မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ရွှေပြည်ဦး မှန်လုံယာဉ် တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး ၃၆ ဦးဒဏ်ရာရ


မြဝတီ စက်တင်ဘာ ၁၀

မြဝတီ- ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းအဆင်း၊ မိုင်တိုင်အမှတ် ၁၅၈ နှင့် ၁၅၉ ကြားတွင် ယနေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်က ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့် ရွှေပြည်ဦး ခရီးသည်တင် မှန်လုံယာဉ်တစ်စီး လမ်းဘေး သို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်အား ယာဉ်မာင်း ဦးတင်မြင့် မောင်းနှင်လာပြီး အခင်းဖြစ်ပွားရာ ကွမ်းခြံကွေ့ကုန်းဆင်း အရောက် တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး သို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကာ တိမ်းမှောက်မှုကြောင့် အမျိုးသမီး တစ်ဦး အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံးပြီး ၃၆ဦး ဒဏ်ရာရရှိခဲ့ပြီး မြဝတီ ၊ညီနောင်၊ ဝှေ့ရှမ်း ၊ကော့ကရိတ် လူမှုကူညီရေး အသင်းများက မြဝတီ ခရိုင် ပြည်သူ့ဆေးရုံ ကြီးသို့အချိန်နှင့် တပြေးညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


မြဝတီခရိုင်ဆေးရုံသို့ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး နိုင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် နှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှု အားပေးကြသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့သူ ယာဉ် မောင်း ဦးတင်မြင့်အား သင်္ဃန်းညီနောင်ရဲ စခန်းက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ထိန်လင်းအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ရွှေပြည်ဦး မှန်လုံယာဉ် တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး ၃၆ ဦးဒဏ်ရာရ မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ရွှေပြည်ဦး မှန်လုံယာဉ် တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး ၃၆ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 00:18 Rating: 5
Powered by Blogger.