ဒီနှစ်ဆောင်းကာလ အပူလွန်၊အအေးလွန်တဲ့ ရာသီမဖြစ်ဘဲ ပုံမှန်ရာသီဥတု အခြေအနေမှာရှိမယ်

ဆောင်းဝင်စ စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရတဲ့ ကွမ်းလုံကြိုးတံတား
လာမယ့် အောက်တိုဘာ၊နိုဝင်ဘာ ၊ ဒီဇင်ဘာ ၃ လတာကာလအတွင်း မိုးလေဝသခန့်မှန်း တွက်ချက်မှု တွေအရ အအေးလွန်ကဲတဲ့ လာနီညာမဖြစ်နိုင်သလို အပူလွန်ကဲတဲ့ အယ်နီညိုပါ မဖြစ်နိုင်တဲ့အတွက် ဒီနှစ်ဆောင်းကာလဟာ ပုံမှန်ရာသီဥတုမှာပဲ ရှိနေမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

ဆောင်းရာသီကာလမှာ ပုံမှန်ရာသီအတိုင်းရှိတယ်ဆိုပေမယ့်လည်း တကမ္ဘာလုံးအတိုင်းအတာအရ ရာသီ ဥတုတွေဖောက်ပြန်ပြီး အပူချိန်တွေမြင့်တက်လာနေတဲ့အတွက် အအေးအနည်းငယ် ပေါ့နိုင်တယ်လို့ လည်း သူကပြောပါတယ်။

'' တချို့ရက်တွေမှာတော့ တရုတ်ဘက်က ထိုးဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းအပေါ်မူတည်ပြီး ကိုယ့်နိုင်ငံမှာအအေး ပေါ့တာ၊ အအေးပိုတာတော့ရှိနိုင်တယ်။ သူ့ရဲ့လေဖိအားကြီးရပ်ဝန်းအား ကောင်းတဲ့ အချိန်မှာ အအေးပိုနိုင် သလို အားလျော့သွားတဲ့အခါ အအေးပေါ့သွားနိုင်ပါတယ်။ တောက်လျှောက်တွေ့တဲ့ ဒီတရုတ်ပြည်က လာတဲ့ လေဖိအားကြီးရပ်ဝန်း ကတော့ တောက်လျှောက်တော့ အားကောင်းတာတော့ တွေ့ရတယ်။

မြန်မာနိုင်ငံတောင်ပိုင်းမှာတော့ လာမယ့် ၃လတာကာလအတွင်း ပုံမှန်ထက်ကို အနည်းငယ်ပို ပူနိုင်ခြေရှိ တယ်လို့လည်း ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

BBC Burmese
https://www.bbc.com
ဒီနှစ်ဆောင်းကာလ အပူလွန်၊အအေးလွန်တဲ့ ရာသီမဖြစ်ဘဲ ပုံမှန်ရာသီဥတု အခြေအနေမှာရှိမယ် ဒီနှစ်ဆောင်းကာလ အပူလွန်၊အအေးလွန်တဲ့ ရာသီမဖြစ်ဘဲ ပုံမှန်ရာသီဥတု အခြေအနေမှာရှိမယ် Reviewed by THITHTOOLWIN on 00:59 Rating: 5
Powered by Blogger.