ျမန္မာႏိုင္ငံတြင္း ခရီးသြားလာေရး ၿဗိတိန္၊ ၾသစေၾတးလ်၊ ကေနဒါ သတိေပး

ေနျပည္ေတာ္ေရာက္ ကမၻာလွည့္ခရီးသည္မ်ား။ (ႏုိဝင္ဘာ ၁၄၊ ၂၀၁၅)
ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္ႏိုင္ေခ်ရွိတဲ့အတြက္ ခရီးသြားသတိေပးခ်က္ ထုတ္ျပန္ထားတဲ့ အေမရိကန္ျပည္ေထာင္စုလိုပဲ ၿဗိတိန္၊ ၾသစေၾတးလ်နဲ႔ ကေနဒါႏုိင္ငံေတြကလည္း သတိေပးခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ျမန္မာႏိုင္ငံက ၿမဳိ႕ႀကီးေတြ အထူးသျဖင့္ ရန္ကုန္၊ ေနျပည္ေတာ္နဲ႔ မႏၱေလးၿမဳိ႕ေတြမွာ လုံၿခဳံေရး အထူးသတိရွိၾကဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက စက္တင္ဘာ ၂၅ ရက္စြဲနဲ႔ သတိေပးခ်က္ ထုတ္ျပန္ခဲ့တာပါ။

အဲဒီသတိေပးခ်က္ထဲမွာ စက္တင္ဘာ ၂၆၊ ေအာက္တိုဘာ ၁၆ နဲ႔ ၂၆ ရက္ေတြမွာ ေနျပည္ေတာ္ကို တိုက္ခိုက္လာႏိုင္ေျခရွိၿပီး ေနာက္လာမယ့္လေတြမွာ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၱေလးၿမဳိ႕ေတြကို တုိက္ခိုက္လာဖြယ္ ရွိတယ္ဆိုတဲ့ သတင္းနဲ႔ပတ္သက္ၿပီး ျမန္မာလုံၿခဳံေရးတပ္ဖြဲ႔ေတြက စုံစမ္းစစ္ေဆးေနေၾကာင္း ေဖာ္ျပထားတာျဖစ္ၿပီး ျမန္မာႏုိင္ငံတြင္း ေရာက္ေနၾကတဲ့ အေမရိကန္ႏိုင္ငံသားေတြ ျပည္တြင္းသတင္းကို နားစြင့္ဖုိ႔နဲ႔ လုံၿခဳံေရးအသိ ရွိၾကဖို႔ကိုလည္း တိုက္တြန္းထားတာျဖစ္ပါတယ္။

ဒီေန႔ရက္ေတြမွာ ဘာေၾကာင့္ တိုက္ခိုက္မႈေတြ ျဖစ္ႏုိင္တယ္ ဆုိတာေတြကိုေတာ့ အေသအခ်ာ မသိရသလို စက္တင္ဘာ ၂၆ ရက္ေန႔တုန္းကလည္း ဘာတိုက္ခိုက္မႈမွ မျဖစ္ပြားခဲ့ပါဘူး။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ ေျပာခြင့္ရ ရဲမွဴးႀကီး မ်ဳိးသူစိုးကေတာ့ လုံၿခဳံေရးတပ္ဖြဲ႔ေတြဟာ ပုံမွန္အတုိင္း လိုအပ္တာကို စီစဥ္ေဆာင္ရြက္ေနပါတယ္လို႔ မီဒီယာေတြကို ရွင္းျပထားပါတယ္။

ကေနဒါနဲ႔ ၿဗိတိန္က ထုတ္ျပန္တဲ့ အႀကံေပးခ်က္ေတြထဲမွာေတာ့ ဒီတိုက္ခိုက္မႈေတြဟာ ဗံုးခြဲတိုက္ခိုက္မႈ ျဖစ္ႏုိင္တယ္လို႔ ေျပာပါတယ္။ ၿဗိတိန္အစိုးရ ႏိုင္ငံျခားေရးနဲ႔ ဓနသဟာယ႐ုံးက ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ ဒီသတင္းနဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရဘက္က ဘာမွ အတည္မျပဳသလို ဘာလုပ္ေဆာင္သင့္တယ္ဆိုတာလည္း အေသးစိတ္မေျပာဘူးလို႔ ေဖာ္ျပထားပါတယ္။

----------------------------

(Unicode)

မြန်မာနိုင်ငံတွင်း ခရီးသွားလာရေး ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ သတိပေး

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ချေရှိတဲ့အတွက် ခရီးသွားသတိပေးချက် ထုတ်ပြန်ထားတဲ့ အမေရိကန်ပြည်ထောင်စုလိုပဲ ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေကလည်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက မြို့ကြီးတွေ အထူးသဖြင့် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ လုံခြုံရေး အထူးသတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

အဲဒီသတိပေးချက်ထဲမှာ စက်တင်ဘာ ၂၆၊ အောက်တိုဘာ ၁၆ နဲ့ ၂၆ ရက်တွေမှာ နေပြည်တော်ကို တိုက်ခိုက်လာနိုင်ခြေရှိပြီး နောက်လာမယ့်လတွေမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေကို တိုက်ခိုက်လာဖွယ် ရှိတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံတွင်း ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေ ပြည်တွင်းသတင်းကို နားစွင့်ဖို့နဲ့ လုံခြုံရေးအသိ ရှိကြဖို့ကိုလည်း တိုက်တွန်းထားတာဖြစ်ပါတယ်။

ဒီနေ့ရက်တွေမှာ ဘာကြောင့် တိုက်ခိုက်မှုတွေ ဖြစ်နိုင်တယ် ဆိုတာတွေကိုတော့ အသေအချာ မသိရသလို စက်တင်ဘာ ၂၆ ရက်နေ့တုန်းကလည်း ဘာတိုက်ခိုက်မှုမှ မဖြစ်ပွားခဲ့ပါဘူး။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး မျိုးသူစိုးကတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပုံမှန်အတိုင်း လိုအပ်တာကို စီစဉ်ဆောင်ရွက်နေပါတယ်လို့ မီဒီယာတွေကို ရှင်းပြထားပါတယ်။

ကနေဒါနဲ့ ဗြိတိန်က ထုတ်ပြန်တဲ့ အကြံပေးချက်တွေထဲမှာတော့ ဒီတိုက်ခိုက်မှုတွေဟာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဗြိတိန်အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဘာမှ အတည်မပြုသလို ဘာလုပ်ဆောင်သင့်တယ်ဆိုတာလည်း အသေးစိတ်မပြောဘူးလို့ ဖော်ပြထားပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာႏိုင္ငံတြင္း ခရီးသြားလာေရး ၿဗိတိန္၊ ၾသစေၾတးလ်၊ ကေနဒါ သတိေပး ျမန္မာႏိုင္ငံတြင္း ခရီးသြားလာေရး ၿဗိတိန္၊ ၾသစေၾတးလ်၊ ကေနဒါ သတိေပး Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.