မွန်ရေဘေးကူညီရေးပစ္စည်း သယ်လာတဲ့ကား ဆင်ရိုင်းကြောင့် တိမ်းမှောက်

Photo: The Kanchanaburi rescue foundation
 မွန်ပြည်နယ် ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းမယ့်ပစ္စည်းတွေကို ဘန်ကောက်မြို့ကနေ သယ်လာတဲ့ကားတစ်စီးဟာ၊ မြန်မာနဲ့နယ်စပ်၊ ထိုင်းနိုင်ငံ သောန်းဖာပွန်းခရိုင်ထဲမှာ တောဆင်ရိုင်း တစ်ကောင်ကြောင့်တိမ်းမှောက်ပြီး၊ ကားမောင်းလာတဲ့ မြန်မာနိုင်ငံသား ဒဏ်ရာရသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့ညက ဖော်ပြထားပါတယ်။

တိမ်းမှောက်တဲ့ကားဟာ ဘန်ကောက်လိုင်စင်နံပါတ်နဲ့ Toyota Fortuner အမျိုးအစားဖြစ်ပြီး၊ ညသန်းခေါင်ကျော်လောက်မှာ ထာခနွန်နယ် အွန်သီတံတားနားအရောက်၊ ရုတ်တရက် လမ်းဖြတ် ကူးလိုက်တဲ့ တောဆင်ရိုင်းကို ရှောင်လိုက်ရာကနေ၊ တံတားဘောင်နဲ့တိုက်ပြီး တိမ်းမှောက်တာလို့ ဒေသခံရဲအရာရှိက ပြောပါတယ်။ ဆင်ရိုင်းကတော့ တောထဲဝင်ပြေးသွားပြီး ဒဏ်ရာရမှာမဟုတ်ဘူးလို့ ယူဆထားပါတယ်။ အဲဒီအချိန်မှာ မိုးကလည်း သည်းနေတယ်လို့ဆိုပါတယ်။

ဒဏ်ရာရသွားတဲ့သူက အသက် ၄၇ နှစ်အရွယ် ကိုရီတန်းဆိုသူဖြစ်ပြီး၊ သူ့ကို အဲဒီခရိုင်ဆေးရုံမှာ ကုသပေးနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မွန်ရေဘေးကူညီရေးပစ္စည်း သယ်လာတဲ့ကား ဆင်ရိုင်းကြောင့် တိမ်းမှောက် မွန်ရေဘေးကူညီရေးပစ္စည်း သယ်လာတဲ့ကား ဆင်ရိုင်းကြောင့် တိမ်းမှောက် Reviewed by THITHTOOLWIN on 15:15 Rating: 5
Powered by Blogger.