သန်လျင်၌ တွဲယာဉ်နှင့် ဆိုင်ကယ်တိုက်မိကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် သနပ္ပင်ကျေးရွာလမ်းဆုံအလွန် ခြောက် လမ်းသွား လမ်းမကြီး၌ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီက တွဲယာဉ်နှင့် ဆိုင်ကယ် တိုက်မိရာ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သန်လျင်မြို့မ ရဲစခန်းမှ သိရသည်။

သန်လျင်မြို့နယ် ခြောက်လမ်းသွား လမ်းမကြီးအတိုင်း တောင်မှမြောက်သို့ ရွှေပြည်သာမြို့နယ် (ည၊ ၁၁) ရပ်ကွက် နေသူ ယာဉ်မောင်း ဟိန်းထက်အောင် (၃၄နှစ်) မောင်းနှင်လာသောYGN 7P/-------- တွဲယာဉ်သည် သန်လျင်မြို့နယ် သနပ္ပင်ကျေးရွာလမ်းဆုံ အလွန်တွင် အရှိန်လွန်ကာ လားရာတူ ရှေ့ရှိ သန်လျင်မြို့နယ် ကုလားဝဲကျေးရွာနေသူ ဦးဝင်းမြင့် (၆၁ နှစ်) မောင်းနှင်လာသော ဆိုင်ကယ်ကို တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဦးဝင်းမြင့်တွင် ဒဏ်ရာများရရှိသဖြင့် သန်လျင် အထွေထွေရောဂါကု ဆေးရုံကြီး၌ အတွင်းလူနာ (စိုးရိမ်ရ) ဖြင့် ဆေးကုသ လျက်ရှိပြီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါ လာသည့် သန်လျင်မြို့နယ် ကုလားဝဲ ကျေးရွာနေသူ မခင်မာထွေး (၃၄ နှစ်) မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ သည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဟိန်းထက်အောင်အား သန်လျင်မြို့မရဲစခန်းက အရေးယူထား ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ တွဲယာဉ်နှင့် ဆိုင်ကယ်တိုက်မိကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ သန်လျင်၌ တွဲယာဉ်နှင့် ဆိုင်ကယ်တိုက်မိကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.