သမ္မတရုံးလုံခြုံရေးသတိပေးချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ တုံ့ပြန်


တာချီလိတ်၊ စက်တင်ဘာ ၂၈

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံနေတဲ့ မြို့ကြီး (၃)မြို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက ဖောက်ခွဲရေး ပြုလုပ်မယ်ဆိုတဲ့ သမ္မတရုံးရဲ့ လုံခြုံရေးသတိပေးစာအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က တုံ့ပြန်လိုက်ပါတယ်။

သမ္မတရုံးရဲ့ လုံခြုံရေး သတိပေးစာထဲမှာ AA၊ KIA၊ CNF နဲ့ KNU အပါအဝင် စိစစ်ဆဲ အဖွဲ့တချို့က နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ စက်တင်ဘာ ၂၆၊ အောက်တိုဘာ ၁၆နဲ့ အောက်တိုဘာ ၂၆ တို့မှာ ဖောက်ခွဲမှုပြုလုပ်မယ်ဆိုတဲ့ သတင်းနဲ့ဆက်စပ်ပြီး လုံခြုံရေးသတိထားဖို့ တခြားအစိုးရဌာနတွေကို သတိပေးထားတာဖြစ်ပါတယ်။

အဲဒီသတိပေးစာထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်းမှာ KIC ဒုတိယဥက္ကဌ (၁)ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ “စာကတော့ အတုမဟုတ်ဘူး….တဲ့။ သတင်းအတုက ဘယ်သူပေးတာပါလိမ့်။ ဒါနောက်စရာမဟုတ်ဘူးနော်” ရေးသားကာ တုံ့ပြန်ခဲ့ပါတယ်။



သမ္မတရုံးရဲ့ လုံခြုံရေးသတိပေးစာထဲမှာ KNU ပါဝင်လာတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်က စက်တင်ဘာလ ၂၇ရက် ညပိုင်းက သတင်းထုတ်ပြန်ချက် ထုတ်ပြန်ကာ တုန့်ပြန်ခဲ့ပါတယ်။

KNU ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ KNUအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်၊ ပျက်စီးစေရန် လုပ်ဆောင်မယ့် မူဝါဒ မရှိကြောင်း၊ KNU လက်အောက်ခံ အဖွဲ့အစည်းတစ်ခု အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်စေမယ့် မည်သည့်လုပ်ရပ်ကိုမျှ လုပ်ဆောင်ရန်မရှိကြောင်း၊ ဖောက်ခွဲမှုများပြုလုပ်ရန်အတွက် KNU၏ မည်သည့်လက်အောက်ခံ တပ်ဖွဲ့ထံကိုမျှ ညွှန်ကြားချက်တစ်စုံတစ်ရာ ညွှန်ကြားခြင်းမျိုး လုံးဝ(လုံးဝ) မရှိကြောင်း ဖော်ပြထားပါတယ်။

သမ္မတရုံး၏ သတိပေးချက်ပေါ်အခြေခံပြီး အမေရိကန်သံရုံးကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်က လုံခြုံရေးသတိပေးချက် ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

သတင်း - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
သမ္မတရုံးလုံခြုံရေးသတိပေးချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ တုံ့ပြန်  သမ္မတရုံးလုံခြုံရေးသတိပေးချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ တုံ့ပြန် Reviewed by THITHTOOLWIN on 00:36 Rating: 5
Powered by Blogger.