မြန်မာဝက်သား ဖိလစ်ပိုင်ပိတ်

Photo: REUTERS

 အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် ဝက်သားတင်သွင်းခွင့် ပိတ်ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ တောင်ကိုရီးယားနဲ့ ဆားဘီးယားနိုင်ငံကိုလည်း ဖိလစ်ပိုင်နိုင်ငံက ထည့်သွင်းလိုက်ပါတယ်။

ဒီညွှန်ကြားချက်ကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တာလို့ ဖိလစ်ပိုင်နိုင်ငံ စားသုံးသူများ ဗျူရိုရဲ့ လက်ထောက်ကော်မရှင်မင်းကြီးက ပြောပါတယ်။

ဒါကြောင့် ဖိလစ်ပိုင်ကို ဝက်သားတင်သွင်းခွင့် ပိတ်လိုက်တဲ့နိုင်ငံပေါင်း ၂၂ နိုင်ငံရှိသွားပြီဖြစ်ပါတယ်။

ဒီညွှန်ကြားအချက် ပိတ်ပင်တဲ့ နိုင်ငံတွေကဝင်လာမယ့် ဝက်သားတွေကို လေဆိပ်၊ သင်္ဘောဆိပ် တွေအပြင်၊ ခရီးသွားဟန်လွဲ သယ်လာမယ့်ဝက်သားတွေအားလုံး တားမြစ်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာဝက်သား ဖိလစ်ပိုင်ပိတ် မြန်မာဝက်သား ဖိလစ်ပိုင်ပိတ် Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.