ကွမ်းသီးမှောင်ခိုကြောင့် အိန္ဒိယအစိုးရ အခက်တွေ့နေ

Photo: DAVID TALUKDAR / AFP
 ကွမ်းသီးတရားမဝင်ကုန်သွယ်တာကို အိန္ဒိယအစိုးရက မနှစ်ကပိတ်ပင်လိုက်ပေမယ့် အရှေ့တောင် အာရှနိုင်ငံတွေက မှောင်ခိုကွမ်းသီးတွေဟာ မြန်မာနယ်စပ်ကတဆင့် လှိမ့်ဝင်နေတုန်းပဲမို့ အိန္ဒိယ အစိုးရဟာ သွင်းကုန်အခွန်မရဘဲ ဖြစ်နေတယ်လို့ Catch News online သတင်းကမနေ့က ဖော်ပြ လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ တစ်နှစ်ကို ကွမ်းသီး တန်ချိန် တစ်သောင်းထွက်ပေမယ့် အိန္ဒိယကို တန်ချိန် ၄ သောင်း ရောက်နေပါတယ်။ ကျန်တဲ့ တန်ချိန် သုံးသောင်းက အိန္ဒိယထက် ဈေးသက်သာတဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းက ကွမ်းသီးတွေ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူလုပ်ပြီး ဈေးအတော်သက်သာတဲ့ နှုန်းထားနဲ့ မြန်မာနယ်စပ်ကတစ်ဆင့် ဝင်လာတဲ့ မြန်မာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားက ကွမ်းသီးတွေကို အိန္ဒိယကုန်သည်တွေက ဝယ်ချင်ကြပါတယ်။

ဒီနှစ် သြဂုတ်လမှာ အာသံရဲတပ်ဖွဲ့က တင်သွင်းတဲ့ တိုင်ချက်မှာ ၂၀၁၅ ခုနှစ်ကစလို့ မြန်မာနိုင်ငံကနေ ကွမ်းသီးတင်ကား တစ်နေ့ အစီး ၂၀၀ ဝင်လာပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ဒါမှမဟုတ် တရုတ်နိုင်ငံတွေမှာ သွင်းကုန်အခွန်နဲ့ အကောက်ခွန် ဆောင်ခဲ့တယ်ဆိုတဲ့ စာရွက်စာတမ်းပါမလာ ဘူးလို့ ဖော်ပြထားပါတယ်။

ကွမ်းသီးမှောင်ခိုတင်သွင်းမှုမှာ အဆင့်မြင့် အစိုးရတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကွမ်းသီးမှောင်ခိုကြောင့် အိန္ဒိယအစိုးရ အခက်တွေ့နေ  ကွမ်းသီးမှောင်ခိုကြောင့် အိန္ဒိယအစိုးရ အခက်တွေ့နေ Reviewed by THITHTOOLWIN on 15:17 Rating: 5
Powered by Blogger.