ရန်ကုန်တိုင်းဒေသကြီးတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်စသည့်ပွဲတော်များတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် အသိပေးနှိုးဆော်ချက်ထုတ်ပြန်

ရေကျော်သီတင်းကျွတ်ပွဲဈေးအားတွေ့ရစဉ် (ဆင်ဟွာ)
 ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်စသည့်ပွဲတော်ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ သီတင်းကျွတ်၊ တန်ဆောင်တိုင် စသည့်ပွဲတော် ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်း သာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ၎င်းတို့ကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန်တိုင်းဒေသကြီးတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်စသည့်ပွဲတော်များတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် အသိပေးနှိုးဆော်ချက်ထုတ်ပြန် ရန်ကုန်တိုင်းဒေသကြီးတွင် သီတင်းကျွတ်၊ တန်ဆောင်တိုင်စသည့်ပွဲတော်များတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် အသိပေးနှိုးဆော်ချက်ထုတ်ပြန် Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.