လူကုန္ကူးမႈ နဲ႔ ပတ္သက္ၿပီး ျမန္မာတခ်ိဳ႕ မေလး႐ွားရဲ အဖမ္းဆီး


ျမန္မာ၊ ထုိင္းနဲ႔ မေလးရွားႏုိင္ငံေတြအၾကား ခ်ိတ္ဆက္ လွဳပ္ရွားေနတဲ့ လူေမွာင္ခို ဂိုဏ္းတစ္ဂုိဏ္းကို မေလးရွားရဲတပ္ဖြဲ႕က ၿဖိဳခြင္းခဲ့ရာမွာ မေလးရွား လူမ်ိဳးဂိုဏ္း ေခါင္းေဆာင္ အပါအ၀င္ လူ ၇၇ ဦးကို ဖမ္းဆီး ရမိခဲ့ပါတယ္။

မေလးရွား ျပည္ေထာင္စုရဲတပ္ဖြဲ႕ Bukit Aman ရဲ႕ အထူးတပ္ဖြဲ႔က စက္တင္ဘာ ၂၂ ရက္ေနက ၂၅ ရက္ေန႔အထိ စစ္ဆင္ေရးေတြ ျပဳလုပ္ခဲ့ျပီးေနာက္ အခုလို ဖမ္းဆီး ရမိခဲ့တာပါ။ ၄ ရက္အတြင္း Klang Valley, Pahang၊ ပီနန္နဲ႔ Kelatan ျပည္နယ္က ေနရာေပါင္း ၁၂ ေနရာကို ၀င္ေရာက္စီးနင္းျပီး ဖမ္းဆီးခဲ့ရာမွာ ေဒသခံ မေလးေတြနဲ႔ ျမန္မာလူမ်ိဳးေတြကို ဖမ္းဆီးရမိခဲ့တာျဖစ္ေၾကာင္း Bukit Aman အထူးတပ္ဖြဲ႔က ဒုတိ ညႊန္ၾကားေရးမွဴးတစ္ဦးျဖစ္သူ Datuk Cheong Koon Kock က ေျပာပါတယ္။

စစ္ဆင္ေရးအတြင္း ျမန္မာႏုိင္ငံသား ၆၆ ေယာက္ကို ဖမ္းဆီး ထိန္းသိမ္းခဲ့ေၾကာင္း၊ ဂိုဏ္း ေခါင္းေဆာင္နဲ႔ ျမန္မာ ၅ ဦး ပါ၀င္တဲ့ ဂုိဏ္းရဲ႕ တစ္ျခားအဖြဲ႕၀င္ေတြနဲအတူ လူေတြကို သယ္ယူပို႔ေဆာင္ေပးသူနဲ႕ ေအးဂ်င့္ေတြအျဖစ္ ေဆာင္ရြက္ေနတဲ့ မေလး ၅ ေယာက္ကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္းလည္း သူက ေျပာပါတယ္။

ျမန္မာႏုိင္ငံသား အားလုံးဟာ မေလးရွားႏုိင္ငံအတြင္း တရားမ၀င္ ေမွာင္ခိုေခၚသြင္းခံလာရသူေတြ ျဖစ္တယ္လို႔ ယုံၾကည္ရျပီး သူတို႔တစ္ေတြ ကို Klang Valley, Pahang၊ ပီနန္နဲ႔ Kelatan ျပည္နယ္ေတြကို ပို႔ေဆာင္ခဲ့တာျဖစ္ေၾကာင္းလည္း အထူးတပ္ဖြဲ႔ ဒုတိယ ညႊန္ၾကားေရးမွဴးက Datuk Cheong Koon Kock က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

..........................

{Unicode}

လူကုန်ကူးမှု နဲ့ ပတ်သက်ပြီး မြန်မာတချို့ မလေးရှားရဲ အဖမ်းဆီး

မြန်မာ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေအကြား ချိတ်ဆက် လှုပ်ရှားနေတဲ့ လူမှောင်ခို ဂိုဏ်းတစ်ဂိုဏ်းကို မလေးရှားရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ရာမှာ မလေးရှား လူမျိုးဂိုဏ်း ခေါင်းဆောင် အပါအဝင် လူ ၇၇ ဦးကို ဖမ်းဆီး ရမိခဲ့ပါတယ်။

မလေးရှား ပြည်ထောင်စုရဲတပ်ဖွဲ့ Bukit Aman ရဲ့ အထူးတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက်နေက ၂၅ ရက်နေ့အထိ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို ဖမ်းဆီး ရမိခဲ့တာပါ။ ၄ ရက်အတွင်း Klang Valley, Pahang၊ ပီနန်နဲ့ Kelatan ပြည်နယ်က နေရာပေါင်း ၁၂ နေရာကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ရာမှာ ဒေသခံ မလေးတွေနဲ့ မြန်မာလူမျိုးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း Bukit Aman အထူးတပ်ဖွဲ့က ဒုတိ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Datuk Cheong Koon Kock က ပြောပါတယ်။

စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံသား ၆၆ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း၊ ဂိုဏ်း ခေါင်းဆောင်နဲ့ မြန်မာ ၅ ဦး ပါဝင်တဲ့ ဂိုဏ်းရဲ့ တစ်ခြားအဖွဲ့ဝင်တွေနဲအတူ လူတွေကို သယ်ယူပို့ဆောင်ပေးသူနဲ့ အေးဂျင့်တွေအဖြစ် ဆောင်ရွက်နေတဲ့ မလေး ၅ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံသား အားလုံးဟာ မလေးရှားနိုင်ငံအတွင်း တရားမဝင် မှောင်ခိုခေါ်သွင်းခံလာရသူတွေ ဖြစ်တယ်လို့ ယုံကြည်ရပြီး သူတို့တစ်တွေ ကို Klang Valley, Pahang၊ ပီနန်နဲ့ Kelatan ပြည်နယ်တွေကို ပို့ဆောင်ခဲ့တာဖြစ်ကြောင်းလည်း အထူးတပ်ဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးက Datuk Cheong Koon Kock က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
လူကုန္ကူးမႈ နဲ႔ ပတ္သက္ၿပီး ျမန္မာတခ်ိဳ႕ မေလး႐ွားရဲ အဖမ္းဆီး လူကုန္ကူးမႈ နဲ႔ ပတ္သက္ၿပီး ျမန္မာတခ်ိဳ႕ မေလး႐ွားရဲ အဖမ္းဆီး Reviewed by THITHTOOLWIN on 03:47 Rating: 5
Powered by Blogger.