ညီနောင် မဟာမိတ် ၃ ဖွဲ့တဖက်သတ် အပစ်ရပ် ဒီဇင်ဘာ လကုန်ထိ ထပ်မံတိုး


စက်တင်ဘာလ ၂၀ ရက် ၂၀၁၉

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကို ဒီဇင်ဘာလ ၃၁ ရက်ထိ တိုးမြင့်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေငြာလိုက်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် ရခိုင် AA တို့သည် ပြည်တွင်းစစ်ပွဲ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ် (Bilateral Ceasefire Agreement) သဘောတူ လက်မှတ်ရေးထိုးမည့် တွေ့ဆုံ ဆွေးနွေးနိုင်ရေး လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် နှင့် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲ များလျှော့ချ ရပ်တန့်ရန် တဖက်သတ် အပစ်ရပ်ခြင်း ကို ဒီဇင်ဘာ ၃၁ ရက်ထိ ထပ်မံ တိုးလိုက်ကြောင်း စက်တင်ဘာ ၂၀ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့ အထိ တလကြာ အပစ်ခတ်ရပ်ရန် ကြေညာခဲ့ပြီး၊ ယခုအခါ ဒုတိယ အကြိမ် ကြေညာချက် ထုတ်ခြင်းဖြစ်သည်။

ကြေညာချက် ကာလအတွင်း မြန်မာ့တပ်မတော် ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ တိုက်ပွဲမရှိဘဲ လက်နက်ကြီး အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခတ်ခြင်း ပြုလုပ်လာပါက ပြန်လည် ခုခံကာကွယ်သွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုလ ၁၇ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၊ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် မြန်မာ့တပ်မတော် တို့သည် ကျိုင်းတုံ တွင် တွေ့ဆုံကာ သဘောတူညီချက် ၇ ချက် ရရှိခဲ့ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
ညီနောင် မဟာမိတ် ၃ ဖွဲ့တဖက်သတ် အပစ်ရပ် ဒီဇင်ဘာ လကုန်ထိ ထပ်မံတိုး ညီနောင် မဟာမိတ် ၃ ဖွဲ့တဖက်သတ် အပစ်ရပ် ဒီဇင်ဘာ လကုန်ထိ ထပ်မံတိုး Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.