဥပေဒမူၾကမ္းမွာ အဓိက ထူးျခားခ်က္နဲ႔ ပတ္သက္လို႔လည္း Simon Billenness ကအခုလို ေျပာပါတယ္။
“ အခု ျပင္ဆင္ခ်က္ ဥပေဒမူၾကမ္းရဲ႕ အထူးျခားဆံုး ထိေရာက္မႈကေတာ့ ျမန္မာစစ္တပ္အရာရွိေတြနဲ႔ ထိပ္ပိုင္း တာ၀န္ရွိသူေတြအေပၚ ဘ႑ာေရးအရ ဒဏ္ခတ္ပိတ္ဆို႔ေရးတင္ မဟုတ္ပါဘူး၊ ျမန္မာစစ္တပ္ပိုင္ ဒါမွမဟုတ္ ထိန္းခ်ဳပ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြ အေပၚ ပစ္မွတ္ထား ပိတ္ဆို႔အေရးယူမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဥပေဒၾကမ္းဟာ ျမန္မာစစ္တပ္အေပၚ က်ယ္က်ယ္ျပန္႔ျပန္႔ အေရးယူပိတ္ဆို႔မွာ ျဖစ္ပါတယ္။ ”
လက္ရွိ အေမရိကန္သမၼတ Donald Trump ဘက္ကေရာ ျမန္မာအေပၚ ပိတ္ဆို႔အေရးယူမယ့္ ဥပေဒမူၾကမ္းနဲ႔ ပတ္သက္လို႔ သေဘာထား ဘယ္လို ရွိမလဲဆိုတာကိုေတာ့ အေမရိကန္ ျပည္ေထာင္စု George Washington တကၠသိုလ္ ႏိုင္ငံတကာ ဆက္ဆံေရး ပါေမာကၡ Christina Fink က အခုလို သံုးသပ္ပါတယ္။
“ သမၼတ Trump အေနနဲ႔ ျမန္မာကိစၥကို စိတ္၀င္စားတယ္ဆိုတာမ်ဳိး ျပသေလ့မရွိပါဘူး။ ဒါေပမဲ့ ဘာသာေရးလြတ္လပ္ခြင့္ကိစၥကိုေတာ့ သမၼတ Trump က စိုးရိမ္မႈေတြရွိေနတာဆိုေတာ့ ဒီဥပေဒမူၾကမ္းကို သူအေနနဲ႔ ေထာက္ခံ လက္မွတ္ေရးထိုးဖို႔ ျဖစ္ႏိုင္ပါတယ္။ တကယ္လို႔ ဒီဥပေဒမူၾကမ္းကို အတည္ျပဳျပဌာန္းႏိုင္ၿပီဆိုရင္ ျမန္မာစစ္တပ္ကို အေရးယူမယ့္ နည္းလမ္းတခ်ဳိ႕ေပၚေပါက္လာေရး ဖိအားေပးတဲ့ေနရာမွာ အျခားအစိုးရေတြ ပူးေပါင္းပါ၀င္လာဖို႔ အတြက္ ဦးေဆာင္မႈ ျဖစ္လာမွာပါ။ ”
Burma ACT 2019 ဥပေဒ မူၾကမ္းမွာ အေရႀကီးတဲ့အခ်က္ေတြ ပါ၀င္ေနတာနဲ႔ ပတ္သက္ၿပီးလည္း Christina Fink က အခုလို ေျပာပါတယ္။
“ ဘဂၤလားေဒ့ရွ္အပါအ၀င္ အျခားဒုကၡသည္စခန္းေတြမွာရွိေနတဲ့ ကေလးေတြအတြက္ အဆင့္ျမင့္ပညာေရးေတြ သင္ၾကားႏိုင္ဖို႔ ဒီဥပေဒၾကမ္းက အေထာက္အကူေပး သြားမွာပါ။ ”
ဒါ႔အျပင္ ဒီဥပေဒ မူၾကမ္းမွာ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ တိုင္းရင္းသားလူနည္းစုေတြ ပိုမိုပါ၀င္ခြင့္ရဖို႔၊ ပဋိပကၡ ျဖစ္ေနတဲ႔ ေဒသ အေတာ္မ်ားမ်ားမွာ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြ၊ ေယာက္်ားေလးေတြနဲ႔ အမ်ိဳးသားေတြပါ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ခံေနရတာကို တားဆီး ေျဖရွင္းဖို႔ စစ္တပ္ အေနနဲ႔ ၀န္ခံလာေစေရး ဖိအားေပးတဲ႔ အခ်က္ေတြ ပါ၀င္ေနတယ္လို႔လည္း Christina Fink က ေျပာပါတယ္။

(ယူနီကုဒ္)

အမေရိကန် အောက်လွှတ်တော်က စက်တင်ဘာလ ၂၄ ရက်နေ့က အတည်ပြုလိုက်တဲ့ BURMA Act ၂၀၁၉ ပြင်ဆင်ချက် ဥပဒေမူ ကြမ်းဟာ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန် ကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်အပေါ် စီးပွားရေးအရ ကျယ်ကျယ်ပြန့်ပြန့် အရေးယူဒဏ်ခတ်မယ့် အချက်တွေ ပါဝင်နေကြောင်း အမေရိကန်အခြေစိုက် မြန်မာ့အရေးလေ့လာနေသူတွေက ထောက်ပြခဲ့ကြပါတယ်။
ဆက်သွယ် စုံစမ်း မေးမြန်းထားတဲ့ မအင်ကြင်းနိုင်ကအပြည့်အစုံ တင်ပြမှာပါ။

BURMA Act ၂၀၁၉ (Burma Unified through Rigorous Military Accountability Act of 2019) ပြင်ဆင်ချက် ဥပဒေမူကြမ်းကို သီးခြားဥပဒေဖြစ် ပြဌာန်းဖို့ အင်္ဂါနေ့က အမတ်ဦးရေ စုစုပေါင်း ၄၃၃ ဦးရှိတဲ့ အမေရိကန်အောက် လွှတ်တော်မှာ ထောက်ခဲမဲ ၃၉၄မဲ၊ ကန့်ကွက်မဲ ၂၁ မဲနဲ့ အတည်ပြုခဲ့ပြီး မဲမပေးတဲ့ အရေအတွက် ၁၈ မဲရှိခဲ့ပါတယ်။ ၂၀၁၈ခုနှစ်က BURMA Act ဥပဒေမူကြမ်းကို NDAA အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေမူကြမ်းမှာ ပြင်ဆင်ချက်အနေနဲ့ ထည့်သွင်းခဲ့တုန်းက ထောက်ခံမဲ ၃၈၂ မဲ ရှိခဲ့ပြီး ကန့်ကွက်မဲ ၃၀ နဲ့ မဲမပေးတဲ့ အရေအတွက် ၁၅ မဲ ရှိခဲ့ပါတယ်။
ဒါကြောင့် ဒီနှစ် ၂၀၁၉မှာ BURMA Act ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ ထောက်ခံတဲ့ မဲအရေအတွက် ပိုပြီးများလာတာတွေ့ရကြောင်း ဝါရှင်တန် အခြေစိုက် ICR နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူတဲ့ ဥပဒေမူကြမ်းကို အမေရိကန်အောက် လွှတ်တော်မှာ မနှစ်ကရော၊ ဒီနှစ်မှာပါ အပြတ်အသတ် ထောက်ခံခဲ့ကြတာပါ။ နောက်တချက် စိတ်ဝင်စားဖို့ ကောင်းတာက မနှစ်က ကန့်ကွက်မဲ ပေးခဲ့ကြသူတွေ ဒါမှမဟုတ် မဲမပေးပဲ နေခဲ့ကြတဲ့ အောက်လွှတ်တော်အမတ်တွေဟာ ဒီနှစ်မှာ ဘက်ပြောင်းပြီး ထောက်ခံမဲ ပေးခဲ့ကြတာပါ။ ဒါကြောင့်လည်း ထောက်ခံမဲပေးတဲ့ အရေအတွက်ဟာ ဒီနှစ်မှာ ပိုပြီး များလာပါတယ်။”

မအင်ကြင်းနိုင် ။ ။ ဒါဆိုရင် အထက်လွှတ်တော်ဘက်ကရော အလားအလာဘယ်လိုရှိမလဲ။
Simon Billenness ။ ။ ဒီပိတ်ဆို့အရေးယူတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာလည်း အောက်လွှတ်တော်လိုပဲ ထောက်ခံမဲအရေအတွက် ရလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း နှစ်ဖက် မူကြမ်းတွေကို ဆွေးနွေးညှိုနှိုင်းနေကြတာဆိုတော့ အဲဒီထဲမှာ ပြင်ဆင်ချက်အနေနဲ့ ပါနေတဲ့ မြန်မာအပေါ် ဒဏ်ခတ်အရေးယူမယ့် ဥပဒေမူကြမ်းကို NDAA နဲ့အတူ ဥပဒေအဖြစ်တခါတည်း ပြဌာန်းဖို့သင့်မသင့် ဆွေးနွေးနေကြပါတယ်။
မအင်ကြင်းနိုင်။ ။ အဲတော့ ဒီ BURMA Act လို မြန်မာစစ်တပ်ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမယ့် ဥပဒေမူကြမ်းတွေကို ဥပဒေအဖြစ် ပြဌာန်းဖို့ အချိန်ဘယ်လောက်ကြမလဲ။
Simon Billenness ။ ။ လွှတ်တော်နှစ်ရပ် ပြန်လည်ညှိုနှိုင်းထားတဲ့ NDAA ဥပဒေမူကြမ်းအပြီးသတ် မှာ မြန်မာကို ပိတ်ဆို့အရေးယူမယ့် ကိစ္စပါမပါ မကြာခင်သိရတော့မှာပါ။ သတင်းနှစ်ပတ်လောက်အတွင်း ဒီ NDAA ဥပဒေမူကြမ်းကို သမ္မတ လက်မှတ်ရေးထိုး အတည်ပြုဖို့ အဆင့်ရောက်တော့မှာပါ။ NDAA ဥပဒေမူကြမ်းကို မဖြစ်မနေ အမြန်ဆုံးပြဌာန်းဖို့ လိုနေတာပါ။ ဒီလိုမှ အချိန်မှီ မလုပ်နိုင်ရင် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနအတွက် အသုံးစရိတ်မချ ပေးနိုင်ပဲ ဖြစ်သွားပါလိမ့်မယ်။
BURMA Act ၂၀၁၉ ဥပဒေမူကြမ်းမှာ အဓိက ထူးခြားချက်နဲ့ ပတ်သက်လို့လည်း Simon Billenness ကအခုလို ပြောပါတယ်။
“ အခု ပြင်ဆင်ချက် ဥပဒေမူကြမ်းရဲ့ အထူးခြားဆုံး ထိရောက်မှုကတော့ မြန်မာစစ်တပ်အရာရှိတွေနဲ့ ထိပ်ပိုင်း တာဝန်ရှိသူတွေအပေါ် ဘဏ္ဍာရေးအရ ဒဏ်ခတ်ပိတ်ဆို့ရေးတင် မဟုတ်ပါဘူး၊ မြန်မာစစ်တပ်ပိုင် ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းဟာ မြန်မာစစ်တပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့မှာ ဖြစ်ပါတယ်။ ”

လက်ရှိ အမေရိကန်သမ္မတ Donald Trump ဘက်ကရော မြန်မာအပေါ် ပိတ်ဆို့အရေးယူမယ့် ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ သဘောထား ဘယ်လို ရှိမလဲဆိုတာကိုတော့ အမေရိကန် ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Christina Fink က အခုလို သုံးသပ်ပါတယ်။
“ သမ္မတ Trump အနေနဲ့ မြန်မာကိစ္စကို စိတ်ဝင်စားတယ်ဆိုတာမျိုး ပြသလေ့မရှိပါဘူး။ ဒါပေမဲ့ ဘာသာရေးလွတ်လပ်ခွင့်ကိစ္စကိုတော့ သမ္မတ Trump က စိုးရိမ်မှုတွေရှိနေတာဆိုတော့ ဒီဥပဒေမူကြမ်းကို သူအနေနဲ့ ထောက်ခံ လက်မှတ်ရေးထိုးဖို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းနိုင်ပြီဆိုရင် မြန်မာစစ်တပ်ကို အရေးယူမယ့် နည်းလမ်းတချို့ပေါ်ပေါက်လာရေး ဖိအားပေးတဲ့နေရာမှာ အခြားအစိုးရတွေ ပူးပေါင်းပါဝင်လာဖို့ အတွက် ဦးဆောင်မှု ဖြစ်လာမှာပါ။ ”
Burma ACT 2019 ဥပဒေ မူကြမ်းမှာ အရေကြီးတဲ့အချက်တွေ ပါဝင်နေတာနဲ့ ပတ်သက်ပြီးလည်း Christina Fink က အခုလို ပြောပါတယ်။
“ ဘင်္ဂလားဒေ့ရှ်အပါအဝင် အခြားဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကလေးတွေအတွက် အဆင့်မြင့်ပညာရေးတွေ သင်ကြားနိုင်ဖို့ ဒီဥပဒေကြမ်းက အထောက်အကူပေး သွားမှာပါ။ ”
ဒါ့အပြင် ဒီဥပဒေ မူကြမ်းမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလူနည်းစုတွေ ပိုမိုပါဝင်ခွင့်ရဖို့၊ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသ အတော်များများမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ၊ ယောက်ျားလေးတွေနဲ့ အမျိုးသားတွေပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံနေရတာကို တားဆီး ဖြေရှင်းဖို့ စစ်တပ် အနေနဲ့ ဝန်ခံလာစေရေး ဖိအားပေးတဲ့ အချက်တွေ ပါဝင်နေတယ်လို့လည်း Christina Fink က ပြောပါတယ်။

အင္ၾကင္းႏုုိင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကန္ေအာက္လႊတ္ေတာ္ရဲ႕Burma Act မူၾကမ္း ဘယ္ေလာက္ခရီးေရာက္မလဲ ကန္ေအာက္လႊတ္ေတာ္ရဲ႕Burma Act မူၾကမ္း ဘယ္ေလာက္ခရီးေရာက္မလဲ Reviewed by THITHTOOLWIN on 23:40 Rating: 5
Powered by Blogger.