ကွတ်ခိုင်အထွက် ဟိုနောင်ရွာနားမှာ ကုန်တင်ကားဘီးတွေ သေနတ်နဲ့ ပစ်ဖောက်ခံရ


တာချီလိတ်၊ စက်တင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက်နားက ဟိုနောင်ရွာနားမှာ စက်တင်ဘာလ ၃ရက် မနက် ၈နာရီခွဲခန့်က ကုန်တင်ကားဘီးတွေကို သေနတ်တွေနဲ့ ပစ်ဖောက်ခံရတယ်လို့ မျက်မြင်တွေက ရွှေတြိဂံဒေသသတင်းဌာနကို ဆက်သွယ်သတင်းပေးပါတယ်။


TNLA ဝတ်စုံဝတ်ထားတဲ့ လက်နက်ကိုင် အချို့ဟာ ကွတ်ခိုင်မြို့အထွက်က ဟိုနောက်ရွာအနီး တာဝါတိုင်ကုန်းအောက်စောင့်ဆိုင်းနေပြီး ကွတ်ခိုင်ဘက်က မောင်းနှင်လာတဲ့ ကုန်တင်ကားတွေကို ရပ်တန့်ခိုင်းကာ ကားဘီးတွေကို သေနတ်နဲ့ ပစ်ဖောက်ပြီး ကုန်တင်ကားတချို့ထံကနေ ငွေကြေးတောင်းခံသွားတာ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ကားမောင်းသမားတစ်ဦးက ပြောပါတယ်။


“ကျွန်တော်တို့ကားတွေကိုတားတယ်။ လူတွေကို ဆင်းခိုင်းပြီး ကားဘီးတွေကို သေနတ်နဲ့ပစ်တယ်။ ပြီးတော့ ဟိုဘက်ကားကနေ ပိုက်ဆံ ၅သောင်းတောင်းသွားတယ်။ အစိုးရတပ်ဖက်က တပ်တွေလာတော့ တောင်ကုန်းပေါ် တက်ပြေးသွားတယ်” လို့ အဆိုပါ ကားဆရာက ပြောပါတယ်။

မနက် ၁၀နာရီခန့်မှာ တပ်မတော် တပ်မ (၈၈)က သွားရောက်ရှင်းလင်းတဲ့အခါ ကားဘီးဖောက်တဲ့ လက်နက်ကိုင်တွေ တိမ်းရှောင်သွားပြီး ကားလမ်းပြန်ပွင့်သွားတယ်လို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ