အင္ဒိုနီး႐ွား ေတာမီး အိမ္နီးခ်င္းေတြပါ ထိခုိက္


အင္ဒိုနီးရွားႏုိင္ငံမွာ ေတာမီးေၾကာင့္ျဖစ္လာတဲ့ မီးခိုးျမဴေတြဟာ ေဒသတြင္း မေလးရွား၊ စင္ကာပူနဲ႔ ထိုင္းႏုိင္ငံ ေတာင္ပိုင္းေဒသေတြအထိ ပ်ံ႕ႏွံ႔လာေနၿပီး က်န္းမာေရးအတြက္ အႏၱရာယ္ရွိတဲ့ အေျခအေနအထိ ဆိုးရြားလာေနရပါတယ္။ ႏွစ္စဥ္ဆိုသလို ၾကံဳလာေနရတဲ့ ေဒသတြင္း ေတာမီး ေလာင္ကၽြမ္းမႈ နဲ႔ မီးခိုးျမဴပ်ံ႕ႏွံ႔မႈကို ကိုင္တြယ္ေျဖရွင္းဖို႔ သက္ဆုိင္ရာအစိုးရေတြကလည္း ၾကိဳးစား ေနၾကတာပါ။ ဒီအေၾကာင္း အျပည့္စံုကို မခင္ျဖဴေထြးက ေျပာျပေပးပါမယ္။

အင္ဒုိနီးရွားႏုိင္ငံမွာ ႏွစ္စဥ္ျဖစ္ပြားေလ့ရွိတဲ့ ေတာမီးေၾကာင့္ အိမ္နီးခ်င္း အေရွ႕ေတာင္အာရွ ႏုိင္ငံေတြမွာ မီးခိုးျမဴ ဖုံးလႊမ္းတဲ့ ျပႆနာ ဆိုးဆိုးရြားရြား ၾကံဳေနရၿပီး လူေတြရဲ႕ က်န္းမာေရးကို အႏၱရာယ္ေပးတဲ့အထိ ျဖစ္လာတာပါ။ မီးခိုးျမဴေတြေၾကာင့္ မ်က္စိနာတာနဲ႔ မ်က္ရည္ ခမ္းေျခာက္တာ လို ေ၀ဒနာခံစားရသူေတြ အင္ဒိုနီးရွားနဲ႔ မေလးရွားမွာ တေန႔တျခား မ်ားလာေနတာပါ။ ဒီလို အေျခအေနေတြကို ကိုင္တြယ္ ေျဖရွင္းႏုိင္ဖို႔အတြက္ သက္ဆိုင္ရာ အစိုးရေတြကလည္း ႀကိဳးစားေနပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာ စစ္ရဟတ္ယာဥ္ေတြသံုးၿပီး တိမ္ေတြေပၚကေန ဓာတ္တုေဆးေတြ ျဖန္းခ်ၿပီး မုိးရြာေအာင္လုပ္ဖုိ႔ ႀကိဳးစားေနပါတယ္။ အိမ္နီးခ်င္း မေလးရွားႏုိင္ငံမွာလည္း အစိုးရက အလားတူ ေဆာင္ရြက္ေနတဲ့အေၾကာင္း မေလးရွား သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး ဆိုင္ရာ ၀န္ႀကီး Yeo Bee Yin ကေျပာပါတယ္။

"က်မတို႔အစုိးရအေနနဲ႔ တိမ္ေတြကို မိုးရြာခ်ေအာင္ လုပ္ႏိုင္မယ့္နည္းလမ္းေတြကို ရသေလာက္ လုပ္သြားပါမယ္။ မီးခိုးျမဴမႈန္ေတြေၾကာင့္ ဒုကၡခံစားေနရတဲ့ ျပည္သူေတြ ယာယီသက္သာရာ ရေစဖို႔ပါ။”

လက္ရွိမွာေတာ့ မီးခုိးေတြေၾကာင့္ အင္ဒုိနီးရွားနဲ႔ မေလးရွားႏုိင္ငံေတြမွာ ေလယာဥ္ခရီးစဥ္ေတြ ေႏွာင့္ေႏွးခဲ့ရသလုိ၊ စာသင္ေက်ာင္းေတြ အမ်ားအျပား ပိတ္ထားရပါတယ္။ ေတာမီးအဓိက ေလာင္ကၽြမ္းေနတဲ့ အင္ဒိုနီးရွားႏုိင္ငံ ဆူမားတရားကၽြန္းနဲ႔ ေဘာနီယိုကၽြန္းေတြမွာ စာသင္ေက်ာင္းေတြ ေထာင္နဲ႔ခ်ီ ပိတ္ထားရသလုိ၊ မေလးရွားႏိုင္ငံမွာေတာ့ ၿမိဳ႕ေတာ္ ကြာလာလာမ္ပူက ေက်ာင္းေပါင္း ၃၀၀ နီးပါး အပါအ၀င္ ႏို္င္ငံတ၀ွမ္းက ေက်ာင္းေပါင္း ၂၅၀၀ နီးပါး ပိတ္ထားရပါတယ္။

အလားတူ မီးခိုးျမဴေတြေၾကာင့္ စင္ကာပူႏုိင္ငံမွာလည္း က်န္းမာေရးအတြက္ အႏၱရာယ္ရွိတဲ့ အဆင့္အထိ ေလထုညစ္ညမ္းလာေနတာေၾကာင့္ ဒီသီတင္းပတ္ကုန္ က်င္းပဖို႔ရွိတဲ့ Formula One ၿပိဳင္ကားၿပိဳင္ပြဲ အစီအစဥ္ေတာင္ ဖ်က္ရမယ့္အေျခအေန ရွိေနပါတယ္။ ထိုင္းႏုိင္ငံ ေတာင္ပိုင္းက ခ႐ိုင္ေလးခုမွာလည္း မီးခိုးျမဴေတြက က်န္းမာေရးအတြက္ အႏၱရာယ္ရွိတဲ့အဆင့္ ျဖစ္လာလုိ႔ သတိေပးခ်က္ေတြ ထုတ္ျပန္ထားရပါတယ္။

ဥတုရာသီ ေဖာက္ျပန္ေျပာင္းလဲမႈေတြနဲ႔ အတူ ႏွစ္စဥ္လုိလို ၾကံဳေတြ႔လာေနရတဲ့ ေတာမီး ေလာင္ကၽြမ္းမႈဟာ ေဒသတြင္း အေရးတၾကီး ကိုင္တြယ္ေျဖရွင္းရမယ့္ ကိစၥတခုျဖစ္လာေနသလို၊ ေဒသတြင္းႏုိင္ငံေတြ ပူးေပါင္းေဆာင္ရြက္ ကိုင္တြယ္မွရလိမ့္မယ္လုိ႔ မေလးရွား သဘာ၀ ပတ္၀န္းက်င္ေရးရာ ၀န္ႀကီး Yeo Bee Yin က ေျပာပါတယ္။

"ႏိုင္ငံျဖတ္ေက်ာ္ ၾကံဳေနရတဲ့ ဒီမီးခိုးျမဴ ျပႆနာကို က်မတို႔ တႏိုင္ငံတည္းနဲ႔ ေျဖရွင္းႏုိင္မွာ မဟုတ္ပါဘူး။ ေဒသအဆင့္၊ ႏိုင္ငံတကာအဆင့္ ပူးေပါင္းေဆာင္ရြက္မႈေတြ လိုပါတယ္။ အေရွ႕ေတာင္အာရွႏုိင္ငံေတြ အားလံုးက ဒီျပႆနာကို ေျဖရွင္းခ်င္ၾက လိမ့္မယ္လုိ႔ က်မ ယံုၾကည္ပါတယ္။”

အင္ဒိုနီးရွားေတာမီးေၾကာင့္ျဖစ္လာတဲ့ မီးခုိးျမဴပ်ံ႕ႏွံ႔မႈဟာ ေနာက္ပိုင္း ႏွစ္စဥ္ဆိုသလို ၾကံဳလာေနရသလုိ၊ ခုလိုျဖစ္ရတာဟာ အင္ဒိုနီးရွား ႏုိင္ငံမွာ တရားမ၀င္ ေတာင္ယာ မီး႐ိႈ႕မႈေတြေၾကာင့္ ျဖစ္တယ္လို႔ အိမ္နီးခ်င္းႏုိင္ငံေတြက စြပ္စြဲေျပာဆိုေနတာပါ။ အင္ဒိုနီးရွားအစိုးရ ကေတာ့ ဒါကို ျငင္းဆိုထားျပီး ေဒသတြင္း တျခားႏိုင္ငံေတြမွာလည္း အလားတူ ေတာမီး ေလာင္ကၽြမ္းတာေတြ ရွိေနတဲ့အေၾကာင္း ေျပာဆိုထားပါတယ္။

လက္ရွိ ေတာမီးေလာင္ကၽြမ္းမႈေတြနဲ႔ ဆက္ႏြယ္ၿပီးေတာ့လည္း မသကၤာသူတဲ့သူ၂၃၀ ေလာက္ကုိ ဖမ္းဆီးထားေၾကာင္း အင္ဒုိနီးရွား ရဲတပ္ဖဲြ႔က ၾကာသပေတးေန႔က ေျပာပါတယ္။ ေတာင္ယာ ခုတ္ထြင္ရွင္းလင္းဖုိ႔ မီး႐ႈိ႕သူေတြ အေနနဲ႔ ပတ္၀န္းက်င္ ထိန္းသိမ္းေရးဆုိင္ရာ ဥပေဒအရ အေရးယူခံရႏုိင္ၿပီး၊ အျမင့္ဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္ အထိလည္း ရင္ဆုိင္ရႏုိင္ေၾကာင္းလည္း အင္ဒိုနီးရွား တာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။

.............

{Unicode}

အင်ဒိုနီးရှား တောမီး အိမ်နီးချင်းတွေပါ ထိခိုက်

အင်ဒိုနီးရှားနိုင်ငံမှာ တောမီးကြောင့်ဖြစ်လာတဲ့ မီးခိုးမြူတွေဟာ ဒေသတွင်း မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေအထိ ပျံ့နှံ့လာနေပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အခြေအနေအထိ ဆိုးရွားလာနေရပါတယ်။ နှစ်စဉ်ဆိုသလို ကြုံလာနေရတဲ့ ဒေသတွင်း တောမီး လောင်ကျွမ်းမှု နဲ့ မီးခိုးမြူပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းဖို့ သက်ဆိုင်ရာအစိုးရတွေကလည်း ကြိုးစား နေကြတာပါ။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိတဲ့ တောမီးကြောင့် အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတွေမှာ မီးခိုးမြူ ဖုံးလွှမ်းတဲ့ ပြဿနာ ဆိုးဆိုးရွားရွား ကြုံနေရပြီး လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပေးတဲ့အထိ ဖြစ်လာတာပါ။ မီးခိုးမြူတွေကြောင့် မျက်စိနာတာနဲ့ မျက်ရည် ခမ်းခြောက်တာ လို ဝေဒနာခံစားရသူတွေ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ တနေ့တခြား များလာနေတာပါ။ ဒီလို အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရတွေကလည်း ကြိုးစားနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စစ်ရဟတ်ယာဉ်တွေသုံးပြီး တိမ်တွေပေါ်ကနေ ဓာတ်တုဆေးတွေ ဖြန်းချပြီး မိုးရွာအောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း အစိုးရက အလားတူ ဆောင်ရွက်နေတဲ့အကြောင်း မလေးရှား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဝန်ကြီး Yeo Bee Yin ကပြောပါတယ်။

"ကျမတို့အစိုးရအနေနဲ့ တိမ်တွေကို မိုးရွာချအောင် လုပ်နိုင်မယ့်နည်းလမ်းတွေကို ရသလောက် လုပ်သွားပါမယ်။ မီးခိုးမြူမှုန်တွေကြောင့် ဒုက္ခခံစားနေရတဲ့ ပြည်သူတွေ ယာယီသက်သာရာ ရစေဖို့ပါ။”

လက်ရှိမှာတော့ မီးခိုးတွေကြောင့် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးခဲ့ရသလို၊ စာသင်ကျောင်းတွေ အများအပြား ပိတ်ထားရပါတယ်။ တောမီးအဓိက လောင်ကျွမ်းနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတရားကျွန်းနဲ့ ဘောနီယိုကျွန်းတွေမှာ စာသင်ကျောင်းတွေ ထောင်နဲ့ချီ ပိတ်ထားရသလို၊ မလေးရှားနိုင်ငံမှာတော့ မြို့တော် ကွာလာလာမ်ပူက ကျောင်းပေါင်း ၃၀၀ နီးပါး အပါအဝင် နိုင်ငံတဝှမ်းက ကျောင်းပေါင်း ၂၅၀၀ နီးပါး ပိတ်ထားရပါတယ်။

အလားတူ မီးခိုးမြူတွေကြောင့် စင်ကာပူနိုင်ငံမှာလည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အဆင့်အထိ လေထုညစ်ညမ်းလာနေတာကြောင့် ဒီသီတင်းပတ်ကုန် ကျင်းပဖို့ရှိတဲ့ Formula One ပြိုင်ကားပြိုင်ပွဲ အစီအစဉ်တောင် ဖျက်ရမယ့်အခြေအနေ ရှိနေပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းက ခရိုင်လေးခုမှာလည်း မီးခိုးမြူတွေက ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အဆင့် ဖြစ်လာလို့ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

ဥတုရာသီ ဖောက်ပြန်ပြောင်းလဲမှုတွေနဲ့ အတူ နှစ်စဉ်လိုလို ကြုံတွေ့လာနေရတဲ့ တောမီး လောင်ကျွမ်းမှုဟာ ဒေသတွင်း အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတခုဖြစ်လာနေသလို၊ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက် ကိုင်တွယ်မှရလိမ့်မယ်လို့ မလေးရှား သဘာ၀ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး Yeo Bee Yin က ပြောပါတယ်။

"နိုင်ငံဖြတ်ကျော် ကြုံနေရတဲ့ ဒီမီးခိုးမြူ ပြဿနာကို ကျမတို့ တနိုင်ငံတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒေသအဆင့်၊ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ လိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးက ဒီပြဿနာကို ဖြေရှင်းချင်ကြ လိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။”

အင်ဒိုနီးရှားတောမီးကြောင့်ဖြစ်လာတဲ့ မီးခိုးမြူပျံ့နှံ့မှုဟာ နောက်ပိုင်း နှစ်စဉ်ဆိုသလို ကြုံလာနေရသလို၊ ခုလိုဖြစ်ရတာဟာ အင်ဒိုနီးရှား နိုင်ငံမှာ တရားမဝင် တောင်ယာ မီးရှို့မှုတွေကြောင့် ဖြစ်တယ်လို့ အိမ်နီးချင်းနိုင်ငံတွေက စွပ်စွဲပြောဆိုနေတာပါ။ အင်ဒိုနီးရှားအစိုးရ ကတော့ ဒါကို ငြင်းဆိုထားပြီး ဒေသတွင်း တခြားနိုင်ငံတွေမှာလည်း အလားတူ တောမီး လောင်ကျွမ်းတာတွေ ရှိနေတဲ့အကြောင်း ပြောဆိုထားပါတယ်။

လက်ရှိ တောမီးလောင်ကျွမ်းမှုတွေနဲ့ ဆက်နွယ်ပြီးတော့လည်း မသင်္ကာသူတဲ့သူ၂၃၀ လောက်ကို ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ကြာသပတေးနေ့က ပြောပါတယ်။ တောင်ယာ ခုတ်ထွင်ရှင်းလင်းဖို့ မီးရှို့သူတွေ အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေအရ အရေးယူခံရနိုင်ပြီး၊ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ် အထိလည်း ရင်ဆိုင်ရနိုင်ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ခင္ျဖဴေထြး/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အင္ဒိုနီး႐ွား ေတာမီး အိမ္နီးခ်င္းေတြပါ ထိခုိက္ အင္ဒိုနီး႐ွား ေတာမီး အိမ္နီးခ်င္းေတြပါ ထိခုိက္ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.