အပစ်ရပ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒီကနေ့တွေ့မယ်

 ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုမှာ တွေ့ရတဲ့ တပ်မတော်စစ်ဦးစီးချုပ်နဲ့ KNU ခေါင်းဆောင်
တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့ကစလို့ ၂ ရက်ကြာ ဆွေးနွေးပွဲတွေ စနေပါပြီ။

ဆွေးနွေးပွဲကို တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လည်း တက်ရောက် နေပါတယ်။

ဆွေးနွေးပွဲမှာ ၂၀၂၀ မေလမတိုင်ခင်မှာ ၂၁ ရာစု ပင်လုံညီလာခံ ၁ ခုကို ကျင်းပပြီး၊ အဲ့ဒီကတဆင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတို့ ဆွေးနွေးရရှိလာမယ့် တတိယမြောက် ပြည်ထောင်စုသဘောတူညီချက်ကို ဖော်ထုတ်နိုင်ရေး ထည့်သွင်းဆွေးနွေးဖို့ ရှိတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။

BBC Burmese
https://www.bbc.com
အပစ်ရပ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒီကနေ့တွေ့မယ် အပစ်ရပ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒီကနေ့တွေ့မယ် Reviewed by THITHTOOLWIN on 14:32 Rating: 5
Powered by Blogger.