မလှိုင် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပန်းအိုင်အုပ်စု မြစ်ကျင်းကျေးရွာ သိမ်တော်ဦးဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းမှ ရေမော်တာခိုးယူသူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ၍ အရေးယူထားကြောင်း မလှိုင်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၉ စက်တင်ဘာ ၁ဝရက် နံနက် ၈နာရီအချိန်ခန့်က ပန်းအိုင်အုပ်စု မြစ်ကျင်းကျေးရွာ သိမ်တော်ဦး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ ရေမော်တာပျောက်ဆုံးသွားကြောင်း သတင်းအရ သွားရောက်ကြည့်ရှုရာ ကျောင်းဆောင်အနောက်ဘက်ရှိ ရေအုတ်ကန်ထဲသို့ ရေတင်သည့် ရေမော်တာ ပျောက်ဆုံးနေသဖြင့် မြစ်ကျင်းကျေးရွာနေ ဦးတင်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းပြီး မလှိုင်မြို့မရဲစခန်းမှ ဒုရဲအုပ်ဝေဇင်ထွန်း ဦးစီးသောရဲတပ်ဖွဲ့ဝင်များမှ နယ်မြေအတွင်းလိုက်လံစုံစမ်းစဉ် မလှိုင်မြို့ ထနောင်းကျင်းကျေးရွာ နေ ဘိုပိန်(၂၉)နှင့် အဆိုပါကျေးရွာနေ ငထွန်း(၃၀)နှစ်တို့အား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ အဆိုပါ ရေမော်တာအား ခိုးယူပြီး မလှိုင်မြို့ ထန်းတောကျေးရွာအုပ်စု အုတ်ကျင်းကျေးရွာတွင် ရောင်းချထားသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့အား မလှိုင်မြို့မရဲစခန်းက ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မလှိုင်မြို့နယ်၌ ရေမော်တာခိုးယူသူနှစ်ဦးအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
00:20
Rating: