မြ၀တီမြို့၌ အမျိုးသားတစ်ဦးထံမှ ငွေစက္ကူအတု တစ်သောင်းကျပ်ကျပ်တန် ၁၄၂ ရွက် ဖမ်းဆီးရမိ


နေပြည်တော် စက်တင်ဘာ ၇

မြ၀တီမြို့၌ ငွေစက္ကူအတု သုံးစွဲသူ အမျိုးသားတစ်ဦးအား ငွေစက္ကူအတု တစ်သောင်း ကျပ်တန် ၁၄၂ ရွက်နှင့်အတူ စက်တင်ဘာ ၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြ၀တီမြို့ (၁)ရပ်ကွက် သဇင်လမ်းရှိ ဈေးဆိုင်၌ စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီခန့်က ငွေစက္ကူအတုများ ကိုင်ဆောင်အသုံးပြုနေသူတစ်ဦး တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစစ်ဆေးရာ ထွန်းခိုင် (၃၃) နှစ် ရသေ့တောင်မြို့နေသူအား ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ငွေစက္ကူအတု တစ်သောင်းကျပ် တန်အရွက် ၇၀၊ ၎င်းတည်းခိုနေထိုင်သော တည်းခိုခန်းရှိ အခန်း အတွင်းမှ ငွေစက္ကူအတု တစ်သောင်းကျပ်တန် အရွက် ၇၀ နှင့် ၎င်းဈေးဝယ်ခဲ့သည့် ဈေးဆိုင်မှ ငွေစက္ကူအတု တစ်သောင်းကျပ်တန် နှစ်ရွက်၊ စုစုပေါင်း ငွေစက္ကူအတု တစ်သောင်းကျပ်တန် ၁၄၂ ရွက်အား သိမ်းဆည်းရမိခဲ့ကြောင်း။

စစ်ဆေးချက်များအရ လွန်ခဲ့သော တစ်နှစ်ခန့်က တစ်ဖက်နိုင်ငံ မဲဆောက်မြို့ သို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်စဉ် မင်းပြားမြို့နေသူ ရခိုင်အမျိုးသား တစ်ဦးနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ငွေစက္ကူအတုများ လဲလှယ်၍ရကြောင်းနှင့် ငွေအစစ် ငါးသိန်းကျပ်ပေးလျှင် ငွေစက္ကူအတု ၁၀ သိန်းကျပ်ကျပ် ပြန်လည်ရရှိကြောင်း ပြောဆိုသဖြင့် ငွေစက္ကူအတုများအား မြန်မာနိုင်ငံအတွင်း၌ အသုံးပြုရန်လဲလှယ်ခဲ့ပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူ ထွန်းခိုင်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၁၃(၁) ဖြင့်လည်း ကောင်း အမှုအသီးသီး ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက် ဆက်လက်ဖော် ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြ၀တီမြို့၌ အမျိုးသားတစ်ဦးထံမှ ငွေစက္ကူအတု တစ်သောင်းကျပ်ကျပ်တန် ၁၄၂ ရွက် ဖမ်းဆီးရမိ မြ၀တီမြို့၌ အမျိုးသားတစ်ဦးထံမှ ငွေစက္ကူအတု တစ်သောင်းကျပ်ကျပ်တန် ၁၄၂ ရွက် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.