Blood pressure မဟုတ္တဲ့ Pulse pressure အေၾကာင္


ေသြးေပါင္ေတာ့အားလုံးခ်ိန္ဖူးၾကမွာပါ ။ ေသြးတိုးရွိမရွိ သိခ်င္ရင္ ေသြးေပါင္ခ်ိန္လိုက္လို႔ရလာတဲ့ အေပၚေသြး (systolic pressure) ဘယ္ေလာက္ ေအာက္ေသြး (diastolic Pressure) ဘယ္ေလာက္ဆိုတာနဲ႔ ဆုံးျဖတ္ၾကတာမလား။ ဒီ systolic pressure ေရာ diastolic Pressure ေရာက blood pressure (ေသြးေပါင္ခ်ိန္)ေတြပါ။ ေသြးတိုးရွိမရွိ သူတို႔က ဆုံးျဖတ္ေပးတာေပါ့။

ဒီေန႔ေျပာမယ့္ အေၾကာင္းေလးက်ေတာ့ လူတိုင္း သိၿပီးသားနီးပါျဖစ္ေနတဲ့ blood pressure အေၾကာင္းမဟုတ္ပါဘူး။ အေပၚမွာေျပာခဲ့တဲ့ systolic pressure ထဲက diastolic Pressure ကို ႏႈတ္လိုက္ရင္ ရလာတဲ့ pulse pressure အေၾကာင္းပါ။ pulse pressure ေလးက ေသြးတိုးရွိမရွိကို ေဖာ္ျပေပးတာမဟုတ္ဘဲ ကိုယ့္ႏွလုံးအေျခအေနကို ေဖာ္ျပေပးတဲ့ အရာေလးပါ။ ဒီေတာ့ သူကလည္း အေရးႀကီးတာပဲေပါ့။

ေသြးေပါင္ခ်ိန္ကို ပုံမွန္က ၁၂၀/၈၀ လို႔သတ္မွတ္ထားေတာ့ Pulse pressure ပုံမွန္ကေရာ ဘယ္ေလာက္ရွိသလဲ ။

အေပၚေသြးထဲကေန ေအာက္ေသြးပမာဏကို ႏႈတ္လိုက္ရင္ Pulse pressure ရတယ္ဆိုေတာ့ ၁၂၀ထဲက ၈၀ ကိုႏႈတ္ Pulse pressure ၄၀ ေလာက္ရတယ္။ ဒါက ပုံမွန္ရွိသင့္တဲ့ Pulse pressure ပမာဏပါ။ ၄၀ အတိအက်မဟုတ္ဘဲ ၄၀ – ၆၀ ၾကားထဲဆိုလည္း ပုံမွန္ပါပဲ။

သူတို႔က အၿမဲတမ္း ဒီ ၄၀-၆၀ ၾကားထဲမွာပဲရွိေနတာလား။

မဟုတ္ပါဘူး။ pulse pressure မ်ားေနတာ၊ နည္းေနတာေတြလည္း ရွိတတ္ပါတယ္။

Wide pulse pressure. (pulse pressure မ်ားေနျခင္း)

အသက္ႀကီးလာရင္ ေသြးေၾကာေတြ ေတာင့္သြားတတ္တာေၾကာင့္ Pulse pressure လည္းလိုက္တက္လာေလ့ရွိပါတယ္။ တစ္ခ်ိဳ႕ အေပၚေသြးေပါင္ခ်ိန္မ်ားၿပီး ေအာက္ေသြးေပါင္ခ်ိန္နည္းေနတဲ့ (ဥပမာ- 150-85) တို႔ အေပၚေသြးပုံမွန္ ေအာက္ေသြးက်ေနတဲ့ (120/60) လူေတြမွာဆို အေပၚေသြး ေအာက္ေသြး ျခားနားခ်က္က ၆၀ႏွင့္ အထက္မွာ ရွိေနတတ္ပါတယ္။ ဒီလို pulse pressure ၆၀ ထက္မ်ားေနတာကို wide pulse pressure လို႔ေခၚပါတယ္။ wide pulse pressure ေတြ႕ႏိုင္တဲ့ေရာဂါေတြကေတာ့

• ေသြးတိုး ေရာဂါ

• ေသြးတြင္းအဆီဓာတ္မ်ားတဲ့ေရာဂါ

• သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းေရာဂါနဲ႔

• သိုင္း႐ြိဳက္ေဟာ္မုန္းမ်ားေနတဲ့ ျပႆနာေတြပဲ ျဖစ္ပါတယ္။

ဒီ wide pulse pressure ရွိသူေတြက ေနာက္ပိုင္းက်ရင္ ႏွလုံးေရာဂါနဲ႔ ေလျဖတ္တဲ့ ေဝဒနာခံစားရႏိုင္ဖို႔ အလားအလာမ်ားပါတယ္။

Narrow pulse pressure (pulse pressure နည္းေနျခင္း)

Pulse pressure ပုံမွန္ ပမာဏက ၄၀ – ၆၀ ၾကားဆိုေတာ့ ၄၀ ေအာက္နည္းသြားရင္ Narrow pulse pressure လို႔ေခၚပါတယ္။ ဒီလို Narrow pulse pressure ျဖစ္ေနၿပီဆိုရင္ ႏွလုံးက ေကာင္းေကာင္းမညႇစ္ႏိုင္ေတာ့ဘူးဆိုတာကို ေဖာ္ျပပါတယ္။ heart failure (ႏွလုံးစြမ္းေဆာင္ရည္က်ဆင္းတဲ့ေရာဂါ ) ပိုင္ရွင္ေတြမွာ ဆို ၄၀ ေလာက္ပုံမွန္ရွိရမယ့္ pulse pressure က ၂၀ ေလာက္ပဲ ရွိေနတတ္ပါတယ္။ ႏွလုံးေရာဂါျဖစ္ေနတဲ့သူေတြမွာ low pulse pressure ျဖစ္ေနၿပီဆိုတာနဲ႔ ေသခ်ာ သတိထားေစာင့္ၾကည့္ဖို႔လိုအပ္ပါတယ္။

ဒ့ါေၾကာင့္ ေသြးေပါင္ခ်ိန္လိုက္လို႔ ၁၂၀/၆၀ ျဖစ္ေနတယ္ ေသြးမတိုးပါဘူးဆိုၿပီး ေအးေဆးလုပ္ေနလို႔မရပါဘူး။ ႏႈတ္လိုက္ရင္ ၆၀ ေလာက္ျဖစ္ေနတာေၾကာင့္ wide pulse pressure ျဖစ္ေနတာကို သတိထားရပါတယ္။ ေသြးတိုးသမားေတြဆိုပိုလို႔ေတာင္သတိထားရပါဦးမယ္။ ခ်ိန္လိုက္လို႔ ၁၈၀/၁၂၀ ျဖစ္ေနတယ္ဆို တကယ္ကို အႏၲရာယ္မ်ားတဲ့ အေနအထားပါ။ ေနာက္ၿပီး ၁၀၀/၈၀ သမားေတြလည္း သတိထားရပါဦးမယ္။ ေသြးေပါင္ခ်ိန္ blood pressure ကေတာ့ ပုံမွန္ျဖစ္ေနသေယာင္ေယာင္ရွိေနေပမယ့္ ႏႈတ္လိုက္ရင္ ၂၀ ျဖစ္ေနတာေၾကာင့္ low pulse pressure ျဖစ္ေနပါၿပီ။ ဒါ့ေၾကာင့္ ကိုယ္ေသြးေပါင္ခ်ိန္တိုင္း blood pressure အျပင္ အေပၚေသြးထဲက ေအာက္ေသြးကို ႏႈတ္ၿပီး pulse pressure ဘယ္ေလာက္ရွိလဲဆိုတာတြက္ၾကည့္ဖို႔လည္း မေမ့ပါနဲ႔။ ။

ေရးသားသူ-Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ-Dr. Thurein Hlaing Win

“ယခုေဆာင္းပါးကို Myanmar Digital News ၏ မိတ္ဘက္ျဖစ္သည့္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ Hello ဆရာဝန္ https://hellosayarwon.com/ မွ ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္”

===============================================

(Unicode)

Blood pressure မဟုတ်တဲ့ Pulse pressure အကြောင်း ။ ။

သွေးပေါင်တော့အားလုံးချိန်ဖူးကြမှာပါ ။ သွေးတိုးရှိမရှိ သိချင်ရင် သွေးပေါင်ချိန်လိုက်လို့ရလာတဲ့ အပေါ်သွေး (systolic pressure) ဘယ်လောက် အောက်သွေး (diastolic Pressure) ဘယ်လောက်ဆိုတာနဲ့ ဆုံးဖြတ်ကြတာမလား။ ဒီ systolic pressure ရော diastolic Pressure ရောက blood pressure (သွေးပေါင်ချိန်)တွေပါ။ သွေးတိုးရှိမရှိ သူတို့က ဆုံးဖြတ်ပေးတာပေါ့။

ဒီနေ့ပြောမယ့် အကြောင်းလေးကျတော့ လူတိုင်း သိပြီးသားနီးပါဖြစ်နေတဲ့ blood pressure အကြောင်းမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ systolic pressure ထဲက diastolic Pressure ကို နှုတ်လိုက်ရင် ရလာတဲ့ pulse pressure အကြောင်းပါ။ pulse pressure လေးက သွေးတိုးရှိမရှိကို ဖော်ပြပေးတာမဟုတ်ဘဲ ကိုယ့်နှလုံးအခြေအနေကို ဖော်ပြပေးတဲ့ အရာလေးပါ။ ဒီတော့ သူကလည်း အရေးကြီးတာပဲပေါ့။

သွေးပေါင်ချိန်ကို ပုံမှန်က ၁၂၀/၈၀ လို့သတ်မှတ်ထားတော့ Pulse pressure ပုံမှန်ကရော ဘယ်လောက်ရှိသလဲ ။

အပေါ်သွေးထဲကနေ အောက်သွေးပမာဏကို နှုတ်လိုက်ရင် Pulse pressure ရတယ်ဆိုတော့ ၁၂၀ထဲက ၈၀ ကိုနှုတ် Pulse pressure ၄၀ လောက်ရတယ်။ ဒါက ပုံမှန်ရှိသင့်တဲ့ Pulse pressure ပမာဏပါ။ ၄၀ အတိအကျမဟုတ်ဘဲ ၄၀ – ၆၀ ကြားထဲဆိုလည်း ပုံမှန်ပါပဲ။

သူတို့က အမြဲတမ်း ဒီ ၄၀-၆၀ ကြားထဲမှာပဲရှိနေတာလား။

မဟုတ်ပါဘူး။ pulse pressure များနေတာ၊ နည်းနေတာတွေလည်း ရှိတတ်ပါတယ်။

Wide pulse pressure. (pulse pressure များနေခြင်း)

အသက်ကြီးလာရင် သွေးကြောတွေ တောင့်သွားတတ်တာကြောင့် Pulse pressure လည်းလိုက်တက်လာလေ့ရှိပါတယ်။ တစ်ချို့ အပေါ်သွေးပေါင်ချိန်များပြီး အောက်သွေးပေါင်ချိန်နည်းနေတဲ့ (ဥပမာ- 150-85) တို့ အပေါ်သွေးပုံမှန် အောက်သွေးကျနေတဲ့ (120/60) လူတွေမှာဆို အပေါ်သွေး အောက်သွေး ခြားနားချက်က ၆၀နှင့် အထက်မှာ ရှိနေတတ်ပါတယ်။ ဒီလို pulse pressure ၆၀ ထက်များနေတာကို wide pulse pressure လို့ခေါ်ပါတယ်။ wide pulse pressure တွေ့နိုင်တဲ့ရောဂါတွေကတော့

• သွေးတိုး ရောဂါ

• သွေးတွင်းအဆီဓာတ်များတဲ့ရောဂါ

• သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါနဲ့

• သိုင်းရွိုက်ဟော်မုန်းများနေတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။

ဒီ wide pulse pressure ရှိသူတွေက နောက်ပိုင်းကျရင် နှလုံးရောဂါနဲ့ လေဖြတ်တဲ့ ဝေဒနာခံစားရနိုင်ဖို့ အလားအလာများပါတယ်။

Narrow pulse pressure (pulse pressure နည်းနေခြင်း)

Pulse pressure ပုံမှန် ပမာဏက ၄၀ – ၆၀ ကြားဆိုတော့ ၄၀ အောက်နည်းသွားရင် Narrow pulse pressure လို့ခေါ်ပါတယ်။ ဒီလို Narrow pulse pressure ဖြစ်နေပြီဆိုရင် နှလုံးက ကောင်းကောင်းမညှစ်နိုင်တော့ဘူးဆိုတာကို ဖော်ပြပါတယ်။ heart failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ရောဂါ ) ပိုင်ရှင်တွေမှာ ဆို ၄၀ လောက်ပုံမှန်ရှိရမယ့် pulse pressure က ၂၀ လောက်ပဲ ရှိနေတတ်ပါတယ်။ နှလုံးရောဂါဖြစ်နေတဲ့သူတွေမှာ low pulse pressure ဖြစ်နေပြီဆိုတာနဲ့ သေချာ သတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။

ဒ့ါကြောင့် သွေးပေါင်ချိန်လိုက်လို့ ၁၂၀/၆၀ ဖြစ်နေတယ် သွေးမတိုးပါဘူးဆိုပြီး အေးဆေးလုပ်နေလို့မရပါဘူး။ နှုတ်လိုက်ရင် ၆၀ လောက်ဖြစ်နေတာကြောင့် wide pulse pressure ဖြစ်နေတာကို သတိထားရပါတယ်။ သွေးတိုးသမားတွေဆိုပိုလို့တောင်သတိထားရပါဦးမယ်။ ချိန်လိုက်လို့ ၁၈၀/၁၂၀ ဖြစ်နေတယ်ဆို တကယ်ကို အန္တရာယ်များတဲ့ အနေအထားပါ။ နောက်ပြီး ၁၀၀/၈၀ သမားတွေလည်း သတိထားရပါဦးမယ်။ သွေးပေါင်ချိန် blood pressure ကတော့ ပုံမှန်ဖြစ်နေသယောင်ယောင်ရှိနေပေမယ့် နှုတ်လိုက်ရင် ၂၀ ဖြစ်နေတာကြောင့် low pulse pressure ဖြစ်နေပါပြီ။ ဒါ့ကြောင့် ကိုယ်သွေးပေါင်ချိန်တိုင်း blood pressure အပြင် အပေါ်သွေးထဲက အောက်သွေးကို နှုတ်ပြီး pulse pressure ဘယ်လောက်ရှိလဲဆိုတာတွက်ကြည့်ဖို့လည်း မမေ့ပါနဲ့။ ။

ရေးသားသူ-Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
Blood pressure မဟုတ္တဲ့ Pulse pressure အေၾကာင္ Blood pressure မဟုတ္တဲ့ Pulse pressure အေၾကာင္ Reviewed by THITHTOOLWIN on 01:01 Rating: 5
Powered by Blogger.