ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ဦးခေါင်းကျောက်တုံးထိမှန်၍ ရေကန်ဟောင်းအတွင်း ပြုတ်ကျပျောက်ဆုံး


ဖားကန့် စက်တင်ဘာ ၃၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ ကျောက်မျက်လုပ်ကွက်ရေကန်ဟောင်းတွင် စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခန့်က ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး၏ ဦးခေါင်းပေါ်သို့ ကျောက်တုံးထိမှန်ကာ ရေကန်ဟောင်းအတွင်း ပြုတ်ကျပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ မြဥယျာဉ်ကုမ္ပဏီနှင့် မြစ်ဆုံဧရာကုမ္ပဏီ ရေကန်ဟောင်းအနီးတွင် ရေမဆေးကျောက် ရှာဖွေနေသူ နိုင်လင်း(နေရပ်လိပ်စာစိစစ်ဆဲ)သည် ကျောက်ရှာဖွေနေစဉ် အမြင့်ပေ(၃၀)ခန့်မှ ကျောက်တုံး(ဒေသအခေါ် မောက်တုံး)တစ်တုံးပြုတ်ကျ၍ ဦးခေါင်းထိမှန်ကာ အနက်ပေ(၂၀၀ ခန့်)ရှိ ကျင်းဟောင်းရေကန်အတွင်းသို့ ပြုတ်ကျပျောက်ဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရေကန်အတွင်းပြုတ်ကျပျောက်ဆုံးနေသူကို ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ငိုးပင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ဦးခေါင်းကျောက်တုံးထိမှန်၍ ရေကန်ဟောင်းအတွင်း ပြုတ်ကျပျောက်ဆုံး ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ဦးခေါင်းကျောက်တုံးထိမှန်၍ ရေကန်ဟောင်းအတွင်း ပြုတ်ကျပျောက်ဆုံး Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.