တရုတ်စက်တွေကို ဂျပန်စက်လို့ လိမ်ရောင်းတာအရေးယူဖို့ လယ်သမားတွေတောင်းဆို

ဓါတ်ပုံ - စောသိဏ်းဦး
ဧရာဝတီမြစ်ဆုံရေကာတာ အပြီးတိုင်ရပ်ဆိုင်းရေး၊ တရုတ်နိုင်ငံထုတ်စက်တွေကို ဂျပန်စက်လို့ လိမ်ညာရောင်းချတာဟာ လယ်သမားတင်မက နိုင်ငံ့စက်မှုလယ်ယာဖွံ့ဖြိုးရေးပါ ထိခိုက်တဲ့အတွက် လိမ်ညာရောင်းချသူတွေကို ထိထိရောက်ရောက် အရေးယူရေးတွေပါတဲ့ အချက် ၁၄ ချက်ကို ပဲခူးတိုင်း တောင်သူလယ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

တောင်သူလယ်သမား ၂၀၀ ကျော် တက်ရောက်တဲ့ ညီလာခံတစ်ခုကို ပဲခူးတိုင်း ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ တောင်သူလယ်သမားတွေဆွေးနွေးပြီး ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

မြေသိမ်းယာသိမ်းမှုတွေကို သက်ဆိုင်ရာက မှန်မှန်ကန်ကန် ဖြေရှင်းမပေးနိုင်သေးသလို၊ ဖြေရှင်းရင်လည်း နှောင့်နှေးကြန့်ကြာနေတယ်လို့ လယ်သမားတွေက ထောက်ပြလိုက်ကြပါတယ်။ မြေယာ အရေးအခင်းဖြေရှင်းတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိသင့်သလောက် မရှိတဲ့အကြောင်း၊ ဗဟိုမူဝါဒအနေနဲ့ အစိုးရက မြေသိမ်းယာသိမ်းမလုပ်ပေမယ့် အောက်ခြေမှာ မြေသိမ်းယာသိမ်းမှုတွေ ရှိနေသေးတဲ့အကြောင်း၊ သဘာဝဘေးအန္တရာယ်ကြုံရတဲ့အခါမှာ အစိုးရက တာဝန်မယူနိုင်တဲ့ အကြောင်းတွေလည်း တောင်သူလယ်သမားတွေက ဆွေးနွေးကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်စက်တွေကို ဂျပန်စက်လို့ လိမ်ရောင်းတာအရေးယူဖို့ လယ်သမားတွေတောင်းဆို တရုတ်စက်တွေကို ဂျပန်စက်လို့ လိမ်ရောင်းတာအရေးယူဖို့ လယ်သမားတွေတောင်းဆို Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.