စရဖ တပ်ကြပ် သတ်ဖြတ်ခံရမှု စက်တင်ဘာ ၂၃ အမိန့်ချမည်

(ကိုရဲဇော် ခေါ် ကိုရဲကျာ်သူ ကို ၂၀၁၉ ဇူလိုင် ၁၅ ရက်နေ့က စစ်တွေတရားရုံးကို ရုံးထုတ်လာစဉ်)
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက် (ခေါ်) ကိုဖိုးလုံး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးထားတဲ့ ရခိုင်လူငယ် ကိုရဲဇော် ခေါ် ကိုရဲကျာ်သူကို လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ အမိန့်ချမယ်လို့ တရားစွဲခံထားရသူဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးမှာ ကိုရဲကျော်သူက လျှောက်လဲချက်ပေးပြီးဖြစ်တာကြောင့် လာမယ့် ရုံးချိန်းမှာ အမိန့်ချမှာဖြစ်ပါတယ်။ ကိုရဲဇော်(ခေါ်) ကိုရဲကျော်သူကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တာပါ။

ကိုဖိုးလုံးသေဆုံးမှုနဲ့ ပတ်သက်ပြီး ကိုရဲဇော်(ခေါ်) ကိုရဲကျော်သူအပါအ၀င် ရခိုင်လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ၃ ဦးကို သက်သေခိုင်လုံမှုမရှိတာကြောင့် စစ်တွေမြို့နယ် တရားရုံးက ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာပါ။

စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ကိုဖိုးလုံးဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ညက စစ်တွေမြို့လယ်မှာရှိတဲ့ ဝင်္ကဘာကွင်းက ပွဲဈေးတန်းမှာ မိသားစုနဲ့ လည်ပတ်နေစဉ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
စရဖ တပ်ကြပ် သတ်ဖြတ်ခံရမှု စက်တင်ဘာ ၂၃ အမိန့်ချမည် စရဖ တပ်ကြပ် သတ်ဖြတ်ခံရမှု စက်တင်ဘာ ၂၃ အမိန့်ချမည် Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.