တာလေတိုးဂိတ်မှာ သိန်း၁၀၀၀ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ တူမီးတစ်လက်သယ်ဆောင်လာသူကို ဖမ်းဆီးရမိ

ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့

တောင်ကြီး၊ စက်တင်ဘာ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့အထွက်တိုးဂိတ်မှာ စက်တင်ဘာလ၁၃ရက်၊ ညပိုင်းအချိန်က သိန်း၁၀၀၀ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့တူ တူမီးတစ်လက်သယ်ဆောင်လာသူကို ဖမ်းဆီးရမိတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

စက်တင်ဘာလ၁၃ရက်၊ ညပိုင်းအချိန်က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အဆိုပါ တိုးဂိတ်အနီးမှာ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာနေ ကျဘိုရှီး (၂၃ နှစ်) စီးနင်းမောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၀ သိန်း)၊ တူမီးသေနတ် ၁လက်၊ လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီးတာလေနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေနဲ့အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေကိုဖော်ထုတ်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

အလားတူယင်းနေ့ ညပိုင်းအချိန်က နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး သွားကားလမ်းပေါ်မှာ ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်ကိုမောင်းနှင်လာတဲ့မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈၇ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၃.၇၄ သိန်း)နဲ့ မြန်မာငွေ ၁ သိန်းကျပ်တို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာလေတိုးဂိတ်မှာ သိန်း၁၀၀၀ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ တူမီးတစ်လက်သယ်ဆောင်လာသူကို ဖမ်းဆီးရမိ တာလေတိုးဂိတ်မှာ သိန်း၁၀၀၀ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ တူမီးတစ်လက်သယ်ဆောင်လာသူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 00:25 Rating: 5
Powered by Blogger.