ပြင်သစ်နိုင်ငံ၌ ယခုနှစ်နွေရာသီတွင် အပူချိန်ပြင်းထန်မှုကြောင့် သေဆုံးသူ ၁,၅၀၀ ခန့်ရှိ

ပြင်သစ်နိုင်ငံTours မြို့တွင် ဇွန် ၂၇ ရက်က အပူရှပ်သူ အမျိုးသမီးတစ်ဦးအား ဆေးကုသပေးနေစဉ် (ဆင်ဟွာ)
ပါရီ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

ယခုနှစ်နွေရာသီအပူချိန်ပြင်းထန်မှုကြောင့် ပြင်သစ်တစ်နိုင်ငံလုံး၌ သေဆုံးသူ ၁,၅၀၀ ခန့် ရှိကြောင်း ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံ၌ ဇွန် ၂၄ ရက်မှ ဇူလိုင် ၇ ရက်တွင် လည်းကောင်း၊ ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်တွင် လည်းကောင်း အပူလှိုင်းနှစ်ကြိမ် ဖြတ်သန်းခဲ့ကြောင်း ကြေညာချက်အရ သိရသည်။ ပူပြင်းသည့်ရာသီဥတုကြောင့် သေဆုံးသူများတွင်  တစ်ဝက်ကျော်သည် အသက် ၇၅ နှစ် အထက် သက်ကြီးရွယ်အိုများဖြစ်ကြောင်းနှင့် အခြား လူ ၁၀ ဦးမှာ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပူချိန်ကြိုတင်သတိပေးချက်နှင့်အရေးပေါ်စီမံခန့်ခွဲမှုများကို ပြုပြင်ဆောင်ရွက်ထားရာ  ယခုနှစ် ပြင်သစ်နိုင်ငံ၏ အခြေအနေမှာ ၂၀၀၃ ခုနှစ်က ဆိုးဝါးသည့်အပူလှိုင်း ဥရောပတိုက်တစ်ခွင်ကို ဖြတ်သန်းစဉ်ကထက် အခြေအနေကောင်းမွန်ခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ၂၀၀၃ခုနှစ် အပူလှိုင်းကြောင့် ပြင်သစ်တွင် လူပေါင်း ၁၅,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၀၃ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံသည် အပူချိန်မြင့်တက်မှုသတိပေးစနစ်တစ်ခုကို  အသုံးပြုခဲ့ရာ ၄င်းစနစ်မှာ ယခုနှစ်နွေရာသီ အပူလှိုင်းဖြတ်သည့်ကာလနှစ်ခုတွင် ပြည်နယ် ၄ ခုနှင့် ပြည်နယ် ၂၀ ကို အသီးသီး အနီရောင်သတိပေးချက် ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။ ဇွန် ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း Hérault ပြည်နယ်  Vérargues၏ အမြင့်ဆုံးအပူချိန်မှာ ၄၆ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာ ပြင်သစ်နိုင်ငံ၏အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ကြောင်း သိရသည်။

(Xinhua)
www.xinhuamyanmar.com
ပြင်သစ်နိုင်ငံ၌ ယခုနှစ်နွေရာသီတွင် အပူချိန်ပြင်းထန်မှုကြောင့် သေဆုံးသူ ၁,၅၀၀ ခန့်ရှိ ပြင်သစ်နိုင်ငံ၌ ယခုနှစ်နွေရာသီတွင် အပူချိန်ပြင်းထန်မှုကြောင့် သေဆုံးသူ ၁,၅၀၀ ခန့်ရှိ Reviewed by THITHTOOLWIN on 01:12 Rating: 5
Powered by Blogger.