နမ့်ဖက်ကာနဲ့ နမ့်ခိုင် တံတားကြားမှာ ကားတွေကို သေနတ်နဲ့ပစ်ပြီး လမ်းပိတ်ရပ်ထား


တာချီလိတ်၊ စက်တင်ဘာ ၁

မူဆယ်နဲ့ ကွတ်ခိုင်ကြားက နမ့်ဖက်ကာနဲ့ နမ့်ခိုင်တံတားမှာ ကားတွေကို စက်တင်ဘာလ ၁ရက် မနက် ၁၁နာရီခွဲခန့်က လက်နက်ကိုင်တွေက သေနတ်နဲ့ပစ်ပြီး ကားတွေကို လမ်းပိတ်ရပ်ထားခိုင်းတယ်လို့ မျက်မြင်တွေက ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။

၁၀ဘီးကားတစ်စီးနဲ့ ကားသေး ၄စီးကို လမ်းပေါ်မှာ ကန့်လန့်ပိတ်ရပ်ထားခိုင်းပြီး ထပ်လာတဲ့ကားတွေကိုလည်း သေနတ်နဲ့ပစ်တာ အစီး ၂၀ကျော်ပြီလို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်သူ ၃ယောက်ရှိပြီး ၂ယောက်က အရပ်ဝတ်နဲ့ဖြစ်ကာ တစ်ယောက်က MNDAA ဝတ်စုံနဲ့ဖြစ်တယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

အနီးနားက ပြောင်းဖူးခင်းထဲက တဲထဲမှာလည်း လက်နက်ကိုင်တစ်ဖွဲ့ရှိတယ်လို့ ဆိုပါတယ်။

-ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
နမ့်ဖက်ကာနဲ့ နမ့်ခိုင် တံတားကြားမှာ ကားတွေကို သေနတ်နဲ့ပစ်ပြီး လမ်းပိတ်ရပ်ထား နမ့်ဖက်ကာနဲ့ နမ့်ခိုင် တံတားကြားမှာ ကားတွေကို သေနတ်နဲ့ပစ်ပြီး လမ်းပိတ်ရပ်ထား Reviewed by THITHTOOLWIN on 15:12 Rating: 5
Powered by Blogger.