မြိတ်ခရိုင်အတွင်း၌ တစ်လတာကာလတွင် သဘာဝဘေးဒဏ်ကြုံတွေ့ခဲရာမှ လူနေအိမ် (၁၁၂) လုံးပြို့ကျ ပျက်းစီး လူလေးဦးသေဆုံး၍ လူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရ


မြိတ် စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိမြို့နယ် လေးမြို့နယ်တွင် တစ်လတာကာလ၌ မိုးသည်းထန်းစွာရွာသွန်း၍ လေပြင်းများတိုက်ခတ်ခြင်း ရေကြီးနစ်မြုပ်ခြင်း မြေပြိုကျခြင်းစသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ် ခဲ့သောကြောင့်ကျေးရွာပေါင်း(၅၂) ရွာတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရာမှလူနေအိမ် (၁၁၂) လုံးပြို ကျပျက်စီးယိမ်းယိုင်မှုများဖြစ်ပွားခဲ့ပြီးလူလေးဦးသေဆုံးကာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှသိရသည်။

မြိတ်ခရိုင်တွင် ဩဂုတ် ၁ ရက်မှ ဩဂုတ် ၃၀ ရက်နေ့အထိ လေပြင်းများ တိုက်ခတ်၍ မိုးသည်းထန်စွာရွားသွန်းမှုကြောင့် တောင်ကျ ချောင်းရေများ စီးဆင်းကာမြေပြိုကျ ၍နေအိမ်များပျက်စီးခြင်းရေကြီးနစ်မြုပ်မှု တို့ကြောင့် လူနေအိမ်များပြိုကျပျက်စီးယိမ်းယိုင်မှု များဖြစ်ပေါ် ခဲ့သည့်အတွက် မြိတ်မြို့နယ်တွင် လေဘေးနှင့်ရေဘေးကြောင့်လူနေအိမ်(၆)လုံး၊ မြေပြိုမှု ကြောင့်လူနေအိမ်(၁၇)လုံးပေါင်း(၂၃)လုံး၊ပုလောမြို့နယ်တွင် လေဘေး ရေဘေးကြောင့်လူနေအိမ်(၁၇)လုံး၊ မြေပြိုကျမှုကြောင့်လူနေအိမ်(၁၂)လုံးပေါင်း(၂၉)လုံးစသည်လူနေအိမ်မျာ့းပြိုကျပျက်စီးယိမ်းယိုင်မှု များဖြစ်ပွားခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။


အလာတူတနင်္သာရီမြို့နယ်တွင်မိုးသည်းထန်စွာရွာသွန်း ၍လေပြင်းများ တိုက်ခတ်မှုကြောင့်လူနေအိမ်(၃)လုံးပြိုကျပျက်စီးယိမ်းယိုင်မှုများဖြစ်ပွားကာ လူနှစ်ဦးရေနစ်သေဆုံးခဲ့ပြီးကျွန်းစုမြို့နယ်တွင်မိုးသည်းထန်စွာရွာသွန်း၍ ရေဘေးနှင့်လေပြင်းများတိုက်ခတ်မှုကြောင့်လူနေအိမ်(၃၀)လုံးနှင့် မြေပြို မှု ကြောင့်လူနေအိမ် (၂၅)လုံး၊ ပေါင်း(၅၅)လုံးတို့သည့်ပြိုကျပျက်စီးယိမ်းယိုင်မှု များဖြစ်ပွားခဲ့ကြောင့်နှင့်လူနှစ်သေဆုံးကာလူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုသဘာဝဘေးအန္တရာယ်ကြောင့်မြိတ်ခရိုင်အတွင်းရှိလေးမြို့နယ်တွင်ကျေးရွာပေါင်း(၁၂၀)ရွာ၌ဩဂုတ်လ ၁ ရက်နေ့မှဩဂုတ် ၃၀ ရက်နေ့အထိသဘာဝဘေး အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးယာယီပြောင်းရွှေ့နေထိုင်သည့်အိမ်ခြေပေါင်း (၃၀၁)လုံးမှအိမ်ထောင်စု(၁၈၃၆)စုတို့မှလူဦးရေစုစုပေါင်း(၉၄၀၅)ဦး ရင်ဆိုင်ကြုံတွေ့ခဲ့ရသောကြောင့် ပျက်စီးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ကျေးရွာများမှ ဒေသခံပြည်သူများထံသို့မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာနမှခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို၊ ဒုဦးစီးမှူး ဒေါ်စောမြတ်နွယ်နှင့် ဝန်ထမ်းများက ၎င်းကျေးရွာများသို့သွားရောက်၍ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၈၃၁ ဒသမ ၆)သိန်းနှင့်ကယ်ဆယ်ရေးပစ္စည်းများကိုလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းယင်းဌာနမှသိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြိတ်ခရိုင်အတွင်း၌ တစ်လတာကာလတွင် သဘာဝဘေးဒဏ်ကြုံတွေ့ခဲရာမှ လူနေအိမ် (၁၁၂) လုံးပြို့ကျ ပျက်းစီး လူလေးဦးသေဆုံး၍ လူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရ မြိတ်ခရိုင်အတွင်း၌ တစ်လတာကာလတွင် သဘာဝဘေးဒဏ်ကြုံတွေ့ခဲရာမှ လူနေအိမ် (၁၁၂) လုံးပြို့ကျ ပျက်းစီး လူလေးဦးသေဆုံး၍ လူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရ Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.