ျမန္မာ့လူ႔အခြင့္အေရးျပႆနာ ႏုိင္ငံတကာနဲ႔ ပူးေပါင္းအေျဖရွာဖို႔ တိုက္တြန္း

ဓာတ္ပုံ - ဗြီအိုေအ (ျမန္မာဌာန)၊ စက္တင္ဘာ ၂၈၊ ၂၀၁၉။
ျမန္မာႏုိင္ငံက အထူးသျဖင့္ ရခုိင္ျပည္နယ္တြင္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာရဲ႕ စိုးရိမ္ခ်က္ေတြ ေတာင္းဆိုလိုလားခ်က္ေတြကို ျငင္းဆန္ေနမယ့္အစား ပကတိအေျခအေနမွန္ကို လက္ခံၿပီး ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္္ဖို႔ ျမန္မာ့လူ႔အခြင့္အေရး လႈပ္ရွားသူေတြက တိုက္တြန္းပါတယ္။ ရခိုင္အေရး ျပည္ပက မွ်တျခင္းမရွိတဲ့ တဖက္သတ္ အက်ပ္ကိုင္ ဖိအားေပးမႈေတြကို ျမန္မာဘက္က လက္ခံမွာမဟုတ္ဘူးဆိုတဲ့ ကုလညီလာခံမွာ ႏိုင္ငံေတာ္အတုိင္ပင္ခံ႐ံုး ဝန္ႀကီးရဲ႕ ေျပာဆိုခ်က္အေပၚ အခုလို တုံ႔ျပန္ ေျပာဆိုခဲ့ၾကတာပါ။ အျပည့္အစုံကုိ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ျမန္မာအစိုးရ ကိုယ္စားလွယ္ေတြပါ တက္ေရာက္ေနတဲ့ ၄၇ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ မေန႔ စေနေန႔တုန္းက ျမန္မာႏုိင္ငံကိုယ္စား ႏုိင္ငံေတာ္အတုိင္ပင္ခံ႐ံုးဝန္ႀကီးက မိန္႔ခြန္းေျပာၾကားစဥ္ ရခိုင္ျပည္နယ္အေရး ျပည္ပကေန မွ်တျခင္းမရွိတဲ့ အက်ပ္ကိုင္မႈေတြကို အေရးယူ တုံ႔ျပန္မွာမဟုတ္သလို ႏုိင္ငံတကာခံု႐ံုး ICC က အေရးယူဖို႔ အားထုတ္မႈနဲ႔ ပတ္သက္ၿပီးလည္း ICC ဟာ ျမန္မာႏိုင္ငံအေပၚ တရားစီရင္ပိုင္ခြင့္ မရွိဘူးလို႔ ဝန္ႀကီးက ေျပာဆိုသြားခဲ့တာပါ။

ဒီအေပၚမွာေတာ့ ျပည္သူက ေရြးခ်ယ္ထားတဲ့ အရပ္သားအစိုးရလက္ထက္ ျမန္မာျပည္တြင္းက စိုးရိမ္စရာ အေျခအေနမွာ ရွိေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ လုပ္ရပ္ေတြအေပၚ ႏိုင္ငံတကာရဲ႕ စိုးရိမ္ခ်က္ စံုစမ္းစစ္ေဆးေပးဖို႔ ေတာင္းဆိုမႈေတြအေပၚ ပကတိ အေျခအေနမွန္ကို လက္ခံၿပီး အေကာင္းဆံုး အေျဖရွာဖို႔ ကုလအပါအဝင္ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္သင့္ေနပါၿပီလို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေထာက္ျပ အႀကံျပဳၾကပါတယ္။

ျမန္မာအစိုးရ တာဝန္ရွိသူေတြဘက္က ဒီမိုကေရစီအစိုးရတရပ္ အေနနဲ႔ လုပ္သင့္လုပ္ထိုက္တဲ့ အလုပ္ကို လုပ္ဖို႔ အခ်ိန္တန္ေနပါၿပီလို႔ ျမန္မာ့လူ႔အခြင့္အေရး လႈပ္ရွားသူတဦးျဖစ္တဲ့ ညီမွ်ျခင္းျမန္မာရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက အခုလိုေျပာပါတယ္။

“မေန႔တုန္းက ဦးေက်ာ္တင့္ေဆြ အေနနဲ႔ ဒီဟာနဲ႔ပတ္သက္ၿပီး ေျပာၾကားတဲ့အခါမွာ က်ေနာ္တုိ႔က ေစာင့္ၾကည့္တာရွိတယ္။ ဒါေပမယ့္ ေျပာၾကားတဲ့ပုံစံ ေတာ္ေတာ္မ်ားမ်ားက အရင္တုန္းက အစုိးရအတုိင္းပဲ ပူးေပါင္းေဆာင္ရြက္မႈကို လုပ္ေဆာင္တာမဟုတ္ဘဲနဲ႔ ႏုိင္ငံတကာနဲ႔ ပတ္သက္တဲ့ အေရးယူမႈေတြကုိ လက္မခံဘူး၊ ဒါနဲ႔ပတ္သက္ၿပီး အသိအမွတ္ျပဳမွာ မဟုတ္ဘူးဆိုတဲ့ အသံမ်ဳိးျဖစ္တာ နည္းနည္းေလးေတာ့ က်ေနာ္တုိ႔ စိတ္မေကာင္းျဖစ္စရာ ျဖစ္ပါတယ္။ အထူးသျဖင့္ ျမန္မာႏုိင္ငံရဲ႕ လူ႔အခြင့္အေရးကိစၥကုိ ႏုိင္ငံတကာက ဥပေဒအရ ေဖာ္ေဆာင္ေပးဖို႔၊ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔ ဆုိတဲ့ဟာက ေတာင္းဆုိေနတာလည္း ၾကာပါၿပီ။

“ေနာက္တခါ ႏုိင္ငံတကာက ေထာက္ျပတဲ့ အခ်က္ေတြက ျပည္တြင္းမွာရွိေနတဲ့ တရားေရးစီရင္မႈ လုပ္ထုံးလုပ္နည္းေတြ၊ ျပည္တြင္းမွာရွိေနတဲ့ တရားဥပေဒက တကယ္တမ္း ခ်ဳိးေဖာက္ခံရတဲ့သူေတြကုိ တိတိက်က် မကာကြယ္ေပးႏုိင္တဲ့ အတြက္ေၾကာင့္မုိ႔လို႔ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔အတြက္ လက္ကမ္းတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒါကုိ လုံးဝျငင္းဆုိတဲ့ သေဘာမ်ဳိး အသိအမွတ္ျပဳဘူးဆုိတဲ့ ပုံစံမ်ဳိး ျဖစ္ပါတယ္။ လက္ရွိ ႏုိင္ငံတကာက ေျပာေနတဲ့ ႏုိင္ငံတကာ ရာဇဝတ္ဆုိင္ရာ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔အတြက္မွာ ျမန္မာႏုိင္ငံက ICC အဖြဲ႔ဝင္ မဟုတ္တဲ့အတြက္ေၾကာင့္မို႔ ဒီဟာကို တင္လုိ႔မရဘူးဆုိတဲ့ သေဘာမ်ဳိး ေျပာသြားတာ တကယ့္ ပကတိအျမင္အတုိင္း ျမင္ဖုိ႔ေတာ့ လုိအပ္ပါတယ္။”

ဒါ့အျပင္ ကုလညီလာခံအတြင္း ႏုိင္ငံေတာ္အတုိင္ပင္ခံ႐ံုး ဝန္ႀကီးကပဲ ျမန္မာႏုိင္ငံအေနနဲ႔ ႐ုိဟင္ဂ်ာဒုကၡသည္အေရးကို ကိုင္တြယ္ေျဖရွင္းရာမွာ ႏိုင္ငံတကာရဲ႕ တဖက္သတ္ ဖိအားေပးမႈေတြကို လက္မခံဘဲ ဘဂၤလားေဒ့ရွ္-ျမန္မာ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္အတိုင္းသာ လုပ္ေဆာင္သြားမွာျဖစ္တယ္၊ ဒါေပမယ့္ ဒီလုပ္ရပ္ကို ဟန္႔တားဖုိ႔နဲ႔ ဒုကၡေရာက္ေနသူေတြကို အျမတ္ထုတ္ဖို႔အတြက္ ဖ်က္လိုဖ်က္ဆီး လုပ္ရပ္ေတြ ရွိေနတယ္လို႔လည္း ေျပာဆိုသြားတာပါ။

ဒီေျပာဆိုခ်က္အေပၚ လူ႔အခြင့္အေရးလႈပ္ရွားသူ ဦးေအာင္မ်ိဳးမင္းက လူ႔အခြင့္အေရး ဆိုးဆိုးရြားရြား ခ်ိဳးေဖာက္ခံခဲ့ရသူေတြအတြက္ သူတို႔ေနရပ္ရင္းျပန္လာခ်ိန္ လံုၿခံဳေရးအာမခံခ်က္ေပးဖို႔ အပါအဝင္ ဆံုး႐ံႈးခဲ့ရတဲ့ နစ္နာမႈေတြအတြက္ တရားဥပေဒနည္းလမ္းအရ မွ်မွ်တတ ရွိဖို႔ကိုသာ ဒုကၡသည္ေတြကိုယ္စား ကုလနဲ႔ ႏုိင္ငံတကာက ေတာင္းဆိုတာျဖစ္တယ္၊ ဒါဟာ ဖိအားေပးတာ၊ တဖက္သတ္ အက်ပ္ကိုင္တာ မဟုတ္ဘူးဆိုတာ နားလည္ဖို႔လိုတယ္လို႔လည္း ေထာက္ျပပါတယ္။

“ဒါမ်ဳိးက ဖိအားေပးတာလည္း မဟုတ္ဘူးခင္ဗ်။ ျမန္မာႏုိင္ငံအစုိးရကို ႏုိင္ငံတကာကေန လုပ္သင့္တဲ့အခ်က္ေတြ အေစာႀကီးကတည္းက ကမ္းလွမ္းထားပါတယ္။ ကိုဖီအာနန္တုိ႔ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ကအစ ေနာက္ပုိင္းမွာ တျဖည္းျဖည္း ပူးေပါင္းေဆာင္ရြက္ဖုိ႔ အတြက္ လမ္းေၾကာင္းေတြ ကမ္းလွမ္းထားတယ္။ ဒါေပမယ့္ လက္ရွိအစုိးရဘက္က ဒါကို ပူးေပါင္းေဆာင္ရြက္ဖုိ႔ လုပ္ေဆာင္မယ့္နည္းလမ္း ရွာမယ့္အစား ပူးေပါင္းေဆာင္ရြက္မႈ မရွိေသာ နည္းလမ္းကုိ သုံးလာတယ္။

“သုံးလာတဲ့ကိစၥမ်ဳိး၊ ဥပမာ စုံစမ္းစစ္ေဆးေရးအရာရွိ ခြင့္မျပဳတာေတြ၊ ႏုိင္ငံတကာရဲ႕ ေျပာဆုိခ်က္ကို လုံးဝလက္မခံဘူးလို႔ ဒါေတြကို သူတုိ႔ရဲ႕ ေပၚလစီအရ ထုတ္ျပန္တာေတြ ၾကည့္မယ္ဆုိရင္ ပူးေပါင္းေဆာင္ရြက္မႈထက္ စာလုိ႔ရွိရင္ ငါလုပ္ေဆာင္မယ္၊ ငါ့တုိင္းျပည္ ငါလုပ္မယ္ဆုိတဲ့ ပုံစံမ်ဳိး ျဖစ္ေနတယ္။ အဲဒါမ်ဳိးျဖစ္လုိ႔ရွိရင္ေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ႏုိင္ငံတကာ လုပ္ထုံးလုပ္နည္းအျဖစ္ စုံစမ္းစစ္ေဆးမႈအျပင္ ဥပေဒအရ အေရးယူတဲ့ လမ္းေၾကာင္းကို သူတို႔ရွာၾကမွာ ျဖစ္ပါတယ္။”

ျမန္မာ့အေရး ႏုိင္ငံတကာရဲ႕ စိုးရိမ္မႈေတြက လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈအေပၚ သက္ေသအေထာက္အထား အခ်က္အလက္ေတြ၊ သတင္းမွတ္တမ္းေတြေပၚ အေျခခံၿပီး စနစ္တက် ေထာက္ျပေနၾကတာ ေတာင္းဆိုေနၾကတာျဖစ္လို႔ ျမန္မာအစိုးရအေနနဲ႔႔ ႏုိင္ငံတကာနဲ႔ အျပဳသေဘာ ပူးေပါင္းေျဖရွင္းသင့္တယ္လို႔ ကေနဒါႏိုင္ငံက ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားသူတဦးျဖစ္တဲ့ ဦးညြန္႔လွကလည္း အႀကံျပဳပါတယ္။

“ႏုိင္ငံတကာျမင္တဲ့ အျမင္ဆုိတဲ့ေနရာမွာ ႏုိင္ငံတကာက သူတို႔ေျပာတဲ့ ဆုိတဲ့ ကိစၥေတြအားလုံးမွာ တာဝန္ခံမႈ၊ တာဝန္ယူမႈရွိတယ္။ ဒါကို အခုလက္ရွိ ကုလသမဂၢ ကုိယ္စားလွယ္ပဲျဖစ္ျဖစ္၊ သမၼတ႐ုံးတာဝန္ခံ ပုဂၢိဳလ္ေတြပဲျဖစ္ျဖစ္ သူတုိ႔ေတြက မ်က္စိပိတ္ၿပီး ျငင္းေန႐ုံနဲ႔ ျပႆနာက အေျဖမထြက္ဘူးဆုိတာကို သူတုိ႔သိဖုိ႔လုိတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အခု လုပ္ရင္းလုပ္ရင္းနဲ႔ ႏုိင္ငံတကာရဲ႕ သူတုိ႔ရဲ႕ ျငင္းဆုိခ်က္ေတြအေပၚမွာ ပုိၿပီးေတာ့ အျမင္မၾကည္ျဖစ္ၿပီးေတာ့ တရစ္ၿပီးတရစ္ တရစ္ၿပီးတရစ္သာ ပုိတုိးတဲ့ ေဝဖန္သုံးသပ္မႈေတြ ျမန္မာႏုိင္ငံအေပၚမွာ ျဖစ္ေနတာ ႏုိင္ငံအတြက္ သိကၡာက်တယ္။ ေနာက္တခ်က္ အဆုိးဆုံးက အစုိးရအေနနဲ႔က ေျမျပင္ရဲ႕ အေျခအေနနဲ႔ ျဖစ္ရပ္အမွန္ေတြကုိ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္း အားျဖင့္သာလွ်င္ ျမန္မာႏုိင္ငံရဲ႕ အေျခအေနအရပ္ရပ္ကုိ ေျဖရွင္းႏုိင္မယ္လို႔ က်ေနာ္တုိ႔က ယုံၾကည္တယ္။”

ကုလနဲ႔ ႏုိင္ငံတကာက ႐ိုဟင္ဂ်ာလို႔သံုးႏႈန္းတဲ့ ဒုကၡသည္ေတြအေရး အစုိးရအေနနဲ႔ ႏုိင္ငံေရးစိတ္ဆႏၵရွိရွိနဲ႔ လုပ္ေဆာင္ဖို႔ ေဒသတြင္း အာဆီယံႏုိင္ငံတခ်ိဳ႕နဲ႔ ကုလဘက္က ဒီညီလာခံမွာ တုိက္တြန္း ေျပာဆိုေနပါတယ္။ တဖက္မွာ ဒီလူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာခံု႐ုံးအထိ စစ္ေဆးအေရးယူဖို႔ တိုက္တြန္းမႈေတြလည္း ရိွေနတာပါ။ ျမန္မာအစိုးရကေတာ့ ႏိုင္ငံတကာ လူ႔အခြင့္အေရး အစီရင္ခံစာေတြဟာ တဖက္သတ္ဆန္ၿပီး အခ်က္အလက္မွားေတြကို အေျခခံထားတယ္ လို႔လည္း ေတာက္ေလွ်ာက္ ျငင္းဆိုေနပါတယ္။ ျမန္မာအစိုးရအေနနဲ႔ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံသလိုဘဲ ကုလသမဂၢ လူ႔အခြင့္အေရး စံုစမ္းေရးမွဴးေတြကိုလည္း ျပည္၀င္ခြင့္ မေပးခဲ့ပါဘူး။

-----------------------

(Unicode)

မြန်မာ့လူ့အခွင့်အရေးပြဿနာနိုင်ငံတကာနဲ့ ပူးပေါင်းအဖြေရှာဖို့ တိုက်တွန်း

မြန်မာနိုင်ငံက အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေ တောင်းဆိုလိုလားချက်တွေကို ငြင်းဆန်နေမယ့်အစား ပကတိအခြေအနေမှန်ကို လက်ခံပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။ရခိုင်အရေး ပြည်ပက မျှတခြင်းမရှိတဲ့ တဖက်သတ် အကျပ်ကိုင် ဖိအားပေးမှုတွေကို မြန်မာဘက်က လက်ခံမှာမဟုတ်ဘူးဆိုတဲ့ ကုလညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးရဲ့ ပြောဆိုချက်အပေါ် အခုလို တုံ့ပြန် ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်တွေပါ တက်ရောက်နေတဲ့ ၄၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့ စနေနေ့တုန်းက မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးက မိန့်ခွန်းပြောကြားစဉ် ရခိုင်ပြည်နယ်အရေး ပြည်ပကနေ မျှတခြင်းမရှိတဲ့ အကျပ်ကိုင်မှုတွေကို အရေးယူ တုံ့ပြန်မှာမဟုတ်သလို နိုင်ငံတကာခုံရုံး ICC က အရေးယူဖို့ အားထုတ်မှုနဲ့ ပတ်သက်ပြီးလည်း ICC ဟာ မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ဝန်ကြီးက ပြောဆိုသွားခဲ့တာပါ။

ဒီအပေါ်မှာတော့ ပြည်သူက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရလက်ထက် မြန်မာပြည်တွင်းက စိုးရိမ်စရာ အခြေအနေမှာ ရှိနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လုပ်ရပ်တွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်ချက် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှုတွေအပေါ်ပကတိ အခြေအနေမှန်ကို လက်ခံပြီး အကောင်းဆုံး အဖြေရှာဖို့ ကုလအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သင့်နေပါပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ အကြံပြုကြပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က ဒီမိုကရေစီအစိုးရတရပ် အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ဖို့ အချိန်တန်နေပါပြီလို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။

“မနေ့တုန်းက ဦးကျော်တင့်ဆွေ အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး ပြောကြားတဲ့အခါမှာ ကျနော်တို့က စောင့်ကြည့်တာရှိတယ်။ ဒါပေမယ့် ပြောကြားတဲ့ပုံစံ တော်တော်များများက အရင်တုန်းက အစိုးရအတိုင်းပဲ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်တာမဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အရေးယူမှုတွေကို လက်မခံဘူး၊ ဒါနဲ့ပတ်သက်ပြီး အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတဲ့ အသံမျိုးဖြစ်တာ နည်းနည်းလေးတော့ ကျနော်တို့ စိတ်မကောင်းဖြစ်စရာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စကို နိုင်ငံတကာက ဥပဒေအရ ဖော်ဆောင်ပေးဖို့၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဆိုတဲ့ဟာက တောင်းဆိုနေတာလည်း ကြာပါပြီ။

“နောက်တခါ နိုင်ငံတကာက ထောက်ပြတဲ့ အချက်တွေက ပြည်တွင်းမှာရှိနေတဲ့ တရားရေးစီရင်မှု လုပ်ထုံးလုပ်နည်းတွေ၊ ပြည်တွင်းမှာရှိနေတဲ့ တရားဥပဒေက တကယ်တမ်း ချိုးဖောက်ခံရတဲ့သူတွေကို တိတိကျကျ မကာကွယ်ပေးနိုင်တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လက်ကမ်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို လုံးဝငြင်းဆိုတဲ့ သဘောမျိုး အသိအမှတ်ပြုဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတကာက ပြောနေတဲ့ နိုင်ငံတကာ ရာဇဝတ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက်မှာ မြန်မာနိုင်ငံက ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက်ကြောင့်မို့ ဒီဟာကို တင်လို့မရဘူးဆိုတဲ့ သဘောမျိုး ပြောသွားတာ တကယ့် ပကတိအမြင်အတိုင်း မြင်ဖို့တော့ လိုအပ်ပါတယ်။”

ဒါ့အပြင် ကုလညီလာခံအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးကပဲ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ တဖက်သတ် ဖိအားပေးမှုတွေကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းသာ လုပ်ဆောင်သွားမှာဖြစ်တယ်၊ ဒါပေမယ့် ဒီလုပ်ရပ်ကို ဟန့်တားဖို့နဲ့ ဒုက္ခရောက်နေသူတွေကို အမြတ်ထုတ်ဖို့အတွက် ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေ ရှိနေတယ်လို့လည်း ပြောဆိုသွားတာပါ။

ဒီပြောဆိုချက်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံခဲ့ရသူတွေအတွက် သူတို့နေရပ်ရင်းပြန်လာချိန် လုံခြုံရေးအာမခံချက်ပေးဖို့ အပါအဝင် ဆုံးရှုံးခဲ့ရတဲ့ နစ်နာမှုတွေအတွက် တရားဥပဒေနည်းလမ်းအရ မျှမျှတတ ရှိဖို့ကိုသာ ဒုက္ခသည်တွေကိုယ်စား ကုလနဲ့ နိုင်ငံတကာက တောင်းဆိုတာဖြစ်တယ်၊ ဒါဟာ ဖိအားပေးတာ၊ တဖက်သတ် အကျပ်ကိုင်တာ မဟုတ်ဘူးဆိုတာ နားလည်ဖို့လိုတယ်လို့လည်း ထောက်ပြပါတယ်။

“ဒါမျိုးက ဖိအားပေးတာလည်း မဟုတ်ဘူးခင်ဗျ။ မြန်မာနိုင်ငံအစိုးရကို နိုင်ငံတကာကနေ လုပ်သင့်တဲ့အချက်တွေ အစောကြီးကတည်းက ကမ်းလှမ်းထားပါတယ်။ ကိုဖီအာနန်တို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကအစ နောက်ပိုင်းမှာ တဖြည်းဖြည်း ပူးပေါင်းဆောင်ရွက်ဖို့ အတွက် လမ်းကြောင်းတွေ ကမ်းလှမ်းထားတယ်။ ဒါပေမယ့် လက်ရှိအစိုးရဘက်က ဒါကို ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်မယ့်နည်းလမ်း ရှာမယ့်အစား ပူးပေါင်းဆောင်ရွက်မှု မရှိသော နည်းလမ်းကို သုံးလာတယ်။

“သုံးလာတဲ့ကိစ္စမျိုး၊ ဥပမာ စုံစမ်းစစ်ဆေးရေးအရာရှိ ခွင့်မပြုတာတွေ၊ နိုင်ငံတကာရဲ့ ပြောဆိုချက်ကို လုံးဝလက်မခံဘူးလို့ ဒါတွေကို သူတို့ရဲ့ ပေါ်လစီအရ ထုတ်ပြန်တာတွေ ကြည့်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှုထက် စာလို့ရှိရင် ငါလုပ်ဆောင်မယ်၊ ငါ့တိုင်းပြည် ငါလုပ်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါမျိုးဖြစ်လို့ရှိရင်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအဖြစ် စုံစမ်းစစ်ဆေးမှုအပြင် ဥပဒေအရ အရေးယူတဲ့ လမ်းကြောင်းကို သူတို့ရှာကြမှာ ဖြစ်ပါတယ်။”

မြန်မာ့အရေး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် သက်သေအထောက်အထား အချက်အလက်တွေ၊ သတင်းမှတ်တမ်းတွေပေါ် အခြေခံပြီး စနစ်တကျ ထောက်ပြနေကြတာ တောင်းဆိုနေကြတာဖြစ်လို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ အပြုသဘော ပူးပေါင်းဖြေရှင်းသင့်တယ်လို့ ကနေဒါနိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ဦးညွန့်လှကလည်း အကြံပြုပါတယ်။

“နိုင်ငံတကာမြင်တဲ့ အမြင်ဆိုတဲ့နေရာမှာ နိုင်ငံတကာက သူတို့ပြောတဲ့ ဆိုတဲ့ ကိစ္စတွေအားလုံးမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတယ်။ ဒါကို အခုလက်ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ သမ္မတရုံးတာဝန်ခံ ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် သူတို့တွေက မျက်စိပိတ်ပြီး ငြင်းနေရုံနဲ့ ပြဿနာက အဖြေမထွက်ဘူးဆိုတာကို သူတို့သိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ အခု လုပ်ရင်းလုပ်ရင်းနဲ့ နိုင်ငံတကာရဲ့ သူတို့ရဲ့ ငြင်းဆိုချက်တွေအပေါ်မှာ ပိုပြီးတော့ အမြင်မကြည်ဖြစ်ပြီးတော့ တရစ်ပြီးတရစ် တရစ်ပြီးတရစ်သာ ပိုတိုးတဲ့ ဝေဖန်သုံးသပ်မှုတွေ မြန်မာနိုင်ငံအပေါ်မှာ ဖြစ်နေတာ နိုင်ငံအတွက် သိက္ခာကျတယ်။ နောက်တချက် အဆိုးဆုံးက အစိုးရအနေနဲ့က မြေပြင်ရဲ့ အခြေအနေနဲ့ ဖြစ်ရပ်အမှန်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့်သာလျှင် မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။”

ကုလနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့သုံးနှုန်းတဲ့ ဒုက္ခသည်တွေအရေး အစိုးရအနေနဲ့ နိုင်ငံရေးစိတ်ဆန္ဒရှိရှိနဲ့ လုပ်ဆောင်ဖို့ ဒေသတွင်း အာဆီယံနိုင်ငံတချို့နဲ့ ကုလဘက်က ဒီညီလာခံမှာ တိုက်တွန်း ပြောဆိုနေပါတယ်။ တဖက်မှာ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာခုံရုံးအထိ စစ်ဆေးအရေးယူဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။ မြန်မာအစိုးရကတော့ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာတွေဟာ တဖက်သတ်ဆန်ပြီး အချက်အလက်မှားတွေကို အခြေခံထားတယ် လို့လည်း တောက်လျှောက် ငြင်းဆိုနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလိုဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူးတွေကိုလည်း ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။

မဆုမြန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ့လူ႔အခြင့္အေရးျပႆနာ ႏုိင္ငံတကာနဲ႔ ပူးေပါင္းအေျဖရွာဖို႔ တိုက္တြန္း ျမန္မာ့လူ႔အခြင့္အေရးျပႆနာ ႏုိင္ငံတကာနဲ႔ ပူးေပါင္းအေျဖရွာဖို႔ တိုက္တြန္း Reviewed by THITHTOOLWIN on 01:06 Rating: 5
Powered by Blogger.