တပ္မေတာ္အာဏာ ပိုခိုင္မာေရးအတြက္ ဖြ႔ဲစည္းပံုျပင္သင္႔သလား

ျမန္မာႏိုင္ငံ ဖြဲ႔စည္းပံုအေျခခံဥပေဒစာအုပ္
လႊတ္ေတာ္တြင္းက တပ္မေတာ္သားေတြနဲ႔ ျပည္ခုိင္းျဖဳိး ကုိယ္စားလွယ္ေတြက ကာ/လုံရဲ႕လုပ္ပုိင္ခြင့္အာဏာ ပုိရွိလာေစေရး အေျခခံဥပေဒကိုျပင္ဆင္မယ့္ ဥပေဒမူၾကမ္းတခု မေန႔က တင္သြင္းလာတာဟာ တပ္မေတာ္ရဲ႕ၾသဇာအာဏာ ပုိခိုင္မာလာေစဖို႔ ႀကဳိးပမ္းလာတာျဖစ္ေၾကာင္းနဲ႔ ဒီမုိကေရစီလုိလားသူေတြနဲ႔ တပ္မေတာ္ၾကား ပိုၿပီးတင္းမာမႈ ျဖစ္ေစေၾကာင္း ဥပေဒပညာရွင္တခ်ဳိ႕နဲ႔ ႏိုင္ငံေရး ေလ့လာသူေတြက သုံးသပ္ပါတယ္။

ကာ/လုံ အစည္းအေ၀းကုိ ၂ လ တႀကိမ္ ေခၚယူခြင့္အပါအဝင္၊ ကာ/လုံ ေထာက္ခံခ်က္နဲ႔ လႊတ္ေတာ္ကုိ ဖ်က္သိမ္းႏုိင္ေရး အခ်က္ေတြပါဝင္တဲ့ ဥပေဒျပင္ဆင္ေရး မူၾကမ္းကို လႊတ္ေတာ္မွာ တင္သြားခဲ့ၾကၿပီးေနာက္ အခုလို သုံးသပ္ေဝဖန္လာၾကတာပါ။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

အမ်ဳိးသားလုံၿခံဳေရးေကာင္စီ ကာ/လုံရဲ႕ ေထာက္ခံခ်က္နဲ႔ သမၼတက လႊတ္ေတာ္ကုိ ဖ်က္သိမ္းႏုိင္ေရးအပါအ၀င္ ကာ/လုံ အစည္းအေ၀းကုိ ၂ လတႀကိမ္ ေခၚယူခြင့္ေတြပါ၀င္တဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး အဆုိျပဳခ်က္မူၾကမ္းကုိ တပ္မေတာ္သားကုိယ္စားလွယ္ အစုဖြဲ႔အပါဝင္ ျပည္ခိုင္ၿဖဳိးပါတီ ကုိယ္စားလွယ္ စုစုေပါင္း(၁၄၅)ဦးတုိ႔က စက္တင္ဘာ ၂၀ ရက္ ေသာၾကာေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္သြင္းခဲ့တာ ျဖစ္ပါတယ္။

ဒါဟာ ဖြဲ႔စည္းပုံျပင္ဆင္ေရးအတြက္ တပ္မေတာ္သားေတြနဲ႔ ျပည္ခုိင္းျဖဳိးပါတီ ကုိယ္စားလွယ္ေတြက ဒီသီတင္းပတ္ေတြအတြင္း ဒုတိယအႀကိမ္ေျမာက္ တင္သြင္းျခင္းလည္း ျဖစ္ပါတယ္။ ပထမတႀကိမ္တုန္းက ပုဒ္မ(၅၉-စ) သမၼတျဖစ္ခြင့္နဲ႔ ပတ္သက္လုိ႔ တင္သြင္းခဲ့တာျဖစ္ပါတယ္။

ကာ/လုံရဲ႕ လုပ္ပုိင္ခြင့္နဲ႔ပတ္သက္ၿပီး အခုလုိ တင္သြင္းမႈဟာ တပ္မေတာ္ရဲ႕လုပ္ပုိင္ခြင့္အာဏာ ပိုရလာေအာင္ ႀကဳိးပမ္းမႈသာျဖစ္တယ္လို႔ ေဟာင္ေကာင္ အေျခစိုက္ အာရွလူ႔အခြင့္အေရးေကာ္မရွင္ AHRC ရဲ႕ လူ႔အခြင့္အေရးေရွ႕ေန ဦးမင္းလြင္ဦးက သုံးသပ္ပါတယ္။

“ဒီ တပ္မေတာ္ကိုယ္စားလွယ္ေတြတင္တဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ မူၾကမ္းက တပ္မေတာ္ရဲ႕ အခန္းက႑ကို ပိုၿပီး ျမင့္လာေအာင္လုပ္ဖို႔ရယ္ ေနာက္ၿပီးေတာ့တခါ အေရးေပၚအေျခအေနေတြမွာ နဂိုက ရွိၿပီးသား ကာလံုေခၚယူခြင့္ထက္ကိုပိုၿပီးေတာ့ အခုေတာင္းတာက ၂ လ တႀကိမ္ ကာလံုအစည္းအေ၀းေခၚရမယ္ ေနာက္ၿပီးေတာ့ တခါ ကိုယ္စားလွယ္ေတြ လစ္လပ္သြားတယ္ဆိုရင္ ကာလံုအစည္းအေ၀းေခၚၿပီးေတာ့ ကာလံုကေနၿပီးေတာ့ အၾကံေပးတဲ့အခ်က္အလက္ေတြကို သမၼတက လိုက္နာေဆာင္ရြက္ႏိုင္ေအာင္ စီစဥ္ ဖန္တီးၿပီးေတာ့ အခုလိုမ်ိဳးျပင္ဆင္တင္သြင္းတယ္လို႔ ျမင္ပါတယ္။ အဓိကေတာ့ က်ေနာ္တို႔ တပ္မေတာ္ရဲ႕ အခန္းက႑ကို ယခုထက္ပိုၿပီးေတာ့ အခြင့္အေရး ပိုလိုခ်င္တဲ့အေနနဲ႔ တင္တာေပါ့ေနာ္။”

NLD အစိုးရလက္ထက္မွာ သမၼတက ကာလုံ အစည္းေဝးဆန္ဆန္ ေခၚယူခဲ့တာမ်ဳိးရွိေပမယ့္ အခုခ်ိန္ထိ ကာလုံဆိုတဲ့ေခါင္းစဥ္နဲ႔ တရားဝင္အစည္းအေဝး ေခၚယူတာမ်ဳိး မရွိေသးပါဘူး။ တကယ္ေတာ့ ကာလုံဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ တုိင္းျပည္အေရးအတြက္ ဘာမွ မယ္မယ္ရရ လုပ္ေဆာင္ခဲ့တာ မျမင္ရ ေသးဘူးလုိ႔ အေမရိကန္ အင္ဒီယားနားျပည္နယ္မွာေနတဲ့ ျမန္မာ့အေရးေလ့လာသူ ေဒါက္တာ တင့္ေဆြက သုံးသပ္ပါတယ္။

“ကာလံုဖြဲ႔စည္းထားတဲ့ပံုစံကိုက တပ္မေတာ္က မဲအသာေလးရေအာင္ လုပ္ထားတာေပါ့ေနာ္။ အခုထပ္ၿပီးေတာ့ အစည္းအေ၀းေခၚယူခြင့္ေတြေတာင္းလာတယ္။ ဆိုေတာ့ ကာလံုအစည္းအေ၀းေတြကေနၿပီးေတာ့ တိုင္းျပည္တိုးတက္ေအာင၊္ ၿငိမ္းခ်မ္းေရးရေအာင္၊ စီးပြားေရးတိုးတက္ေအာင္ စသျဖင့္ ဒါေတြကို ဘယ္ေလာက္အထိ လုပ္ခဲ့လဲလို႔ ျပန္စမ္းစစ္ၾကည့္ရင္ မယ္မယ္ရရေတာ့ က်ေနာ္က မျမင္ဘူးခင္ဗ်။ ေနာက္တခုက အစည္းအေ၀းေတြမေခၚလို႔ တိုင္းျပည္ မၿငိမ္းခ်မ္းတာလား မတိုးတက္တာလား လို႔ေျပာရင္ မဟုတ္ဘူးခင္ဗ်။ အဲဒီေတာ့ အခုလို ဖြဲ႔စည္းပံုကို အဲလိုျပင္ၿပီးေတာ့ ကာလံက ဘာမ်ား ပိုၿပီးေတာ့ လုပ္ခ်င္သလဲဆိုတဲ့ ေမးခြန္းရွိလာတယ္။”

တပ္မေတာ္နဲ႔ ျပည္ခုိင္းျဖဳိး ကုိယ္စားလွယ္ေတြကတင္တဲ့ ဥပေဒမူၾကမ္းဟာ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးအတြက္ အေထာက္အကူ မျပဳဘူးလို႔ ေရွ႕ေန ဦးမင္းလြင္ဦးက ေထာက္ျပပါတယ္။

“အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးအတြက္ ေျပာရမယ္ဆိုရင္ေတာ့ တပ္မေတာ္က အခုလုပ္ေနတဲ့ ဟာက တပ္မေတာ္အတြက္လည္း အက်ိဳးမရွိဘူး၊ လႊတ္ေတာ္ရဲ႕အခ်ိန္လည္း ျဖဳန္းေနတာေရာက္တယ္။ တပ္မေတ္ာက တခုၿပီးတခု လုပ္ေလ တပ္မေတာ္အေပၚမွာ ျပည္သူေတြက မဟုတ္တာလုပ္ခဲ့တဲ့အေၾကာင္းေတြ ပိုၿပီးသိေလ ဆိုသလိုမ်ိဳးျဖစ္တယ္။ အဲဒီေတာ့ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြလည္း စဥ္းစားသင့္တယ္။ ငါထင္တာ ငါေျပာမယ္ ဆိုတာကို နည္းနည္းေလးေတာ့ ဂရုျပဳသင့္တယ္လို႔ ျမင္ပါတယ္ခင္ဗ်။”

လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲ နီးလာခ်ိန္က်မွ NLD အစိုးရက ဖြဲ႔စည္းပုံျပင္ဆင္ေရး လုပ္လာတယ္လို႔ ေဝဖန္မႈေတြ ရွိတာမွန္ေပမဲ့၊ ကာလုံနဲ႔ပတ္သက္ၿပီး တပ္မေတာ္ လုပ္ပုိင္ခြင့္အာဏာ တုိးရလာေအာင္ အခုလုိဥပေဒၾကမ္းတင္သြင္းလာတာကေတာ့ ဒီမုိကေရစီလိုလားသူေတြရဲ႕ ဖြဲ႔စည္းပုံျပင္ဆင္ေရး လုပ္ငန္းစဥ္ကို အေႏွာက္ယွက္ေပးရာ၊ အခ်ိန္ဆြဲရာ ေရာက္ေနသလားလို႔ စဥ္းစားစရာ ျဖစ္လာေၾကာင္း ေဒါက္တာ တင့္ေဆြက ေမးခြန္းထုတ္ပါတယ္။

“ျပည္သူလူထုနဲ႔ NLD က ဖြဲ႔စည္းပံုကို ပိုၿပီးေတာ့ေကာင္းေအာင္ျပင္ဆင္ရတဲ့ လုပ္ငန္းစဥ္မွာ အေႏွာင့္အယွက္ အဟန္႔အတား တရပ္အေနနဲ႔ လုပ္သလားလို႔ေမးရင္ ဒါက မဟုတ္ဘူးလို႔ မေျပာႏိုင္ဘူး။ ေနာက္တခုက အခုတင္တဲ့ အခ်က္ေတြကို ၾကည့္ရင္ ေဒၚေအာင္ဆန္းစုၾကည္ တဦးတည္းကို ဦးတည္ၿပီးေတာ့ ျပင္ဆင္တဲ့ ျပင္ဆင္ခ်က္ျဖစ္တယ္။ ဒါက မမွန္ကန္တဲ့ လုပ္ရပ္နဲ႔ ေစတနာျဖစ္ပါတယ္။”

ျပည္ေထာင္စုလႊတ္ေတာ္မွာ အခုအဆုိျပဳတဲ့ ဥပေဒၾကမ္း အတည္ျဖစ္ခဲ့ရင္ တပ္မေတာ္က ႏိုင္ငံေတာ္သမၼတ သေဘာတူသည္ျဖစ္ေစ၊ မတူသည္ ျဖစ္ေစ ကာလံုု အစည္းေဝးကိုု ေခၚယူႏိုုင္မယ့္အျပင္ လႊတ္ေတာ္ ၃ ခုုစလံုုးကိုု တပ္မေတာ္ဘက္က လိုုအပ္ရင္ ဖ်က္သိမ္းခြင့္ ရႏိုုင္မွာျဖစ္ပါတယ္။ ၂၀၀၈ ဖြဲ႔စည္းပံု အရ ကာလံုုအစည္းအေဝး က်င္းပလိုပါက ႏိုင္ငံေတာ္သမၼတကသာ ဦးေဆာင္ေခၚယူ က်င္းပရမယ္လို႔ ျပဌာန္းထားၿပီး၊ အခန္း ၅ ပုဒ္မ ၂၀၁ အရ လက္ရွိ ကာလံု ေကာင္စီထဲမွာ တပ္မေတာ္ဘက္က ၆ ဦး၊ ျပည္သူက ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ ကုိယ္စားလွယ္က ၅ ဦး၊ စုစုေပါင္း ၁၁ ဦးနဲ႔ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္။

..............

{Unicode}

တပ်မတော်အာဏာ ပိုခိုင်မာရေးအတွက် ဖွ့ဲစည်းပုံပြင်သင့်သလား

လွှတ်တော်တွင်းက တပ်မတော်သားတွေနဲ့ ပြည်ခိုင်းဖြိုး ကိုယ်စားလှယ်တွေက ကာ/လုံရဲ့လုပ်ပိုင်ခွင့်အာဏာ ပိုရှိလာစေရေး အခြေခံဥပဒေကိုပြင်ဆင်မယ့် ဥပဒေမူကြမ်းတခု မနေ့က တင်သွင်းလာတာဟာ တပ်မတော်ရဲ့သြဇာအာဏာ ပိုခိုင်မာလာစေဖို့ ကြိုးပမ်းလာတာဖြစ်ကြောင်းနဲ့ ဒီမိုကရေစီလိုလားသူတွေနဲ့ တပ်မတော်ကြား ပိုပြီးတင်းမာမှု ဖြစ်စေကြောင်း ဥပဒေပညာရှင်တချို့နဲ့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ ကာ/လုံ အစည်းအဝေးကို ၂ လ တကြိမ် ခေါ်ယူခွင့်အပါအဝင်၊ ကာ/လုံ ထောက်ခံချက်နဲ့ လွှတ်တော်ကို ဖျက်သိမ်းနိုင်ရေး အချက်တွေပါဝင်တဲ့ ဥပဒေပြင်ဆင်ရေး မူကြမ်းကို လွှတ်တော်မှာ တင်သွားခဲ့ကြပြီးနောက် အခုလို သုံးသပ်ဝေဖန်လာကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီ ကာ/လုံရဲ့ ထောက်ခံချက်နဲ့ သမ္မတက လွှတ်တော်ကို ဖျက်သိမ်းနိုင်ရေးအပါအဝင် ကာ/လုံ အစည်းအဝေးကို ၂ လတကြိမ် ခေါ်ယူခွင့်တွေပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်မူကြမ်းကို တပ်မတော်သားကိုယ်စားလှယ် အစုဖွဲ့အပါဝင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် စုစုပေါင်း(၁၄၅)ဦးတို့က စက်တင်ဘာ ၂၀ ရက် သောကြာနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်သားတွေနဲ့ ပြည်ခိုင်းဖြိုးပါတီ ကိုယ်စားလှယ်တွေက ဒီသီတင်းပတ်တွေအတွင်း ဒုတိယအကြိမ်မြောက် တင်သွင်းခြင်းလည်း ဖြစ်ပါတယ်။ ပထမတကြိမ်တုန်းက ပုဒ်မ(၅၉-စ) သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်လို့ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ကာ/လုံရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး အခုလို တင်သွင်းမှုဟာ တပ်မတော်ရဲ့လုပ်ပိုင်ခွင့်အာဏာ ပိုရလာအောင် ကြိုးပမ်းမှုသာဖြစ်တယ်လို့ ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC ရဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“ဒီ တပ်မတော်ကိုယ်စားလှယ်တွေတင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းက တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပိုပြီး မြင့်လာအောင်လုပ်ဖို့ရယ် နောက်ပြီးတော့တခါ အရေးပေါ်အခြေအနေတွေမှာ နဂိုက ရှိပြီးသား ကာလုံခေါ်ယူခွင့်ထက်ကိုပိုပြီးတော့ အခုတောင်းတာက ၂ လ တကြိမ် ကာလုံအစည်းအဝေးခေါ်ရမယ် နောက်ပြီးတော့ တခါ ကိုယ်စားလှယ်တွေ လစ်လပ်သွားတယ်ဆိုရင် ကာလုံအစည်းအဝေးခေါ်ပြီးတော့ ကာလုံကနေပြီးတော့ အကြံပေးတဲ့အချက်အလက်တွေကို သမ္မတက လိုက်နာဆောင်ရွက်နိုင်အောင် စီစဉ် ဖန်တီးပြီးတော့ အခုလိုမျိုးပြင်ဆင်တင်သွင်းတယ်လို့ မြင်ပါတယ်။ အဓိကတော့ ကျနော်တို့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ယခုထက်ပိုပြီးတော့ အခွင့်အရေး ပိုလိုချင်တဲ့အနေနဲ့ တင်တာပေါ့နော်။”

NLD အစိုးရလက်ထက်မှာ သမ္မတက ကာလုံ အစည်းဝေးဆန်ဆန် ခေါ်ယူခဲ့တာမျိုးရှိပေမယ့် အခုချိန်ထိ ကာလုံဆိုတဲ့ခေါင်းစဉ်နဲ့ တရားဝင်အစည်းအဝေး ခေါ်ယူတာမျိုး မရှိသေးပါဘူး။ တကယ်တော့ ကာလုံဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ တိုင်းပြည်အရေးအတွက် ဘာမှ မယ်မယ်ရရ လုပ်ဆောင်ခဲ့တာ မမြင်ရ သေးဘူးလို့ အမေရိကန် အင်ဒီယားနားပြည်နယ်မှာနေတဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

“ကာလုံဖွဲ့စည်းထားတဲ့ပုံစံကိုက တပ်မတော်က မဲအသာလေးရအောင် လုပ်ထားတာပေါ့နော်။ အခုထပ်ပြီးတော့ အစည်းအဝေးခေါ်ယူခွင့်တွေတောင်းလာတယ်။ ဆိုတော့ ကာလုံအစည်းအဝေးတွေကနေပြီးတော့ တိုင်းပြည်တိုးတက်အောင၊် ငြိမ်းချမ်းရေးရအောင်၊ စီးပွားရေးတိုးတက်အောင် စသဖြင့် ဒါတွေကို ဘယ်လောက်အထိ လုပ်ခဲ့လဲလို့ ပြန်စမ်းစစ်ကြည့်ရင် မယ်မယ်ရရတော့ ကျနော်က မမြင်ဘူးခင်ဗျ။ နောက်တခုက အစည်းအဝေးတွေမခေါ်လို့ တိုင်းပြည် မငြိမ်းချမ်းတာလား မတိုးတက်တာလား လို့ပြောရင် မဟုတ်ဘူးခင်ဗျ။ အဲဒီတော့ အခုလို ဖွဲ့စည်းပုံကို အဲလိုပြင်ပြီးတော့ ကာလံက ဘာများ ပိုပြီးတော့ လုပ်ချင်သလဲဆိုတဲ့ မေးခွန်းရှိလာတယ်။”

တပ်မတော်နဲ့ ပြည်ခိုင်းဖြိုး ကိုယ်စားလှယ်တွေကတင်တဲ့ ဥပဒေမူကြမ်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ မပြုဘူးလို့ ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြောရမယ်ဆိုရင်တော့ တပ်မတော်က အခုလုပ်နေတဲ့ ဟာက တပ်မတော်အတွက်လည်း အကျိုးမရှိဘူး၊ လွှတ်တော်ရဲ့အချိန်လည်း ဖြုန်းနေတာရောက်တယ်။ တပ်မတေ်ာက တခုပြီးတခု လုပ်လေ တပ်မတော်အပေါ်မှာ ပြည်သူတွေက မဟုတ်တာလုပ်ခဲ့တဲ့အကြောင်းတွေ ပိုပြီးသိလေ ဆိုသလိုမျိုးဖြစ်တယ်။ အဲဒီတော့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေလည်း စဉ်းစားသင့်တယ်။ ငါထင်တာ ငါပြောမယ် ဆိုတာကို နည်းနည်းလေးတော့ ဂရုပြုသင့်တယ်လို့ မြင်ပါတယ်ခင်ဗျ။”


လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ နီးလာချိန်ကျမှ NLD အစိုးရက ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်လာတယ်လို့ ဝေဖန်မှုတွေ ရှိတာမှန်ပေမဲ့၊ ကာလုံနဲ့ပတ်သက်ပြီး တပ်မတော် လုပ်ပိုင်ခွင့်အာဏာ တိုးရလာအောင် အခုလိုဥပဒေကြမ်းတင်သွင်းလာတာကတော့ ဒီမိုကရေစီလိုလားသူတွေရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အနှောက်ယှက်ပေးရာ၊ အချိန်ဆွဲရာ ရောက်နေသလားလို့ စဉ်းစားစရာ ဖြစ်လာကြောင်း ဒေါက်တာ တင့်ဆွေက မေးခွန်းထုတ်ပါတယ်။

“ပြည်သူလူထုနဲ့ NLD က ဖွဲ့စည်းပုံကို ပိုပြီးတော့ကောင်းအောင်ပြင်ဆင်ရတဲ့ လုပ်ငန်းစဉ်မှာ အနှောင့်အယှက် အဟန့်အတား တရပ်အနေနဲ့ လုပ်သလားလို့မေးရင် ဒါက မဟုတ်ဘူးလို့ မပြောနိုင်ဘူး။ နောက်တခုက အခုတင်တဲ့ အချက်တွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို ဦးတည်ပြီးတော့ ပြင်ဆင်တဲ့ ပြင်ဆင်ချက်ဖြစ်တယ်။ ဒါက မမှန်ကန်တဲ့ လုပ်ရပ်နဲ့ စေတနာဖြစ်ပါတယ်။”

ပြည်ထောင်စုလွှတ်တော်မှာ အခုအဆိုပြုတဲ့ ဥပဒေကြမ်း အတည်ဖြစ်ခဲ့ရင် တပ်မတော်က နိုင်ငံတော်သမ္မတ သဘောတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ ကာလုံ အစည်းဝေးကို ခေါ်ယူနိုင်မယ့်အပြင် လွှတ်တော် ၃ ခုစလုံးကို တပ်မတော်ဘက်က လိုအပ်ရင် ဖျက်သိမ်းခွင့် ရနိုင်မှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အရ ကာလုံအစည်းအဝေး ကျင်းပလိုပါက နိုင်ငံတော်သမ္မတကသာ ဦးဆောင်ခေါ်ယူ ကျင်းပရမယ်လို့ ပြဌာန်းထားပြီး၊ အခန်း ၅ ပုဒ်မ ၂၀၁ အရ လက်ရှိ ကာလုံ ကောင်စီထဲမှာ တပ်မတော်ဘက်က ၆ ဦး၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်က ၅ ဦး၊ စုစုပေါင်း ၁၁ ဦးနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
တပ္မေတာ္အာဏာ ပိုခိုင္မာေရးအတြက္ ဖြ႔ဲစည္းပံုျပင္သင္႔သလား တပ္မေတာ္အာဏာ ပိုခိုင္မာေရးအတြက္ ဖြ႔ဲစည္းပံုျပင္သင္႔သလား Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.