မုံရွာတွင် ​ဒုတိယနှစ်ကျောင်းသားမှ ၈ နှစ်အရွယ်​ က​လေးငယ်​ကို ဓားဖြင့်​ထိုးသတ်

ဓာတ်​ပုံ- အခင်းဖြစ်​ပွားရာ ​နေရာ
မုံရွာ၊ စက်တင်ဘာ ၂၂

တောင်ငူတက္ကသိုလ်တွင် ဒုတိယနှစ်တက်နေသည့် တက္ကသိုလ်ကျောင်းသားမှ မုံရွာမြို့နယ် မအူကျေးရွာမှ ၈ နှစ်အရွယ် မိန်းက​လေး အား ဓားဖြင့်ထိုးသတ်မှု ယ​နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်​။

ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းချက်အရ သေဆုံးသူ ကလေးအပါအ၀င် ကလေးငယ်သုံးဦးမှာ ဘုရားဝင်းအတွင်း ဆော့ကစားနေစဉ် ထိုနေရာအနီး စာကျက်နေသည့် တက္ကသိုလ်ကျောင်းသားမှ ၈ နှစ်အရွယ် မိန်းက​လေးအား ဓားဖြင့်ထိုးခဲ့ခင်းဖြစ်သည်။

က​လေးငယ်​မှာ ဦး​​​ခေါင်း၊ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာရခဲ့ပြီး​ဆေးရုံအ​ရောက်​​တွင်ေ​သဆုးံ ​​​​​သွားခဲ့သည်။

"ဒီကောင် ဦးနှောက်ကလည်း ​ခပ်ေ​ကြာင်ကြောင် ၊သူ့ကို ဘာလို့ သတ်တာလဲမေးတော့ ဘယ်လိုဖြစ်သွားမှန်းမသိဘူးလို့ ပြောတယ်” ဟု နယ်ထိန်းအရာရှိက ပြောသည်။

အသက် ၁၈ နှစ်အရွယ်ရှိ အဆိုပါ ​ကျောင်းသားသည် တောင်ငူမြို့မှ မုံရွာသို့ လာရောက်နေထိုင်သည်မှာ ရက်ပိုင်းသာရှိသေးကြောင်း ၄င်း၏ ဖခင်က ပြောသည်။

“ ဆိုင်ကယ်လဲပြီး ခေါင်းထိထားလို့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြနေတာ နှစ်လလောက်ရှိပြီ။ ဒီမနက်တော့ ကျွန်တော်တို့ ငှားနေတဲ့ အိမ်ရှေ့ဘုရားဝင်းထဲမှာ စာထွက်ကျက်နေရင်းနဲ့ ဖြစ်သွားတာ” ဟု ပြစ်မှုကျူးလွန်သူ၏ ဖခင်က ပြောသည်။

မအူရွာမှ အမျိုးသမီး တစ်​ဦးကလည်း" ကျွန်တော်တို့ကို သတ်နေတယ်” ကျွန်တော်တို့ကို သတ်နေတယ်” ဆိုပြီး ကလေးတစ်ဦးပြေးလာတာ မြင်လို့ အစပိုင်းတော့ ကလေးချင်း သတ်တယ်ထင်နေတာ၊ နောက်မှ အဲဒီကောင်က သူ့အိမ်ထဲရှိတဲ့ ရေကန်ဘေးမှာ ဓားတစ်ချောင်းကို ရေဆေးနေတာမြင်မိတာ” ဟု ပြောသည်။

အဆိုပါ လူငယ်​အား မုံရွာမြို့မရဲစခန်းတွင် ဖမ်းဆီး စစ်​​ဆေး​​နေသည်။

မောင်လေးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette
မုံရွာတွင် ​ဒုတိယနှစ်ကျောင်းသားမှ ၈ နှစ်အရွယ်​ က​လေးငယ်​ကို ဓားဖြင့်​ထိုးသတ်​ မုံရွာတွင် ​ဒုတိယနှစ်ကျောင်းသားမှ ၈ နှစ်အရွယ်​ က​လေးငယ်​ကို ဓားဖြင့်​ထိုးသတ်​ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.