ျမ၀တီမွာ တ႐ုတ္ေစ်းဆိုင္ေတြ တုိးပြား

ျမဝတီၿမိဳ႕ရွိ တ႐ုတ္စာတန္းပါ ဆုိင္းဘုတ္မ်ား ျဖဳတ္သိမ္းေနစဥ္။ ဓာတ္ပုံ-မုိးသူ(ျမဝတီ) စက္တင္ဘာ ၂၁၊ ၂၀၁၉
ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕ကို တ႐ုတ္ႏုိင္ငံသား အမ်ားအျပား ၀င္ေရာက္ေနၾကၿပီး စည္ပင္က ခြင့္ျပဳခ်က္မရွိဘဲ တ႐ုတ္စားေသာက္ဆုိင္ဖြင့္တာ၊ တ႐ုတ္အေရာင္းအ၀ယ္ဆိုင္ေတြ မ်ားလာၿပီးေနာက္ တရားမဝင္ ေနထုိင္တာေတြ၊ စည္းမဲ့ကမ္းမဲ့ ေနထိုင္တာေတြ မ်ားျပားလာတာေၾကာင့္ ေဒသခံေတြ မေက်မနပ္ျဖစ္ရာကေန တ႐ုတ္စာတန္းပါ ဆိုင္းဘုတ္ေတြကုိ စည္ပင္သာယာေရးေကာ္မတီကေန လူထုနဲ႔ပူးေပါင္းၿပီး စက္တင္ဘာ ၂၀ ရက္ကစလို႔ လုိက္ျဖဳတ္သိမ္းေနပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက တင္ျပထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္က ျမ၀တီခ႐ုိင္ ေရႊကုကၠိရ္လုိ႔ေခၚတဲ့ ကရင္နယ္ျခားေစာင့္ တပ္သားမ်ား ပုိင္ဆိုင္တဲ့ ေနရာေတြမွာေတာ့ တ႐ုတ္လူမ်ိဳးေတြအတြက္ အခန္းေတြ၊ အိမ္ရာစီမံကိန္းေတြ ေဆာက္လုပ္ဖြင့္လွစ္ထားၿပီး ခ်ဳိင္းနားေတာင္း တ႐ုတ္တန္းအျဖစ္ စတင္လုပ္ေဆာင္ေနတာပါ။ အဲဒီေနရာကေန တဆင့္ ျမ၀တီၿမိဳ႕ထဲမွာလည္း ကမၻာလွည့္ခရီးသြား တ႐ုတ္လူမ်ဳိးမ်ားနဲ႔ ႏိုင္ငံျခားသားမ်ား ၀င္ေရာက္လာမႈေတြ မ်ားလာၿပီး စားေသာက္ဆိုင္ေတြလည္း ခြင့္ျပဳခ်က္မရဘဲ ဖြင့္တာေတြ လုပ္လာတာေၾကာင့္ စည္ပင္သာယာေရးေကာ္မတီက ဦးေဆာင္ၿပီး တ႐ုတ္စာတန္းပါ ဆုိင္းဘုတ္ေတြကို ျဖဳတ္ခ်တာေတြ လုပ္လာရတယ္လို႔ ျမ၀တီခ႐ုိင္ ဥကၠ႒ ဦးေတဇာေအာင္က ေျပာပါတယ္။

“ေစ်းဆိုင္ကေတာ့ သူေၾကာ္ျငာၿပီး ေရာင္းတာေပါ့။ ေရာင္းတဲ့အခါ ေၾကာ္ျငာေတြ လိုက္ကပ္ေတာ့ ေၾကာ္ျငာက ခြင့္ျပဳခ်က္မရွိရင္ ကပ္လို႔မရဘူးခင္ဗ်။ စည္ပင္သာယာ ေကာ္မတီရွိတယ္၊ စည္ပင္သာယာ အေထာက္ကူျပဳအဖြဲ႔ရွိတယ္၊ လုပ္ပိုင္ခြင့္က သူတုိ႔ကုိ အပ္ႏွင္းထားေပါ့။”

ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီၿမိဳ႕မွာေတာ့ ႏုိင္ငံျခားသား ကမၻာလွည့္ခရီးသြားေတြ ၀င္ေရာက္လာမႈေတြ မ်ားလာတယ္လို႔ ခ႐ုိင္ဥကၠ႒က ဆုိပါတယ္။

“အရင္ထက္စာရင္ ခရီးသြားေတာ့ မ်ားလာတယ္။ ခရီးသြားလုပ္ငန္းဘဏ္ေတြ၊ ဟိုတယ္ေတြ မ်ားမ်ားဖြင့္ႏိုင္ေအာင္ ခြင့္ျပဳခ်က္ေပးႏုိင္ေအာင္ ေဆာင္ရြက္ထားၿပီး ျဖစ္ပါတယ္။ ႏုိင္ငံျခားသားကေတာ့ ဟုိတယ္မွာပဲ တည္းခိုလို႔ရပါမယ္။ က်န္တဲ့ေနရာမွာေတာ့ တည္းလို႔မရဘူး။”

အခုေလာေလာဆယ္မွာေတာ့ တ႐ုတ္ႏုိင္ငံသားမ်ား ေနထိုင္ေနတဲ့ တ႐ုတ္တန္းအိမ္ရာေတြကေတာ့ ဆက္လက္ေဆာက္ေနတာေတြရွိၿပီး ျမ၀တီၿမိဳ႕ထဲမွာလည္း တ႐ုတ္ေတြက စည္းကမ္းမဲ့ မစင္စြန္႔တာ၊ အေပါ့သြားတာေတြ၊ ရမ္းကားတာေတြ ျဖစ္တာေၾကာင့္ ၿမိဳ႕ခံေတြနဲ႔ ျပႆနာေတြ ျဖစ္ေနရတာပါ။ ဒီအတြက္ အေရးယူမႈေတြကေတာ့ ရွိေနတယ္လို႔ ဆုိပါတယ္။

“ႏုိင္ငံျခားသားနဲ႔ပတ္သက္လို႔ စည္းကမ္းေဖာက္ဖ်က္မႈ ရွိပါတယ္။ တ႐ုတ္ရယ္လုိ႔ တားဂက္ (target) မရိွပါဘူး။ ႏိုင္ငံျခားသားနဲ႔ပတ္သက္ရင္ ရင္းႏွီးျမႇဳပ္ႏွံမႈကုိလည္း ဖိတ္ေခၚတယ္။ တိုးရစ္ေတြကုိလည္း ဖိတ္ေခၚတယ္။ ႏုိင္ငံျခားသားနဲ႔ ပတ္သက္ရင္ တ႐ုတ္မွမဟုတ္ဘူး၊ စည္းကမ္းေဖာက္ဖ်က္ရင္ ဘယ္ႏို္င္ငံသားျဖစ္ျဖစ္ အေရးယူမွာျဖစ္ပါတယ္။”

စက္တင္ဘာလ ၁၅ ရက္ေန႔တုန္းကေတာ့ ၿမိဳ႕ခံေတြပါ၀င္တဲ့ ေကာ္မတီတခု ဖဲြ႔စည္းၿပီး ႏိုင္ငံျခားသား ၀င္ေရာက္မႈေတြကုိ စိစစ္ေပးဖို႔ တ႐ုတ္စာတန္းပါ ဆုိင္းဘုတ္ေတြ ျဖဳတ္ခ်ေပးဖို႔ ေတာင္းဆိုခဲ့ၿပီး ဆႏၵေဖာ္ထုတ္မႈေတြ လုပ္မယ္လုိ႔ ေျပာဆုိထားပါတယ္။ ဒီေနာက္မွာေတာ့ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီရဲ႕ ဦးေဆာင္မႈနဲ႔ တရားမ၀င္ တ႐ုတ္ေၾကာ္ျငာဆုိင္းဘုတ္ေတြကုိ လိုက္လံျဖဳတ္ခ်ခဲ့ၾကတာ ျဖစ္ပါတယ္။

-----------------------------

(Unicode)

မြဝတီမှာ တရုတ်ဈေးဆိုင်တွေ တိုးပွား

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ကို တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်နေကြပြီး စည်ပင်က ခွင့်ပြုချက်မရှိဘဲ တရုတ်စားသောက်ဆိုင်ဖွင့်တာ၊ တရုတ်အရောင်းအဝယ်ဆိုင်တွေ များလာပြီးနောက် တရားမဝင် နေထိုင်တာတွေ၊စည်းမဲ့ကမ်းမဲ့ နေထိုင်တာတွေ များပြားလာတာကြောင့် ဒေသခံတွေ မကျေမနပ်ဖြစ်ရာကနေ တရုတ်စာတန်းပါ ဆိုင်းဘုတ်တွေကို စည်ပင်သာယာရေးကော်မတီကနေ လူထုနဲ့ပူးပေါင်းပြီး စက်တင်ဘာ ၂၀ ရက်ကစလို့ လိုက်ဖြုတ်သိမ်းနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မြဝတီခရိုင် ရွှေကုက္ကိရ်လို့ခေါ်တဲ့ ကရင်နယ်ခြားစောင့် တပ်သားများ ပိုင်ဆိုင်တဲ့ နေရာတွေမှာတော့ တရုတ်လူမျိုးတွေအတွက် အခန်းတွေ၊ အိမ်ရာစီမံကိန်းတွေ ဆောက်လုပ်ဖွင့်လှစ်ထားပြီး ချိုင်းနားတောင်း တရုတ်တန်းအဖြစ် စတင်လုပ်ဆောင်နေတာပါ။ အဲဒီနေရာကနေ တဆင့် မြဝတီမြို့ထဲမှာလည်း ကမ္ဘာလှည့်ခရီးသွား တရုတ်လူမျိုးများနဲ့ နိုင်ငံခြားသားများ ဝင်ရောက်လာမှုတွေ များလာပြီး စားသောက်ဆိုင်တွေလည်း ခွင့်ပြုချက်မရဘဲ ဖွင့်တာတွေ လုပ်လာတာကြောင့် စည်ပင်သာယာရေးကော်မတီက ဦးဆောင်ပြီး တရုတ်စာတန်းပါ ဆိုင်းဘုတ်တွေကို ဖြုတ်ချတာတွေ လုပ်လာရတယ်လို့ မြဝတီခရိုင် ဥက္ကဋ္ဌ ဦးတေဇာအောင်က ပြောပါတယ်။

“ဈေးဆိုင်ကတော့ သူကြော်ငြာပြီး ရောင်းတာပေါ့။ ရောင်းတဲ့အခါ ကြော်ငြာတွေ လိုက်ကပ်တော့ ကြော်ငြာက ခွင့်ပြုချက်မရှိရင် ကပ်လို့မရဘူးခင်ဗျ။ စည်ပင်သာယာ ကော်မတီရှိတယ်၊ စည်ပင်သာယာ အထောက်ကူပြုအဖွဲ့ရှိတယ်၊ လုပ်ပိုင်ခွင့်က သူတို့ကို အပ်နှင်းထားပေါ့။”

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာတော့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်လာမှုတွေ များလာတယ်လို့ ခရိုင်ဥက္ကဋ္ဌက ဆိုပါတယ်။

“အရင်ထက်စာရင် ခရီးသွားတော့ များလာတယ်။ ခရီးသွားလုပ်ငန်းဘဏ်တွေ၊ ဟိုတယ်တွေ များများဖွင့်နိုင်အောင် ခွင့်ပြုချက်ပေးနိုင်အောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ နိုင်ငံခြားသားကတော့ ဟိုတယ်မှာပဲ တည်းခိုလို့ရပါမယ်။ ကျန်တဲ့နေရာမှာတော့ တည်းလို့မရဘူး။”

အခုလောလောဆယ်မှာတော့ တရုတ်နိုင်ငံသားများ နေထိုင်နေတဲ့ တရုတ်တန်းအိမ်ရာတွေကတော့ ဆက်လက်ဆောက်နေတာတွေရှိပြီး မြဝတီမြို့ထဲမှာလည်း တရုတ်တွေက စည်းကမ်းမဲ့ မစင်စွန့်တာ၊ အပေါ့သွားတာတွေ၊ ရမ်းကားတာတွေ ဖြစ်တာကြောင့် မြို့ခံတွေနဲ့ ပြဿနာတွေ ဖြစ်နေရတာပါ။ ဒီအတွက် အရေးယူမှုတွေကတော့ ရှိနေတယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားသားနဲ့ပတ်သက်လို့ စည်းကမ်းဖောက်ဖျက်မှု ရှိပါတယ်။ တရုတ်ရယ်လို့ တားဂက် (target) မရှိပါဘူး။ နိုင်ငံခြားသားနဲ့ပတ်သက်ရင် ရင်းနှီးမြှုပ်နှံမှုကိုလည်း ဖိတ်ခေါ်တယ်။ တိုးရစ်တွေကိုလည်း ဖိတ်ခေါ်တယ်။ နိုင်ငံခြားသားနဲ့ ပတ်သက်ရင် တရုတ်မှမဟုတ်ဘူး၊ စည်းကမ်းဖောက်ဖျက်ရင် ဘယ်နိုင်ငံသားဖြစ်ဖြစ် အရေးယူမှာဖြစ်ပါတယ်။”

စက်တင်ဘာလ ၁၅ ရက်နေ့တုန်းကတော့ မြို့ခံတွေပါဝင်တဲ့ ကော်မတီတခု ဖွဲ့စည်းပြီး နိုင်ငံခြားသား ဝင်ရောက်မှုတွေကို စိစစ်ပေးဖို့ တရုတ်စာတန်းပါ ဆိုင်းဘုတ်တွေ ဖြုတ်ချပေးဖို့ တောင်းဆိုခဲ့ပြီး ဆန္ဒဖော်ထုတ်မှုတွေ လုပ်မယ်လို့ ပြောဆိုထားပါတယ်။ ဒီနောက်မှာတော့ မြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ တရားမဝင် တရုတ်ကြော်ငြာဆိုင်းဘုတ်တွေကို လိုက်လံဖြုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။

မေအးေအးမာ/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမ၀တီမွာ တ႐ုတ္ေစ်းဆိုင္ေတြ တုိးပြား ျမ၀တီမွာ တ႐ုတ္ေစ်းဆိုင္ေတြ တုိးပြား Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.