ေရႊ၀ါေရာင္ သံဃာလႈပ္ရွားမႈ ၁၂ ႏွစ္ျပည့္ ရန္ကုန္မွာက်င္းပ

၂၀၀၇ စက္တင္ဘာ ၂၄ ရက္ေန႔တုန္းက ေရႊ၀ါေရာင္ သံဃာလႈပ္ရွားမႈ ဓါတ္ပံု
စစ္အာဏာရွင္စနစ္က ျမန္မာႏုိင္ငံလြတ္ေျမာက္ေရး လႈပ္ရွားမႈေတြထဲက ထင္ရွားတဲ့ လူထုလႈပ္ရွားမႈတခုျဖစ္တဲ့ ၂၀၀၇ ေရႊဝါေရာင္သံဃာ့လႈပ္ရွားမႈႀကီးဟာ ဒီကေန႔ဆုိရင္ ၁၂ႏွစ္တင္းတင္း ျပည့္ခဲ႔ျပီျဖစ္ပါတယ္။

ကုန္ေစ်းႏႈန္းေတြမတက္ေအာင္ အစိုးရက ကုိင္တြယ္ ေျဖရွင္းမေပးႏိုင္တာကို အေၾကာင္းျပဳျပီး သံဃာေတာ္ေတြဦးေဆာင္တဲ့ ဒီလႈပ္ရွားမႈမွာ လူေပါင္း တသိန္းနီးပါး လမ္းေပၚထြက္ စစ္အာဏာရွင္ျဖဳတ္ခ်ဖို႔ ၾကိဳးစားခဲ႔တဲ႔ေန႔လည္း ျဖစ္ပါတယ္။ ၁၂ၾကာခဲ႔ျပီး အရပ္သားအစိုးရ တက္လာေပမဲ႔လည္း စစ္အာဏာရွင္ရဲ႕ အေငြ႔အသက္ေတြ က်န္ေနေသးျပီး ျပည္သူေတြက ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကေန မလြတ္ေျမာက္ ေသးဘူးလို႔ ဒီလႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္ခဲ႔တဲ႔ သံဃာေတာ္ေတြက ေျပာပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္းေပးပို႔ ထားပါတယ္။

ေလာင္စာဆီေစ်းႏႈန္း အဆမတန္ျမင့္တက္သြားမႈေၾကာင့္ ၂၀၀၇ ခုႏွစ္ စက္တင္ဘာလတုန္းက သံဃာေတာ္ေတြ ဦးေဆာင္လႈပ္ရွားခဲ့တဲ့ ေရႊ၀ါေရာင္ေတာ္လွန္ေရးဟာ စစ္အာဏာရွင္စနစ္ေအာက္မွာ ျမန္မာႏုိင္ငံ ဒီမုိကေရစီရရွိေရး ႀကိဳးပမ္း လႈပ္ရွားမႈေတြထဲမွာ ျပည္တြင္းတင္သာမကဘဲ ကမၻာက အာရုံစုိက္ရတဲ့ ထင္ရွားတဲ့ လႈပ္ရွားမႈႀကီးျဖစ္ပါတယ္။

စစ္အာဏာရွင္ေရးဆြဲထားတဲ႔ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒေအာက္မွာ ျပည္သူေတြဟာ မလြတ္ေျမာက္ႏုိင္ေသးလို႔ သူတို႔ အဓိက ရည္မွန္းခ်က္ေတြ မျပည့္ဝေသးေၾကာင္း ေရႊဝါေရာင္ေတာ္လွန္ေရး ၁၂ ႏွစ္ျပည့္တဲ့ ဒီေန႔ စက္တင္ဘာ ၂၇မွာ ေရႊဝါေရာင္လႈပ္ရွားမႈ ဦးေဆာင္ဆရာေတာ္ ဦးဣႏၵက က ဗြီအိုေအကို အခုလိုမိန္႔ပါတယ္။

“ဘာျဖစ္လို႔လဲဆုိေတာ႔ ဒီမိုကေရစီ အျပည့္အဝရရွိေရးကို အခုအခ်ိန္အထိ အျပည့္အဝ မရလာေသးဘူးေလ။ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံ ဥပေဒၾကီးက စစ္အုပ္ရဲ႕ လႊမ္းမိုးျခင္းကို ခံထားေနရတယ္ဆုိေတာ႔ အခုအခ်ိန္အထိ လက္ရွိအာဏာရ NLD အစိုးရက အဲဒီဥပေဒၾကီးအတိုင္းသြားေနရတာ။ အဲဒီ ဥပေဒကို ျပင္ဖုိ႔ၾကိဳးစားေနတဲ႔ အဆင့္ပဲရွိေသးတယ္။ ဒီမိုကေရစီနဲ႔အညီျဖစ္တဲ႔ ဥပေဒမ်ိဳးျဖစ္လာမွသာလ်ွင္ မူရရည္ရြယ္ခ်က္ ေတာင္းဆိုခ်က္ေတြ ျပည့္ဝမယ္လို႔ ယံုၾကည္ပါတယ္။”

၂၀၀၇ ေရႊဝါေရာင္လႈပ္ရွားမႈကို အၾကမ္းဖက္ႏွိမ္နင္းခဲ႔တဲ႔ စစ္အစိုးရဟာ ေနာက္တႏွစ္ ၂၀၀၈ ခုႏွစ္မွာ ဖြဲ႔စည္းပံုအေျခခံဥပေဒကို အၿပီးသတ္ၿပီး ျပည္သူ႔ဆႏၵခံယူ အတည္ျပဳလိုက္ပါတယ္။ စစ္အာဏာရွင္စနစ္ကို ၂၀၀၈ ဖြဲ႔စည္းပံုနဲ႔ အကာအကြယ္ယူထားသေရႊ႕ ျပည္သူေတြက လြတ္ေျမာက္ႏုိင္မွာ မဟုတ္ဘူးလို႔ ေရႊ၀ါေရာင္ေတာ္လွန္းေရးမွာ ဦးေဆာင္ပါ၀င္ခဲ့တဲ့ ဆရာေတာ္ ဦးစႏၵာသီရိ က မိန္႔ပါတယ္။

“တိုင္းျပည္မွာ စစ္အာဏာရွင္စနစ္ရဲ႕ အေငြ႔အသက္တင္မဟုတ္ဘူး စစ္အာဏာရွင္စနစ္ လံုးလံုးလ်ားလ်ားကို ရွိေနေသးတယ္။ စစ္အာဏာရွင္စနစ္ရဲ႕ ဖိႏွိပ္မႈ ခ်ဳပ္ျခယ္မႈ ေအာက္မွာပဲ ေနေနရေသးတယ္။ သူတို႔ရဲ႕ ဖိႏွိပ္မႈေတြကို ဘာနဲ႔ အကာကြယ္ျပဳထားလဲဆိုေတာ႔ ၂၀၀၈ အေျခခံဥပေဒနဲ႔ အကာအကြယ္ယူျပီး ေတာ႔မွ ျပည္သူလူထုကို ဖိႏွိပ္ခ်ဳပ္ျခယ္ေနတုန္းပဲ။”

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ဟာ ၂၀၁၅ ေရြးေကာက္ပြဲကို အျပတ္အသတ္ အႏိုင္ရခဲ႔ေပမဲ႔ စီးပြားေရးက႑မွာ အေျပာင္းအလဲ ၾကီးၾကီးမာမား မရွိတဲ႔အေပၚမွာလည္း အမ်ားစုက ေဝဖန္လာတာလည္းရွိပါတယ္။ ျမန္မာ့စီးပြားေရးမွာ စစ္တပ္ေနာက္ခံျပဳထားတဲ႔ စီးပြားေရးလုပ္ငန္းၾကီးေတြရဲ႕ လႊမ္းမိုးမႈက မ်ားသလို၊ ျပည္တြင္းစစ္ ေတြေၾကာင့္လည္း အခက္အခဲေတြၾကံဳေနတယ္လို႔ ယူဆေၾကာင္း ဆရာေတာ္ မင္းသုညကလည္း မိန္႔ပါတယ္။

“အဲဒီေတာ႔အာဏာရွင္ စနစ္ေအာက္ကေန လႊတ္ေအာင္ရုန္းရတဲ႔ ျပႆနာေပါ႔။ လက္ရွိ NLD အစိုးရမွာ လုပ္လို႔ရတဲ႔အပိုင္းေတြရွိတယ္၊ မရတဲ႔အပိုင္းေတြ ရွိတယ္။ ဒီေန႔ စစ္တပ္ကလည္း စီးပြားေရးေတြ ဦးပိုင္ အစရွိသည္ျဖင့္ အကုန္လံုး လက္ဝါးၾကီးအုပ္ထားတယ္။ စစ္မက္ေတြကလည္း ျဖစ္ေနတယ္။ အဲဒီေတာ႔ NLD အေနနဲ႔ ေရွ႕ဆက္လို႔မရတဲ႔ စီးပြားေရးအခက္အခဲေတြလည္း အမ်ားၾကီးရွိတာကို ဦးပဥၹင္းတို႔ သံဃာေတာ္ေတြကေတာ႔ နားလည္ၾကတယ္။”

အလုပ္အကိုင္ရွားပါးျပီး ကုန္ေစ်းႏႈန္းၾကီးတဲ႔ဒဏ္ကို မခံႏုိင္ေတာ႔တဲ႔ ျပည္သူေတြဟာ ၂၀၀၇ ခုႏွစ္၊ စက္တင္ဘာ ၂၅ရက္ကစလုိ႔ လမ္းေပၚထြက္ ဆႏၵျပခဲ႔ၾကျပီး ေနာက္တေန႔မွာ အနယ္နယ္အရပ္ရပ္က သံဃာေတာ္ေတြနဲ႔ ျပည္သူေတြ ရန္ကုန္ျမိဳ႕လယ္ေခါင္မွာ စုေဝးလွည့္လည္ခဲ႔ၾကပါတယ္။ စက္တင္ဘာ ၂၆၊ ၂၇ မွာေတာ႔ လမ္းေပၚက သံဃာနဲ႔ လူထုကို စစ္တပ္က လက္နက္သံုးၿဖိဳခြင္းခဲ႔ျပီး ဘုန္းၾကီးေက်ာင္းေတြထဲ ဝင္ေရာက္ ရိုက္ႏွက္ ဖမ္းဆီးခဲ႔ၾကတာပါ။

စစ္တပ္က အၾကမ္းဖက္ၿဖိဳးခြင္းခဲ့တာေၾကာင့္ ဂ်ပန္ႏုိင္ငံသား သတင္းေထာက္ ကန္ဂ်ိ နာဂအိ အပါအ၀င္ ရဟန္း၊ သံဃာေတာ္ေတြနဲ႔ အရပ္သားျပည္သူ အမ်ားအျပား ေသဆုံးခဲ့ရပါတယ္။ အဲဒီေနာက္မွာ အာဏာပုိင္ေတြက ဒီလႈပ္ရွားမႈမွာ ပါ၀င္ခဲ့တဲ့ သံဃာေတာ္ အမ်ားစုနဲ႔ အရပ္သား ျပည္သူေတြကုိ ဖမ္းဆီး ေထာင္ခ်၊ ႏွိပ္စက္တာေတြ ျပဳလုပ္ခဲ့သလုိ အဲဒီ သံဃာေတာ္ေတြ သတင္းသုံးခဲ့တဲ့ ဘုန္းေတာ္ႀကီးေက်ာင္း ေတြကုိလည္း ခ်ိတ္ပိတ္ခဲ့ပါတယ္။

..................

{Unicode}

ရွှေဝါရောင် သံဃာလှုပ်ရှားမှု ၁၂ နှစ်ပြည့် ရန်ကုန်မှာကျင်းပ

စစ်အာရှင်စနစ်က မြန်မာနိုင်ငံလွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲက ထင်ရှားတဲ့ လူထုလှုပ်ရှားမှုတခုဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးဟာ ဒီကနေ့ဆိုရင် ၁၂နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတွေမတက်အောင် အစိုးရက ကိုင်တွယ် ဖြေရှင်းမပေးနိုင်တာကို အကြောင်းပြုပြီး သံဃာတော်တွေဦးဆောင်တဲ့ ဒီလှုပ်ရှားမှုမှာ လူပေါင်း တသိန်းနီးပါး လမ်းပေါ်ထွက် စစ်အာဏာရှင်ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ ၁၂ကြာခဲ့ပြီး အရပ်သားအစိုးရ တက်လာပေမဲ့လည်း စစ်အာဏာရှင်ရဲ့ အငွေ့အသက်တွေ ကျန်နေသေးပြီး ပြည်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ထိန်းချုပ်မှုအောက်ကနေ မလွတ်မြောက် သေးဘူးလို့ ဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ ထားပါတယ်။

လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်သွားမှုကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလတုန်းက သံဃာတော်တွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ကြိုးပမ်း လှုပ်ရှားမှုတွေထဲမှာ ပြည်တွင်းတင်သာမကဘဲ ကမ္ဘာက အာရုံစိုက်ရတဲ့ ထင်ရှားတဲ့ လှုပ်ရှားမှုကြီးဖြစ်ပါတယ်။

စစ်အာဏာရှင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ပြည်သူတွေဟာ မလွတ်မြောက်နိုင်သေးလို့ သူတို့ အဓိက ရည်မှန်းချက်တွေ မပြည့်ဝသေးကြောင်း ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်တဲ့ ဒီနေ့ စက်တင်ဘာ ၂၇မှာ ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်ဆရာတော် ဦးဣန္ဒက က ဗွီအိုအေကို အခုလိုမိန့်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ အပြည့်အဝရရှိရေးကို အခုအချိန်အထိ အပြည့်အဝ မရလာသေးဘူးလေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးက စစ်အုပ်ရဲ့ လွှမ်းမိုးခြင်းကို ခံထားနေရတယ်ဆိုတော့ အခုအချိန်အထိ လက်ရှိအာဏာရ NLD အစိုးရက အဲဒီဥပဒေကြီးအတိုင်းသွားနေရတာ။ အဲဒီ ဥပဒေကို ပြင်ဖို့ကြိုးစားနေတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီမိုကရေစီနဲ့အညီဖြစ်တဲ့ ဥပဒေမျိုးဖြစ်လာမှသာလျှင် မူရရည်ရွယ်ချက် တောင်းဆိုချက်တွေ ပြည့်ဝမယ်လို့ ယုံကြည်ပါတယ်။”

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ စစ်အစိုးရဟာ နောက်တနှစ် ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ပြီး ပြည်သူ့ဆန္ဒခံယူ အတည်ပြုလိုက်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အကာအကွယ်ယူထားသရွှေ့ ပြည်သူတွေက လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ရွှေဝါရောင်တော်လှန်းရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော် ဦးစန္ဒာသီရိ က မိန့်ပါတယ်။

“တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ရဲ့ အငွေ့အသက်တင်မဟုတ်ဘူး စစ်အာဏာရှင်စနစ် လုံးလုံးလျားလျားကို ရှိနေသေးတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှု ချုပ်ခြယ်မှု အောက်မှာပဲ နေနေရသေးတယ်။ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ဘာနဲ့ အကာကွယ်ပြုထားလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ အကာအကွယ်ယူပြီး တော့မှ ပြည်သူလူထုကို ဖိနှိပ်ချုပ်ခြယ်နေတုန်းပဲ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စီးပွားရေးကဏ္ဍမှာ အပြောင်းအလဲ ကြီးကြီးမာမား မရှိတဲ့အပေါ်မှာလည်း အများစုက ဝေဖန်လာတာလည်းရှိပါတယ်။ မြန်မာ့စီးပွားရေးမှာ စစ်တပ်နောက်ခံပြုထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လွှမ်းမိုးမှုက များသလို၊ ပြည်တွင်းစစ် တွေကြောင့်လည်း အခက်အခဲတွေကြုံနေတယ်လို့ ယူဆကြောင်း ဆရာတော် မင်းသုညကလည်း မိန့်ပါတယ်။

“အဲဒီတော့အာဏာရှင် စနစ်အောက်ကနေ လွှတ်အောင်ရုန်းရတဲ့ ပြဿနာပေါ့။ လက်ရှိ NLD အစိုးရမှာ လုပ်လို့ရတဲ့အပိုင်းတွေရှိတယ်၊ မရတဲ့အပိုင်းတွေ ရှိတယ်။ ဒီနေ့ စစ်တပ်ကလည်း စီးပွားရေးတွေ ဦးပိုင် အစရှိသည်ဖြင့် အကုန်လုံး လက်ဝါးကြီးအုပ်ထားတယ်။ စစ်မက်တွေကလည်း ဖြစ်နေတယ်။ အဲဒီတော့ NLD အနေနဲ့ ရှေ့ဆက်လို့မရတဲ့ စီးပွားရေးအခက်အခဲတွေလည်း အများကြီးရှိတာကို ဦးပဉ္ဖင်းတို့ သံဃာတော်တွေကတော့ နားလည်ကြတယ်။”

အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကို မခံနိုင်တော့တဲ့ ပြည်သူတွေဟာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၅ရက်ကစလို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး နောက်တနေ့မှာ အနယ်နယ်အရပ်ရပ်က သံဃာတော်တွေနဲ့ ပြည်သူတွေ ရန်ကုန်မြို့လယ်ခေါင်မှာ စုဝေးလှည့်လည်ခဲ့ကြပါတယ်။ စက်တင်ဘာ ၂၆၊ ၂၇ မှာတော့ လမ်းပေါ်က သံဃာနဲ့ လူထုကို စစ်တပ်က လက်နက်သုံးဖြိုခွင်းခဲ့ပြီး ဘုန်းကြီးကျောင်းတွေထဲ ဝင်ရောက် ရိုက်နှက် ဖမ်းဆီးခဲ့ကြတာပါ။

စစ်တပ်က အကြမ်းဖက်ဖြိုးခွင်းခဲ့တာကြောင့် ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျိ နာဂအိ အပါအဝင် ရဟန်း၊ သံဃာတော်တွေနဲ့ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်မှာ အာဏာပိုင်တွေက ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော် အများစုနဲ့ အရပ်သား ပြည်သူတွေကို ဖမ်းဆီး ထောင်ချ၊ နှိပ်စက်တာတွေ ပြုလုပ်ခဲ့သလို အဲဒီ သံဃာတော်တွေ သတင်းသုံးခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း တွေကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေရႊ၀ါေရာင္ သံဃာလႈပ္ရွားမႈ ၁၂ ႏွစ္ျပည့္ ရန္ကုန္မွာက်င္းပ ေရႊ၀ါေရာင္ သံဃာလႈပ္ရွားမႈ ၁၂ ႏွစ္ျပည့္ ရန္ကုန္မွာက်င္းပ Reviewed by THITHTOOLWIN on 04:04 Rating: 5
Powered by Blogger.