မုံရွာ မှ အိန္ဒိယ အထိ နင်းမည့် ​​တစ်​ကိုယ်​​တော်​ စက်​ဘီးသမားခရီးစဉ်​ စတင်


မုံရွာ၊စက်​တင်​ဘာ-၃၀

မုံရွာမှ စတင်​၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ အထိ စီးနင်းမည့်​ တစ်​ကိုယ်​​တော်​စက်​ဘီး သမား၏ ခရီးစဉ်​မှာ ယ​နေ့ စတင်​ပြီဖြစ်​သည်​။

ယင်းခရီးစဉ်​မှာ အသွား အပြန်​ မိုင်​ ၂၄၀၀ ​ကျော်​ ရှိသည်​။

"စက်ဘီးကို၂ နှစ်လောက်ကစပြီး တစိုက်မတ်မတ်စီးလာတာပါ၊ကြုံတဲ့နေရာ ရောက်တဲ့နေရာ တဲထိုးအိပ်မှာပါ၊မိုးကာတဲပါတယ်၊စက်ဘီးအတွက်အပိုပစ္စည်းတွေလည်းပါပါတယ် "ဟု တစ်ကိုယ်​​တော်​ စက်​ဘီးသမား ကိုညီလှိုင် ကပြောသည်။

လူငယ်များအားကျပြီး တိုင်းတစ်ပါးကိုစွန့်စားသွားလာလိုသည့်အားကစားစိတ်ဓါတ်များကိန်းအောင်းလာစေရန်တစ်ကိုယ်တော်စက်ဘီးစီးရခြင်းဖြစ်​သည်​ ဟု ၎င်း၏ ရည်​ရွယ်​ချက်​ အားရှင်းပြသည်​။

၎င်း ခရီးစဉ်​ကို တစ်​လခွဲခန့်​ကြာမည်​ဟု ရည်​မှန်းထားပြီးမုံရွာ-ယာကြီးလမ်းအတိုင်းတမူး-မိုးရေး-အင်ဖာ လမ်း​ကြောင်းအတိုင်း သွားမည်​ဖြစ်​သည်​။

စက်တင်ဘာလ(၃၀)ရက်နံနက်ပိုင်းကတစ်ကိုယ်တော်စက်ဘီးခရီးထွက်သွားသော
ကိုညီလှိုင်ကို မုံရွာစက်ဘီးစီးအဖွဲ့ဝင်များကစက်ဘီးများစီး၍မုံရွာ-ယာကြီးလမ်းပုသိမ်-မုံရွာလမ်းဆိုင်းဘုတ်ထိလိုက်ပို့နှုတ်ဆက်အားပေးခဲ့ကြသည်။

မျိုးဝင်းထွန်း
Monywa Gazette
https://www.facebook.com/monywagazette
မုံရွာ မှ အိန္ဒိယ အထိ နင်းမည့် ​​တစ်​ကိုယ်​​တော်​ စက်​ဘီးသမားခရီးစဉ်​ စတင် မုံရွာ မှ အိန္ဒိယ အထိ နင်းမည့် ​​တစ်​ကိုယ်​​တော်​ စက်​ဘီးသမားခရီးစဉ်​ စတင် Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.