အစိုးရတပ်မတော်သားတချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က ဂုတ်တွင်းတံတားမှာ တွေ့ရစဉ် / ဓါတ်ပုံ - ကံသာ/ RFA |
ဒေသခံတိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းစဉ်မှာ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ NRPC နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခြေအနေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အချက် သုံးချက်အပေါ်မူတည်ပြီး တပ်မတော်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို စက်တင်ဘာ ၂၁ ရက်နေ့အထိ ရပ်ဆိုင်းလိုက်တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
ရခိုင်ပြည်နယ်ကလွဲပြီး ရှမ်းနဲ့ ကချင်က စစ်တိုင်း ငါးခုမှာ တပ်မတော်ဘက်က အပစ်ရပ်ကာလ သတ်မှတ်တာ အခုဆိုရင် သုံးကြိမ်ရှိပြီဖြစ်ပါတယ်။
ခါတိုင်း အပစ်ရပ်ကာလသတ်မှတ်ချက်က လနဲ့ချီကြာပေမယ့် ဒီတစ်ကြိမ်မှာ ရက်သတ္တပတ် သုံးပတ်သာ ကြာမှာ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org
အပစ်ရပ်ကာလ သုံးပတ်ထပ်တိုး
Reviewed by THITHTOOLWIN
on
01:11
Rating: