လံုၿခံဳေရးၿခိမ္းေျခာက္မႈ အစစ္အမွန္လား

(ဓါတ္ပံု-Yangon Police)
ေနျပည္ေတာ္၊ ရန္ကုန္ ၊မႏၱေလးအပါအဝင္ ၿမဳိ႕ႀကီးေတြမွာ ေဖါက္ခြဲ တိုက္ခုိက္မႈေတြလုပ္မယ္ဆိုတဲ့ လွ်ဳိ႕ဝွက္သတင္း ေပါက္ၾကားမႈဟာ ျပည္သူလူထု စိတ္လုံၿခဳံမႈကင္းမဲ့ၿပီး အေၾကာက္တရား လႊမ္းမိုးေနေအာင္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနတာမ်ဳိးလားလို႔ ႏိုင္ငံေရးေလ့လာသူ တခ်ဳိ႕ကသုံးသပ္ပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႔ကေတာ့ ပုံမွန္အတုိင္း လိုအပ္တာေတြကို စီစဥ္ေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ ေျပာခြင့္ရ ပုဂၢဳိလ္က သတင္းမီဒီယာေတြကို ေျပာၾကားပါတယ္။ အေၾကာင္းစုံကို ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာပါ။

ျမန္မာႏိုင္ငံက ၿမဳိ႕ႀကီးေတြ အထူးသျဖင့္ ရန္ကုန္ ေနျပည္ေတာ္နဲ႔ မႏၱေလးၿမဳိ႕ေတြမွာ လုံၿခဳံေရး အထူးသတိရွိၾကဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက စက္တင္ဘာ ၂၅ ရက္စြဲနဲ႔ သတိေပးခ်က္ထုတ္ျပန္ခဲ့တာပါ။

အဲဒီသတိေပးခ်က္ထဲမွာေတာ့ စက္တင္ဘာ ၂၆ ၊ ေအာက္တိုဘာ ၁၆ နဲ႔ ၂၆ ရက္ေတြမွာ ေနျပည္ေတာ္ကို တိုက္ခိုက္လာႏိုင္ေျခ႐ွိၿပီး၊ ေနာက္ လာမယ့္ လေတြမွာ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၱေလးၿမဳိ႕ေတြကို တုိက္ခိုက္လာဖြယ္ ရွိတယ္ဆိုတဲ့ သတင္းနဲ႔ ပတ္သက္လို႔ ျမန္မာလုံၿခဳံေရး တပ္ဖြဲ႔ေတြက စုံစမ္းစစ္ေဆးမႈ လုပ္ေနေၾကာင္း ေဖၚျပထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံတြင္း ေရာက္ေနၾကတဲ့ အေမရိကန္ႏိုင္ငံသားေတြ ျပည္တြင္းသတင္းကို နားစြင့္ဖုိ႔နဲ႔ လုံၿခဳံေရး အသိ ရွိၾကဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႔ကေတာ့ ပုံမွန္အတုိင္း လိုအပ္တာကို စီစဥ္ေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ ေျပာခြင့္ရ ရဲမႉးႀကီး မ်ဳိးသူစိုးက မီဒီယာေတြကို ရွင္းျပပါတယ္။

“အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ သတင္းေတြေၾကာင့္မို႔လို႔ ဘယ္ေနရာမွာေတာ့ တိုးျမွင့္ၿပီး ေဆာင္ရြက္ပါတယ္။ ဘယ္ေနရာမွာေတာ့ လံုၿခံဳေရးေတြ ခ်ထားပါတယ္ဆိုတဲ့ အေနအထားမ်ိဳး မဟုတ္ပါဘူးခင္ဗ်။ က်ေနာ္တို႔ ရွိတဲ့ အစီအမံတိုင္းပဲ က်ေနာ္တို႔က မူ၀ါဒနဲ႔အညီ စနစ္တက် ေဆာင္ရြက္ေနတဲ့ အေနအထားျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။ သတင္းပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာဖို႔မရွိပါဘူး ခင္ဗ်။ ဒီသတင္းေတြအရ ဒီလိုမ်ိဳးေကာလဟာလျဖစ္မွပဲ ထၿပီးေတာ့ အရမ္းလုပ္ရတာလည္း မဟုတ္ပါဘူးခင္ဗ်။ က်ေနာ္တု႔ိ နဂိုက လုပ္ထားတဲ့ အစီအမံအတိုင္း သြားေနတာပါ။”

ရဲမႉးႀကီးေျပာသြားတဲ့ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတယ္ဆိုတဲ့ သတင္းကေတာ့ AA ရခုိင္၊ KIA ကခ်င္၊ CNF ခ်င္း၊ KNU ကရင္စတဲ့ တပ္ဖြဲ႔ေတြက ထိုင္းျမန္မာ နယ္စပ္မွာစည္းေဝးၾကၿပီး၊ ေနျပည္ေတာ္ကို ေဖါက္ခြဲမႈလုပ္ဖုိ႔ ႀကံရြယ္ထားေၾကာင္း၊ ဒါဟာ ရခိုင္နဲ႔ ရွမ္းေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြကို အာ႐ုံလႊဲဖို႔နဲ႔ ဖိအားေတြ ေလ်ာ့နည္းေစဖုိ႔ ရည္ရြယ္ေၾကာင္း သမၼတ႐ုံးက စက္တင္ဘာ(၁၆)ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ “လွ်ဳိ႕ဝွက္”စာ ဆိုတာပဲျဖစ္ပါတယ္။ ဒီစာန႔ဲပတ္သက္လို႔ VOA က သီးျခားအတည္ႏိုင္ျခင္း မရွိေသးပါဘူး။ ဒီလို“လွ်ဳိ႕ဝွက္”စာေပါက္ၾကားတာဟာျပည္သူလူထု စိတ္လုံၿခဳံမႈ ကင္းမဲ့ေအာင္ ရည္ရြယ္လုပ္ေဆာင္တာမ်ဳိး ျဖစ္ႏိုင္တယ္လို႔ ယေန႔ေခတ္ ႏိုင္ငံေရးမဂၢဇင္း အယ္ဒီတာခ်ဳပ္ ဦးသက္ဇင္က သုံးသပ္ပါတယ္။

“က်ေနာ့္အျမင္ကေတာ့ ထိတ္လန္႔ေအာင္လုပ္တဲ့ လုပ္ရပ္တခုလို႔ပဲ ျမင္တယ္။ က်ေနာ္တို႔ မဆလ ၊ စစ္အာဏာရွင္စနစ္ေအာက္မွာ ေနခဲ့တဲ့အေတြ႔အၾကံဳအရေျပာရရင္ဒါက ျပည္သူေတြကို ၿခိမ္းေျခာက္ၿပီးေတာ့ ေျခာက္လွန္႔ၿပီးေတာ့ အုပ္ခ်ဳပ္တဲ့ နည္းဗ်ဴဟာတခုလို႔ပဲ က်ေနာ္ျမင္ပါတယ္။ ဒီႏိုင္ငံမွာ ဘာမွ မေရရာဘူး ၊မေသခ်ာဘူး ၊ အားလံုးက ထိတ္လန္႔ေနရတယ္ ငါတို႔ကိုပဲ အားကိုးရမယ္ ။ ငါတို႔ကို အားကိုးမွ မင္းတို႔ကို ငါတို႔ ေစာင့္ေရွာက္ႏိုင္မယ္ဆိုတဲ့ logic ပဲဗ် ဆိုေတာ့ အုပ္ခ်ဳပ္သူ လူတန္းစား ၊ အုပ္စိုးတဲ့ လူတန္းစားကို ျပည္သူကေနၿပီးေတာ့ အျမဲအားကိုးေနရမယ္ဆိုတဲ့ ေျခာက္လွန္႔မႈနဲ႔ ဒါမ်ိဳးလုပ္တယ္လို႔ ယူဆမိတယ္ခင္ဗ်။”

ဒါေပမဲ့ ရန္ကုန္ၿမဳိ့မွာ ျပည္သူေတြကေတာ့ ပုံမွန္အတုိင္းပဲ ေန႔စဥ္ဘဝကို ျဖတ္သန္းေနၾကတယ္လို႔ ဦးသက္ဇင္က ေျပာပါတယ္။

“ဒါေပမယ့္ က်ေနာ္တို႔ ေန႔တိုင္းသြားလာလႈပ္ရွားေနတဲ့ အသိုင္းအ၀ိုင္းမွာကေတာ့ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ သိၾကတယ္ ေတာ္ေတာ္မ်ားမ်ားလည္း သိတယ္။ က်ေနာ္တို႔ ရန္ကုန္မွာ ေျပာရရင္ေတာ့ က်ေနာ္ကိုယ္တိုင္လည္း သြားလာလႈပ္ရွားတယ္ က်ေနာ့္ကေလးေတြလည္း သြားေနၾကတာပဲ ။ ဒါေပမယ့္ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ထူးထူးျခားျခား တုန္လႈပ္ေျခာက္လန္႔ေနတဲ့ ပံုစံေတာ့ မရွိဘူး က်ေနာ္ကိုယ္တိုင္လည္း မရွိဘူး ။ ဒါက တစံုတရာ ႏိုင္ငံေရးအရ ရည္ရြယ္ခ်က္ရွိတယ္လို႔ က်ေနာ္သံုးသပ္မိတယ္ခင္ဗ်။”

အေမရိကန္သံ႐ုံးရဲ႕ လံုၿခံဳေရးသတိေပးခ်က္ဟာ သက္ဆိုင္ရာေဒသေတြက တာဝန္ထမ္းေဆာင္ေနၾကတဲ့ သံ႐ံုးဝန္ထမ္းေတြနဲ႔ မိသားစုဝင္ေတြ၊ ဆက္စပ္သက္ဆိုင္သူေတြကို ေဘးအႏၲရာယ္ ကင္းေစဖို႔ သတိေပးခ်က္ျဖစ္ၿပီး ျပည္သူလူထုအေနနဲ႔ အထူးစိုးရိမ္မႈ လြန္ကဲျခင္း မရွိၾကဖို႔ အႀကံျပဳထားပါတယ္။

...........................

{Unicode}

လုံခြုံရေးခြိမ်းခြောက်မှု အစစ်အမှန်လား

နေပြည်တော် ရန်ကုန် မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဖေါက်ခွဲ တိုက်ခိုက်မှုတွေလုပ်မယ်ဆိုတဲ့ လျှို့ဝှက်သတင်း ပေါက်ကြားမှုဟာ ပြည်သူလူထု စိတ်လုံခြုံမှုကင်းမဲ့ပြီး အကြောက်တရား လွှမ်းမိုးနေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာမျိုးလားလို့ နိုင်ငံရေးလေ့လာသူ တချို့ကသုံးသပ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ကတော့ ပုံမှန်အတိုင်း လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းမီဒီယာတွေကို ပြောကြားပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မြန်မာနိုင်ငံက မြို့ကြီးတွေ အထူးသဖြင့် ရန်ကုန် နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ လုံခြုံရေး အထူးသတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ ရက်စွဲနဲ့ သတိပေးချက်ထုတ်ပြန်ခဲ့တာပါ။

အဲဒီသတိပေးချက်ထဲမှာတော့ စက်တင်ဘာ ၂၆ ၊ အောက်တိုဘာ ၁၆ နဲ့ ၂၆ ရက်တွေမှာ နေပြည်တော်ကို တိုက်ခိုက်လာနိုင်ခြေရှိပြီး၊ နောက် လာမယ့် လတွေမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေကို တိုက်ခိုက်လာဖွယ် ရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှု လုပ်နေကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်း ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေ ပြည်တွင်းသတင်းကို နားစွင့်ဖို့နဲ့ လုံခြုံရေး အသိ ရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့ကတော့ ပုံမှန်အတိုင်း လိုအပ်တာကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး မျိုးသူစိုးက မီဒီယာတွေကို ရှင်းပြပါတယ်။

“အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့်မို့လို့ ဘယ်နေရာမှာတော့ တိုးမြှင့်ပြီး ဆောင်ရွက်ပါတယ်။ ဘယ်နေရာမှာတော့ လုံခြုံရေးတွေ ချထားပါတယ်ဆိုတဲ့ အနေအထားမျိုး မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့ ရှိတဲ့ အစီအမံတိုင်းပဲ ကျနော်တို့က မူဝါဒနဲ့အညီ စနစ်တကျ ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ကြောင်း ပြောကြားလိုပါတယ်။ သတင်းပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောဖို့မရှိပါဘူး ခင်ဗျ။ ဒီသတင်းတွေအရ ဒီလိုမျိုးကောလဟာလဖြစ်မှပဲ ထပြီးတော့ အရမ်းလုပ်ရတာလည်း မဟုတ်ပါဘူးခင်ဗျ။ ကျနော်တု့ိ နဂိုက လုပ်ထားတဲ့ အစီအမံအတိုင်း သွားနေတာပါ။”

ရဲမှူးကြီးပြောသွားတဲ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းကတော့ AA ရခိုင်၊ KIA ကချင်၊ CNF ချင်း၊ KNU ကရင်စတဲ့ တပ်ဖွဲ့တွေက ထိုင်းမြန်မာ နယ်စပ်မှာစည်းဝေးကြပြီး၊ နေပြည်တော်ကို ဖေါက်ခွဲမှုလုပ်ဖို့ ကြံရွယ်ထားကြောင်း၊ ဒါဟာ ရခိုင်နဲ့ ရှမ်းမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အာရုံလွှဲဖို့နဲ့ ဖိအားတွေ လျော့နည်းစေဖို့ ရည်ရွယ်ကြောင်း သမ္မတရုံးက စက်တင်ဘာ(၁၆)ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “လျှို့ဝှက်”စာ ဆိုတာပဲဖြစ်ပါတယ်။ ဒီစာနဲ့ပတ်သက်လို့ VOA က သီးခြားအတည်နိုင်ခြင်း မရှိသေးပါဘူး။ ဒီလို“လျှို့ဝှက်”စာပေါက်ကြားတာဟာပြည်သူလူထု စိတ်လုံခြုံမှု ကင်းမဲ့အောင် ရည်ရွယ်လုပ်ဆောင်တာမျိုး ဖြစ်နိုင်တယ်လို့ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်က သုံးသပ်ပါတယ်။

“ကျနော့်အမြင်ကတော့ ထိတ်လန့်အောင်လုပ်တဲ့ လုပ်ရပ်တခုလို့ပဲ မြင်တယ်။ ကျနော်တို့ မဆလ ၊ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့တဲ့အတွေ့အကြုံအရပြောရရင်ဒါက ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့ ခြောက်လှန့်ပြီးတော့ အုပ်ချုပ်တဲ့ နည်းဗျူဟာတခုလို့ပဲ ကျနော်မြင်ပါတယ်။ ဒီနိုင်ငံမှာ ဘာမှ မရေရာဘူး ၊မသေချာဘူး ၊ အားလုံးက ထိတ်လန့်နေရတယ် ငါတို့ကိုပဲ အားကိုးရမယ် ။ ငါတို့ကို အားကိုးမှ မင်းတို့ကို ငါတို့ စောင့်ရှောက်နိုင်မယ်ဆိုတဲ့ logic ပဲဗျ ဆိုတော့ အုပ်ချုပ်သူ လူတန်းစား ၊ အုပ်စိုးတဲ့ လူတန်းစားကို ပြည်သူကနေပြီးတော့ အမြဲအားကိုးနေရမယ်ဆိုတဲ့ ခြောက်လှန့်မှုနဲ့ ဒါမျိုးလုပ်တယ်လို့ ယူဆမိတယ်ခင်ဗျ။”

ဒါပေမဲ့ ရန်ကုန်မြို့မှာ ပြည်သူတွေကတော့ ပုံမှန်အတိုင်းပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတယ်လို့ ဦးသက်ဇင်က ပြောပါတယ်။

“ဒါပေမယ့် ကျနော်တို့ နေ့တိုင်းသွားလာလှုပ်ရှားနေတဲ့ အသိုင်းအဝိုင်းမှာကတော့ ဒါနဲ့ ပတ်သက်ပြီးတော့ သိကြတယ် တော်တော်များများလည်း သိတယ်။ ကျနော်တို့ ရန်ကုန်မှာ ပြောရရင်တော့ ကျနော်ကိုယ်တိုင်လည်း သွားလာလှုပ်ရှားတယ် ကျနော့်ကလေးတွေလည်း သွားနေကြတာပဲ ။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား တုန်လှုပ်ခြောက်လန့်နေတဲ့ ပုံစံတော့ မရှိဘူး ကျနော်ကိုယ်တိုင်လည်း မရှိဘူး ။ ဒါက တစုံတရာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိတယ်လို့ ကျနော်သုံးသပ်မိတယ်ခင်ဗျ။”

အမေရိကန်သံရုံးရဲ့ လုံခြုံရေးသတိပေးချက်ဟာ သက်ဆိုင်ရာဒေသတွေက တာဝန်ထမ်းဆောင်နေကြတဲ့ သံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ၊ ဆက်စပ်သက်ဆိုင်သူတွေကို ဘေးအန္တရာယ် ကင်းစေဖို့ သတိပေးချက်ဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်မှု လွန်ကဲခြင်း မရှိကြဖို့ အကြံပြုထားပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
လံုၿခံဳေရးၿခိမ္းေျခာက္မႈ အစစ္အမွန္လား လံုၿခံဳေရးၿခိမ္းေျခာက္မႈ အစစ္အမွန္လား Reviewed by THITHTOOLWIN on 03:46 Rating: 5
Powered by Blogger.